Sunday , May 26 2019
Breaking News
Home / မေးခွန်းများ

မေးခွန်းများ

အပန်းဖြေနိုင်သည့် နေရာများအဖြစ် စီမံဆောင်ရွက်ပေးရန် နှင့် သက်ဆိုင်သည့်မေးခွန်းမေးမြန်း

ရန်ကုန်၊ မတ်လ၊ ၄ ရက်၊ ၂၀၁၉ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်(ခ)နေဘုန်းလတ်က “ သင်္ဃန်းကျွန်း မြို့နယ်အတွင်းရှိ ငမိုးရိပ်ချောင်းကမ်းပါးနေရာများအား အများပြည်သူအနားယူ အပန်းဖြေနိုင်သည့် နေရာများအဖြစ် စီမံဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ ” မေးမြန်းခဲ့ရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက “ ရန်ကုန်မြို့တော် အတွင်းရှိ ငမိုးရိပ်ချောင်းကမ်းပါးနယ်နိမိတ်တစ်လျှောက်တွင် စိမ်းလန်းသာယာစေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရန်အလို့ငှာ ပြင်သစ်နိုင်ငံဖွံ့ဖြိုးရေး အေဂျင်စီ (AFD) ၏ အထောက်အပံ့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် လျာထားစီစဉ်ခဲ့သော်လည်း ၁၃.၁၂.၂၀၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒဿမပုံမှန်အစည်းအဝေး …

Read More »

Public Area ပန်းခြံများ၊ လူသွားလမ်းများ၊ စက်ဘီးစီးရန် လမ်းများနှင့် သက်ဆိုင်သည့်မေးခွန်းမေးမြန်း

ရန်ကုန်၊ မတ်လ၊ ၄ ရက်၊ ၂၀၁၉ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့တွင် လသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းဟန်က “ ရန်ကုန်မြို့တော်အတွင်း မြို့နယ်အလိုက် လူဦးရေနှင့်အညီ Public Area ပန်းခြံများ၊ လူသွားလမ်းများ၊ စက်ဘီးစီးရန် လမ်းများ ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ ” မေးမြန်းခဲ့ရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက “ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့တော်ကြီးကို နိုင်ငံတကာအဆင့်မှီ မြို့တော်ကြီး ဖြစ်လာစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မြို့ပြအင်္ဂါရပ်နှင့်အညီ မြို့ပြစီမံကိန်းများ စနစ်တကျရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ စီမံခန့်ခွဲဆောင်ရွက်လျက်ရှိသော …

Read More »

တောင်ဥက္ကလာပမြို့နယ်တွင် ခန်းမတည်ဆောက်နိုင်ရေးနှင့်သက်ဆိုင်သည့်မေးခွန်းမေးမြန်း

ရန်ကုန်၊ မတ်လ၊ ၄ ရက်၊ ၂၀၁၉ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့တွင် တောင်ဥက္ကလာပမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သစ်သစ်မြင့်က “ တောင်ဥက္ကလာပမြို့နယ်တွင် ခန်းမတည်ဆောက်နိုင်ရန် (၁၁)ရပ်ကွက် မြို့နယ်မီးသတ်စခန်းနောက် ကျိုက္ကဆံချောင်းဘေးရှိ ပေ (၁၀၀) ပတ်လည်မြေနေရာတွင် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ ” မေးမြန်းခဲ့ရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက “မေးခွန်းပါမြေနေရာသည် တောင်ဥက္ကလာပမြို့နယ်၊ (၁၁)ရပ်ကွက်၊ မေတ္တာလမ်းပေါ်ရှိ မီးသတ်ရေကန်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့အနောက်ဘက် ကျိုက္ကဆံချောင်းအနီးတွင် တည်ရှိပါကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီရှိ မြို့မြေစာရင်း (Town Land Roll) နှင့် မြို့ကွက်ကျမြေပုံ (Block Map)တို့တွင် တောင်ဥက္ကလာပမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် ၁၁ …

Read More »

လမ်းဆုံ၊ လမ်းခွမဟုတ်သော လူကူးမျဉ်းကြားများတွင် လူကူးမီးပွိုင့်တပ်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိ၊ မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည် သက်ဆိုင်သည့်မေးခွန်းမေးမြန်း

