Monday , May 17 2021
Breaking News
Home / ပြန်ကြားရေး / ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၂၀) ပထမနေ့ ကျင်းပ

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၂၀) ပထမနေ့ ကျင်းပ

ရန်ကုန်၊ ဇွန်လ ၂ ရက်၊ ၂၀၂၀ပြည့်နှစ်

ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၂၀) ပထမနေ့ကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂ ရက် ၊ အင်္ဂါနေ့၊ နံနက် ၁၀:၀၀ နာရီတွင် ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပရာ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်ဦးရေ ၁၂၂ ဦး အနက် ၁၁၅ ဦး တက်ရောက်ခဲ့ကြပါသည်။ အရေးပေါ်အစည်းအဝေး(၂/၂၀၂၀) ပထမနေ့တွင် ကတိသစ္စာမပြုရသေးသော တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁)ဦး ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာ ပေါ်တွင် လက်မှတ်ရေးထိုးခြင်း၊ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၂/၂၀၂၀) ပထမနေ့တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌပြောကြားသည့် ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားပြောကြားခြင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်း ၃ ခု မေးမြန်းခဲ့ပြီး မေးခွန်းများအား သက်ဆိုင်ရာ အစိုးရအဖွဲ့ဝင်ဝန်ကြီးက ပြန်လည်ဖြေကြားခြင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး အစားထိုးခန့်အပ်နိုင်ရေးအတွက် အမည်စာရင်းကို လွှတ်တော်သို့တင်ပြခြင်း၊ ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းနှင့် နောက်ထပ်ဘဏ္ဍာရန်ပုံငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းကို သက်ဆိုင်ရာတိုင်းဒေသကြီး အဆင့် အဖွဲ့အစည်းဝင်က လွှတ်တော်သို့ ရှင်းလင်းတင်ပြခြင်းနှင့် ဥပဒေကြမ်းတင်သွင်းခြင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်သို့ တင်သွင်းခြင်းနှင့် ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ရသုံးခန့်မှန်းခြေငွေစာရင်းလျာထားချက်ကို သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်က လွှတ်တော်သို့ရှင်းလင်းတင်ပြခြင်းများ ဆောင်ရွက် ခဲ့ပါသည်။ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၂/၂၀၂၀) ဒုတိယ နေ့အား ဇွန်လ ၃ ရက် ၊ဗုဒ္ဓဟူးနေ့ ၊နံနက်(၁၀:၀၀) နာရီ အချိန်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ပါသည်။

About Ygn Editor

Check Also

၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်းကော်မတီတို့၏ စိစစ်လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာများအား လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

  ရန်ကုန်၊ စက်တင်ဘာလ ၁ ရက်၊ ၂၀၂၀ပြည့်နှစ် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဥ္စမနေ့တွင် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ …