Tuesday , June 18 2019
Breaking News

မိန့်ခွန်းများ

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၈)တွင် လွှတ်တော်ဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြား

ရန်ကုန်၊ နိုဝင်ဘာလ၊ ၂၉ ရက်၊ ၂၀၁၈ ယနေ့ နိုဝင်ဘာလ ၂၉ ရက် နံနက် ၁၀း၀၀ နာရီတွင် ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသော ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၈)ရက်နေ့တွင် လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်သို့ပြောကြားခဲ့သည့် ကြိုဆိုနှုတ်ခွန်းဆက်စကားမှာ “ လွှတ်တော်ကိုယ်စားလှယ်များ အားလုံးမင်္ဂလာပါ ၊ ဒီကနေ့ကျင်းပတဲ့ အစည်းအဝေးဟာ အထူးအစည်းအဝေးတစ်ရပ်ဖြစ်ပြီး ဒီအစည်းအဝေးမှာ ကိုယ်စားလှယ်များ ကျန်းကျန်းမာမာနဲ့ စုံစုံညီညီ တက်ရောက်လာကြတာ မြင်ရတဲ့အတွက် အထူးပင်ဝမ်းမြောက်ပါကြောင်း ဦးစွာပထမ ပြောကြားလိုပါကြောင်း၊ ကိုယ်စားလှယ်များခင်ဗျာ- အခုဆိုရင် လွှတ်တော်သက်တမ်းဟာလည်း သုံးနှစ်ပြည့်တော့မှာ ဖြစ်ပါကြောင်း၊ ဒီလွှတ်တော် သက်တမ်းသုံးနှစ်နီးပါးကာလမှာ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ ထိုက်သင့်တဲ့လွှတ်တော် အတွေ့အကြုံများ ရရှိပြီးဖြစ်မယ်လို့လည်း …

Read More »

ပန်ကြားလွှာ

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေး  (၈-၆-၂၀၁၈)ရက်နေ့ အစည်းအဝေးအား ပယ်ဖျက်ကြောင်းနှင့် (၁၃)ရက်မြောက်နေ့ ကျင်းပမည့် အစည်းအဝေး အစီအစဉ်အား ထပ်မံ ကြေညာသွားမည် ဖြစ်ကြောင်း ပန်ကြားအပ်ပါသည်။ ပြည်သူ့လွှတ်တော် (၇-၆-၂၀၁၈)

Read More »

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌပြောကြားသည့် နိဂုံးချုပ်အမှာစကား

20 June 2018 – 0 ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-     မေလ ၁၄ ရက်နေ့က စတင်ကျင်းပခဲ့တဲ့ အဋ္ဌမပုံမှန်အစည်းအဝေးဟာ မကြာခင် ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။ ဒီအစည်းအဝေးကာလအတွင်း ဆောင်ရွက်ချက်များ အနေနဲ့ ကြယ်ပွင့်ပြ မေးခွန်း (၁၀၉) ခု မေးမြန်း ဖြေကြားခြင်း၊ ကြယ်ပွင့်မပြ မေးခွန်း (၂၄၅) ခု ဖြေကြားခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အရေးကြီး အဆို (၁) ခုနှင့် ဝမ်းနည်းကြောင်းအဆို (၁) ခု အပါအဝင် အဆို (၁၃) ခု တင်သွင်းနိုင်ခဲ့ပြီး

Read More »

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြားသည့် ကြိုဆိုနှုတ်ခွန်းဆက်အမှာစကား

23 July 2018 – 0 ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-     ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် န၀မပုံမှန်အစည်းအဝေးကို ကျန်းမာရွှင်လန်းစွာနဲ့ တက်ရောက်လာကြတာတွေ့ရတဲ့အတွက် ဝမ်းမြောက်ပါကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ အားလုံး ကာယသုခ၊ စိတ္တသုခများနှင့် ပြည့်စုံကြပါစေကြောင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်။ ဒီနေ့ စတင်ကျင်းပတဲ့ န၀မပုံမှန်အစည်းအဝေးကာလအတွင်းမှာ ဆွေးနွေးကြရမယ့် ဥပဒေကြမ်းများအနေနဲ့ (၂၃)

Read More »

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ပေးပို့

တောင်သူလယ်သမားနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာ ရိုးသား အားထားရသော တောင်သူလယ်သမားများ ခင်ဗျား
 ၁။    ၂၀၁၅ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ဝမ်းမြောက်စွာဖြင့် ဂုဏ်ပြုနှုတ်ခွန်းဆက်သအပ်ပါသည်။          
 ၂။    မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသောနိုင်ငံဖြစ်ပြီး (၇၀)ရာခိုင်နှုန်းသော နိုင်ငံ၏ လူဦးရေမှာ လည်း တောင်သူလယ်သမားများ ဖြစ်ကြပါသည်။ မြန်မာနိုင်ငံ၏ လူမှုစီးပွားရေးဘဝသည် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းပေါ်တွင် အဓိကအခြေခံလျက် ရှိပါသည်။
 ၃။    ယနေ့အချိန်အခါတွင် ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်ကိုကျင့်သုံးကာ ငြိမ်းချမ်း သာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံအဖြစ် ရည်မှန်းချက်ထားရှိ ဆောင်ရွက် နေချိန်လည်း ဖြစ်ပါသည်။ တောင်သူလယ်သမားထု၏ဘဝနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေး၊ တောင်သူလယ်သမားများ၏ အခက်အခဲနှင့် လိုအပ်ချက်များကို …

