Sunday , May 26 2019
Breaking News
Home / သ၀ဏ်လွှာ

သ၀ဏ်လွှာ

ပညာရေးဝန်ကြီးဌာန၏ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းနှင့် ပညာသင်ယူမှု အခွင့်အလမ်းတိုးမြှင့်ရေး၊ ပညာရေးအရည်အသွေး မြင့်မားရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ဆွေးနွေးတင်ပြခြင်း

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် ယနေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ သဘင်ဆောင်ခန်းမ၌ ကျင်းပသည့် ပညာရေးဝန်ကြီးဌာန၏ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) နှင့် ပညာသင်ယူမှု အခွင့်အလမ်းတိုးမြှင့်ရေး၊ ပညာရေးအရည်အသွေး မြင့်မားရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ဆွေးနွေးတင်ပြခြင်း အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားသည်။ အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် နှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း …

Read More »

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ပထမနေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြားသည့် ကြိုဆိုနှုတ်ခွန်းဆက်အမှာစကား

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား- ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးကို ကျန်းမာရွှင်လန်းစွာဖြင့် တက်ရောက်လာကြတာ တွေ့ရတဲ့အတွက် ဝမ်းသာကြည်နူးမိပါကြောင်းနှင့် လွှတ်တော် ကိုယ်စားလှယ်များအားလုံး ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးကို ဆက်လက် သယ်ပိုးနိုင်ကြပါစေကြောင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်။ ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရရှိပြီး လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးချယ်ခံခဲ့ ရတဲ့ ကိုယ်စားလှယ်များနှင့် အစားထိုးပြောင်းလဲထားတဲ့ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို ပြည်သူ့လွှတ်တော်က လှိုက်လှဲစွာ ကြိုဆိုဂုဏ်ပြုအပ်ပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား- ဒီနေ့ စတင်ကျင်းပတဲ့ ပဉ္စမပုံမှန် အစည်းအဝေးကာလအတွင်းမှာ ဆွေးနွေးကြရမယ့် ဥပဒေကြမ်းများအနေနဲ့ စတုတ္ထပုံမှန် အစည်းအဝေး ပြီးဆုံးချိန်မှာ ကျန်ရှိခဲ့တဲ့ ဥပဒေကြမ်း (၁၀)ခုနဲ့ အသစ်ထပ်မံ ရောက်ရှိလာမယ့် ဥပဒေကြမ်းများကို ဆက်လက် ဆွေးနွေးသွားကြရမှာ ဖြစ်ပါတယ်။ အဆိုများအနေနဲ့ စတုတ္ထပုံမှန်အစည်းအဝေးမှာ တင်သွင်းခဲ့ပြီး …

Read More »

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် The World Bank Group မှ Mr. Sunil Kumar Khosla ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် သည် The World Bank Group မှ Mr. Sunil Kumar Khosla ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံတစ်ဝှမ်း လျှပ်စစ်မီးလုံလောက်စွာရရှိရေးမှာ အဓိကအချက် ဖြစ်သည့်အတွက် လျှပ်စစ်ဓာတ်အား တိုးချဲ့ထုတ်ယူမည့်ကိစ္စရပ်များ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအတွက် လိုအပ်သည့် ဓါတ်တိုင်များ၊ ဆက်စပ်ပစ္စည်းများရရှိနိုင်ရေးနှင့် လျှပ်စစ်မီး မရရှိသေးသည့် ဝေးလံခေါင်သီသောဒေသများတွင် လျှပ်စစ်မီးမရရှိခင်ကာလအတွင်း အိမ်သုံးဆိုလာစနစ် တပ်ဆင်နိုင်ရေးတို့နှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီအတွင်းရေးမှူး …

Read More »