ရန်ကုန်၊ မတ်လ၊ ၁ ရက်၊ ၂၀၁၉ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့တွင် စမ်းချောင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးက “လမ်းဆုံ၊ လမ်းခွမဟုတ်သော လူကူးမျဉ်းကြားများတွင် လူကူးမီးပွိုင့်တပ်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိ၊ မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည် ” မေးမြန်းခဲ့ရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက “ မီးပွိုင့်တပ်ဆင်မှု၊ အရှိန်ထိန်းမှိတ်တုတ်မီးဝါ (Warning Flasher) များ၊ မျဉ်းများဆေးဆွဲရမည့်နေရာများကို YCDC က ဆောင်ရွက်ပေးရပြီး လမ်းပန်းဆက်သွယ်ရေးဌာနနှင့် မော်တော်ယာဉ်ဌာနမှ Survey ဆင်းပါကြောင်း၊ ရန်ကုန်မြို့တော်နယ်နိမိတ်အတွင်း အဓိကျသော မီးပွိုင့် Junction (၂၀) နေရာအား လူကူးမီးနီစိမ်း စနစ် တပ်ဆင်ပေးထားပြီး ၄င်းအချက်ပြမီးသည် …

Read More »

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် ရပ်ကွက်အတွင်းလမ်းများမှ ရေထွက်မြောင်းများ၊ ဆက်စပ်အဓိက ရေမြောင်းကြီးများအား မိုးရာသီမရောက်မီ သက်ဆိုင်ရာဌာနမှ စက်ယန္တရားကြီးများဖြင့် တူးဖော်ရှင်းလင်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိသက်ဆိုင်သည့်မေးခွန်းမေးမြန်း

ရန်ကုန်၊ မတ်လ၊ ၁ ရက်၊ ၂၀၁၉ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက “ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် ရပ်ကွက်အတွင်းလမ်းများမှ ရေထွက်မြောင်းများ၊ ဆက်စပ်အဓိက ရေမြောင်းကြီးများအား မိုးရာသီမရောက်မီ သက်ဆိုင်ရာဌာနမှ စက်ယန္တရားကြီးများဖြင့် တူးဖော်ရှင်းလင်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ ” မေးမြန်းခဲ့ရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက “ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ချောင်းကြီးမြောင်းကြီးများအား ရေစီးရေလာကောင်းမွန်စေရေး၊ အမှိုက်များရှင်းလင်းစေရန်အတွက် စက်ယန္တရားများခွဲဝေ၍ လူအင်အား၊ ယန္တရားအင်အားများဖြင့် မြို့နယ်အသီးသီးတွင် ရှင်းလင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် တစ်နှစ်ပတ်လုံးရှင်းလင်းရန်လိုအပ်သော ချောင်းကြီးမြောင်းကြီးများကို အလှည့်ကျဆောင်ရွက်လျက် ရှိပါကြောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း (၁၇၊၁၈၊၂၀၊၂၄၊၅၃၊၇၀) …

Read More »

ယစ်မျိုးလိုင်စင်ဖြင့် ဖွင့်လှစ်ထားသော ဘားအချို့နှင့်သက်ဆိုင်သည့်မေးခွန်းမေးမြန်း

ရန်ကုန်၊ မတ်လ၊ ၁ ရက်၊ ၂၀၁၉ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့တွင် မရမ်းကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက “ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များတွင် ယစ်မျိုးလိုင်စင်ဖြင့် ဖွင့်လှစ်ထားသော ဘားအချို့တို့သည် ၄င်းတို့ဆိုင်တွင် အဖွဲ့ဝင်ကဒ် (Member Card) ပြုလုပ်ထားသူများကို ဆိုင်ခန်းအတွင်း အထူးအခန်းပြုလုပ်ထားပြီး ဆိုင်ပိတ်ချိန်သတ်မှတ်ချိန်ကို မလိုက်နာဘဲ အချိန်အကန့်အသတ်မရှိ ညလုံးပေါက် မိုးလင်းအထိ သောက်သုံးရန် ဝင်ထွက်သွားစေခြင်းများအား ထိရောက်စွာ တားမြစ်အရေးယူဆောင်ရွက်ရန် အစီအစဉ်ရှိပါသလား ” မေးမြန်းခဲ့ရာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက “ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် နှစ်စဉ် ယစ်မျိုးအစီအစဉ်ဖြင့် ယစ်မျိုးလိုင်စင်အား ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်များအလိုက် အရှေ့ပိုင်းခရိုင်တွင် …

Read More »

