Sunday , May 16 2021
Breaking News
Home / အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်

ပြည်နယ်တိုင်း အစိုးရ လုပ်ပိုင်ခွင့် နှင့် ပြည်ထောင်စုအစိုးရ လုပ်ပိုင်ခွင့် သဲကွဲဖို့လိုဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌပြောကြား

ကိုယ်စားလှယ်များ အနေဖြင့် ပြည်နယ်တိုင်းအစိုးရ လုပ်ပိုင်ခွင့်နှင့် ပြည်ထောင်စုအစိုးရ လုပ်ပိုင်ခွင့် သဲကွဲဖို့ လိုသည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က မေလ ၂၉ ရက် အစည်းအဝေးတွင် ကိုယ်စားလှယ် များအား ပြောကြားလိုက်သည်။ “ပြည်နယ်တိုင်းတွေမှာ ဖြစ်တဲ့ မေးခွန်းမျိုးတွေသည် ကိုယ်စားလှယ်တွေ အနေနဲ့ ပြည်သူ့လွှတ်တော် မှာ မေးခွင့်ရှိပါတယ်၊ မေးတယ်၊ မေးရင် ပြည်ထောင်စုအစိုးရသည် ဒီမေးခွန်းကို ဖြေ ဖို့ဆိုရင် ပြည်နယ်တိုင်း အစိုးရ သဘောထားပဲ တောင်းလိုက်မယ်။ ဒါသူ့ လုပ်ပိုင်ခွင့်နဲ့ သူ ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ်တိုင်း အစိုးရနဲ့ ခြားနားထားတာ ရှိတယ်။ တောင်းလိုက်တဲ့ အခါကျတော့ ခုနကလို ပြည်နယ်တိုင်းမှာ ဖြေပြီးသား …

Read More »

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဆွီဒင်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဆွီဒင်သံအမတ်ကြီး H.E Ms. Annika Mariana Elisabet Rachel Ben David နှင့် အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်အမှတ် (I-11) ၌ လက်ခံတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံစဉ် လူ့အခွင့်အရေးအထောက်အကူပြု ဥပဒေများရေးဆွဲနေမှု အခြေအနေများ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ အဆိုပါတွေ့ဆုံပွဲသို့ ဆွီဒင်လူ့အခွင့်အရေးဆိုင်ရာ သံအမတ်ကြီးနှင့်အတူ …

Read More »

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ဥရောပပါလီမန်၊ အရှေ့တောင်အာရှနှင့် အာဆီယံဆက်ဆံရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်‌ သည် ဥရောပပါလီမန်၊ စီးပွားရေးနှင့်ငွေကြေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ Mr. Werner LANGEN ဦးဆောင်သော ဥရောပပါလီမန်၊ အရှေ့တောင်အာရှနှင့် အာဆီယံဆက်ဆံရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြပြီး ဧည့်သည်တော်အဖွဲ့နှင့်‌အတူ ဥရောပသမဂ္ဂ သံအမတ်ကြီး H.E. Mr. Roland Kobia လည်း တက်ရောက်ခဲ့သည်။ တွေ့ဆုံစဉ် ဥရောပပါလီမန်နှင့် မြန်မာနိုင်ငံလွှတ်တော်အကြား ချစ်ကြည်ရင်းနှီးမှုနှင့်‌ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ …

Read More »

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ပထမနေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြားသည့် ကြိုဆိုနှုတ်ခွန်းဆက်အမှာစကား

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား- ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးကို ကျန်းမာရွှင်လန်းစွာဖြင့် တက်ရောက်လာကြတာ တွေ့ရတဲ့အတွက် ဝမ်းသာကြည်နူးမိပါကြောင်းနှင့် လွှတ်တော် ကိုယ်စားလှယ်များအားလုံး ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးကို ဆက်လက် သယ်ပိုးနိုင်ကြပါစေကြောင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်။ ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရရှိပြီး လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးချယ်ခံခဲ့ ရတဲ့

Read More »

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် The World Bank Group မှ Mr. Sunil Kumar Khosla ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် သည် The World Bank Group မှ Mr. Sunil Kumar Khosla ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံတစ်ဝှမ်း လျှပ်စစ်မီးလုံလောက်စွာရရှိရေးမှာ အဓိကအချက် ဖြစ်သည့်အတွက် လျှပ်စစ်ဓာတ်အား တိုးချဲ့ထုတ်ယူမည့်ကိစ္စရပ်များ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအတွက် လိုအပ်သည့် ဓါတ်တိုင်များ၊ ဆက်စပ်ပစ္စည်းများရရှိနိုင်ရေးနှင့် လျှပ်စစ်မီး မရရှိသေးသည့် ဝေးလံခေါင်သီသောဒေသများတွင် လျှပ်စစ်မီးမရရှိခင်ကာလအတွင်း အိမ်သုံးဆိုလာစနစ် တပ်ဆင်နိုင်ရေးတို့နှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီအတွင်းရေးမှူး …

Read More »