Read More »

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၈၉) ရက်မြောက်နေ့၌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်သို့ အမှာစကားပြောကြား

ယနေ့ကျင်းပသော ပထမ အကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး နောက်ဆုံးနေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော်သို့ အမှာစကား ပြောကြားခဲ့သည်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား- ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ယနေ့ အောင်မြင်ပြီးစီးသည့်နေ့ဖြစ်ပါတယ်။ ဒီကာလအတွင်း ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်များအနေဖြင့် ပြည်သူများ၏ လိုအပ်ချက်၊ ဆန္ဒသဘောထားများကို ရယူ၍ မေးခွန်းများ မေးမြန်းခြင်း၊ အဆိုများ တင်သွင်းခြင်းနှင့် ဥပဒေကြမ်းများ စိစစ်ခြင်း တို့အား အများဆုံး ပြုလုပ်ခဲ့ကြသဖြင့် အစည်းအဝေးကာလ အရှည်ဆုံးဖြစ်ခဲ့ပါတယ်။ ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေးသည် (၁၉-၁-၂၀၁၅) မှ (၂၇-၈-၂၀၁၅) ရက်နေ့ထိ (၇)လ နဲ့ ၉ …

Read More »

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၌ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ပြောကြားသည့် နှုတ်ခွန်းဆက်အမှာစကား

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား – ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၊ ဒုတိယပုံမှန်အစည်းအဝေးကို တက်ရောက်လာကြတဲ့ လွှတ်တော် ကိုယ်စားလှယ်များနဲ့ ဖိတ်ကြားထားသူများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဦးစွာပထမ နှုတ်ခွန်းဆက်သလိုက်ပါသည်။ အခုလို ကိုယ်စားလှယ်များ စုံစုံညီညီ တက်ရောက်လာကြတာ တွေ့ရတဲ့အတွက်လည်း အထူးကျေးဇူးတင်ရှိပါတယ်။ ပြီးခဲ့တဲ့ လွှတ်တော်ရပ်နားထားစဉ်ကာလမှာ ကိုယ်စားလှယ်များဟာ မိမိတို့ရဲ့ ပြည်သူတွေထံ အရောက်သွားပြီး အကျိုးပြုလုပ်ငန်းတွေမှာ တစ်တပ်တစ်အားပါဝင် ဆောင်ရွက်ခဲ့ကြတာ တွေ့ရမြင်ရ၊ ကြားရတဲ့အတွက်လည်း အထူးဝမ်းသာဂုဏ်ယူကြောင်း ပြောကြားပါရစေ။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအခင်ဗျား – အခုလို ပြည်သူ့ဆန္ဒသဘောထားတွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ကိစ္စဟာ မိမိတို့ လွှတ်တော် ကိုယ်စားလှယ်များရဲ့ အဓိကတာဝန်ဖြစ်ပါတယ်။ ပြည်သူလူထု ခံစားနေရတဲ့ အခက်အခဲတွေ၊ အကြပ်အတည်းတွေ၊ ပြဿနာတွေကို မေးခွန်းတွေ၊ အဆိုတွေ၊ ဥပဒေကြမ်းတွေအဖြစ် …

Read More »

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် Sumitomo Corporation Asia & Oceania Pte.Ltd မှ Mr. Katsuji NAKAGAWA ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် သည် Sumitomo Corporation Asia & Oceania Pte.Ltd မှ Mr. Katsuji NAKAGAWA ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် လျှပ်စစ်စွမ်းအင်ထုတ်ယူမှု နည်းပညာပိုင်းနှင့် ကျောက်မီးသွေးမှ လျှပ်စစ်ဓါတ်အား

Read More »

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် စင်္ကာပူနိုင်ငံ၊ ပြည်သူ့ရေးရာမူဝါဒဆိုင်ရာ လီကွမ်ယုကျောင်း (LKY School) ၏ ပြင်ပရေးရာနှင့် ဈေးကွက်ရှာဖွေရေးဌာနမှ ညွှန်ကြားရေးမှူး Mr. Dane Lim ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် စင်္ကာပူနိုင်ငံ၊ ပြည်သူ့ရေးရာမူဝါဒဆိုင်ရာ လီကွမ်ယုကျောင်း (LKY School) ၏ ပြင်ပရေးရာနှင့် ဈေးကွက်ရှာဖွေရေးဌာနမှ ညွှန်ကြားရေးမှူး Mr. Dane Lim ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၃ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌

Read More »

ပညာရေးဝန်ကြီးဌာန၏ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းနှင့် ပညာသင်ယူမှု အခွင့်အလမ်းတိုးမြှင့်ရေး၊ ပညာရေးအရည်အသွေး မြင့်မားရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ဆွေးနွေးတင်ပြခြင်း

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် ယနေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ သဘင်ဆောင်ခန်းမ၌ ကျင်းပသည့် ပညာရေးဝန်ကြီးဌာန၏ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) နှင့် ပညာသင်ယူမှု အခွင့်အလမ်းတိုးမြှင့်ရေး၊ ပညာရေးအရည်အသွေး မြင့်မားရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ဆွေးနွေးတင်ပြခြင်း အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားသည်။

Read More »