ယာဉ်ကြောပိတ်ဆို့မှုများနှင့် သက်ဆိုင်သည့်မေးခွန်းမေးမြန်း

ရန်ကုန်၊ မတ်လ၊ ၁ ရက်၊ ၂၀၁၉ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင်က “ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ဘုန်းကြီးကျောင်းကွေ့ လမ်းဆုံတွင် ကျောင်းသွား၊ အလုပ်သွားချိန်တွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်နေပါ၍ ဘုန်းကြီးကျောင်းကွေ့လမ်းဆုံကို ယာဉ်ကြောပိတ်ဆို့မှုများ မရှိစေရန် Free ကြောများ ပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိ ” မေးမြန်းခဲ့ရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက “ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ဘုန်းကြီးကျောင်းကွေ့ လမ်းဆုံသည် ဒဂုံတက္ကသိုလ်အနီး မင်းရဲကျော်စွာလမ်းနှင့် ရာဇဓိရာဇ်လမ်းဆုံနေရာဖြစ်ပါကြောင်း၊ အဆိုပါ ရာဇဓိရာဇ်လမ်းမှတစ်ဆင့် မင်းရဲကျော်စွာလမ်းမကြီးမှ ဒဂုံတက္ကသိုလ်သို့ သွားရောက်သော ကားများ အများဆုံးသွားရောက်ရာ လမ်းဆုံနေရာတစ်ခုဖြစ်ပါကြောင်း၊ ဒဂုံတက္ကသိုလ်သည် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် …

Read More »

တာဝါတိုင်နှင့်သက်ဆိုင်သည့်မေးခွန်းမေးမြန်း

ရန်ကုန်၊ မတ်လ၊ ၁ ရက်၊ ၂၀၁၉ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဇော်လင်းက “ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၄)ရပ်ကွက် ဖိုးရာဇာလမ်းရှိ အိမ်အမှတ်(၄၉၁)တွင်ရှိသော အော်ရီဒူးတာဝါတိုင်မှ အနီးရှိ ပတ်ဝန်းကျင်များ ကျန်းမာရေးထိခိုက်စေပြီး ခိုင်ခံ့စွာတည်ဆောက်ထားခြင်း မရှိ၍ သူများအိမ်ပေါ်သို့ တိုင်ပေါ်မှဆက်စပ်ပစ္စည်းများ ပြုတ်ကျ၍ နေအိမ် ခြံစည်းရိုးများ ပျက်စီးသည်ကို တွေ့ရှိရပါသဖြင့် အများပြည်သူဆန္ဒအရ ၄င်းတာဝါတိုင်အား ပြန်လည်ဖျက်သိမ်းပေးရန် အစီအဉ်ရှိ/မရှိ” မေးမြန်းခဲ့ရာ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က “ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ အမှတ် (၄၄) ရပ်ကွက်၊ ဖိုးရာဇာလမ်းရှိ အိမ်အမှတ် …

Read More »

33/11KV, 5 MVA ဓါတ်အားခွဲရုံနှင့် သက်ဆိုင်သည့်မေးခွန်းမေးမြန်း

ရန်ကုန်၊ မတ်လ၊ ၁ ရက်၊ ၂၀၁၉ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့တွင် ခရမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှတိုးက “ခရမ်းမြို့နယ် အနောက်တောင်ဘက်ခြမ်းရှိ ပိန်းကန်စံပြကျေးရွာတွင် 33/11KV, 5 MVA ဓါတ်အားခွဲရုံအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ဖြည့်စွက်ရန်ပုံငွေဖြင့် လျာထားဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် မရှိပါက မည်သည်ဘဏ္ဍာနှစ်တွင် ဦးစားပေးဆောင်ရွက်ပေးနိုင်မည်ကို ” မေးမြန်းခဲ့ရာ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က “ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ ရာခိုင်နှုန်းပြည့် မီးလင်းနိုင်ရေးအတွက် ၂၀၂၀ ခုနှစ်အကုန်တွင် ပြီးစီးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေပေါ်မူတည်ပြီး ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေး ကော်ပိုရေးရှင်းမှ လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ …

Read More »

မီးရထားဝင်း အိမ်ရာအတွင်းရှိ မိလ္လာကန်နှင့် သက်ဆိုင်သည့်မေးခွန်းမေးမြန်း

ရန်ကုန်၊ မတ်လ၊ ၁ ရက်၊ ၂၀၁၉ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့တွင် တောင်ဥက္ကလာပမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သစ်သစ်မြင့်က “ တောင်ဥက္ကလာပ မြို့နယ် (၃)ရပ်ကွက်အတွင်းရှိ မီးရထားဝင်း အိမ်ရာအတွင်း မိလ္လာကန်ပြုပြင်၍ရေကန်အား မိလ္လာကန်နှင့် ဝေးသောနေရာတွင် ထပ်မံတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့် အချိန်တွင်ဆောင်ရွက်ပေးမည်၊ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည် ” မေးမြန်းခဲ့ရာ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က “ တောင်ဥက္ကာလာပမြို့နယ်၊ (၃)ရပ်ကွက်အတွင်းရှိ မီးရထားဝင်းအိမ်ရာ အတွင်း မိလ္လာကန်ပြုပြင်၍ ရေကန်အား မိလ္လာကန်နှင့်ဝေးသော နေရာတွင် ထပ်မံတည်ဆောက်ပေးရန် အစီအစဉ်ရှိပါကြောင်း၊ အဆိုပါနေရာအား …

Read More »