Wednesday , April 8 2020
Breaking News
Home / မေးခွန်းများ

မေးခွန်းများ

ယနေ့လေလွင့်ကလေးငယ်များအပါအဝင် ကျောင်းသား/ကျောင်းသူအချို့ပါ သုံးစွဲဆောင်ရွက်နေသည့် အရပ် အခေါ် ကော်ရှူခြင်းကိစ္စရပ်နှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေများ မထုတ်ပြန်မီကာလအတွင်း လူ့စွမ်းအား အရင်းအမြစ်များ ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးအရအဖွဲ့က မည်ကဲ့သို့စီမံ လုပ်ဆောင်ပေးနိုင်မည်ကို မေးမြန်း

  ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၆ ရက်၊ ၂၀၂၀ပြည့်နှစ်                                                                            ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၀) ပဉ္စမနေ့တွင် အလုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်းက “ ယနေ့လေလွင့်ကလေးငယ်များအပါအဝင် ကျောင်းသား/ကျောင်းသူအချို့ပါ သုံးစွဲဆောင်ရွက်နေသည့် အရပ် အခေါ် ကော်ရှူခြင်းကိစ္စရပ်နှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေများ မထုတ်ပြန်မီကာလအတွင်း လူ့စွမ်းအား အရင်းအမြစ်များ ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးအရအဖွဲ့က မည်ကဲ့သို့စီမံ လုပ်ဆောင်ပေးနိုင်မည်ကို  ” မေးမြန်းရာ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက “  မြန်မာနိုင်ငံတွင် ကော်ရှူခြင်း အလေ့အထအား ၂၀၁၀ ပြည့်နှစ် အလွန်မှစတင် ခေတ်စားသုံးစွဲလာသည်ဟု ခန့်မှန်းရပြီး အစဦးပိုင်းတွင် လမ်းပေါ်နေကလေးများ၊ လေလွင့်လူငယ်များ၊ တောင်းရမ်းစားသောက်နေကြသည့် လူငယ်များ စသည့် …

Read More »

ပြည်သူ့ရင်ပြင်ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက စီမံခန့်ခွဲနေသော နက္ခတ်တာရာပြခန်းကို အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်း

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၅ ရက်၊ ၂၀၂၀ပြည့်နှစ် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၀)စတုတ္ထနေ့တွင် လသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်က “ ပြည်သူ့ရင်ပြင်ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက စီမံခန့်ခွဲနေသော နက္ခတ်တာရာပြခန်းကို အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ ” မေးမြန်းရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက “ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်း တည်ရှိသော နက္ခတ်တာရာ ပြခန်းမှာ အများပြည်သူ၊ ကျောင်းသား၊ ကျောင်းသူများနှင့် နိုင်ငံခြားသားများလေ့လာကြည့်ရှုနိုင်ရေးအတွက် စီစဉ်ထားရှိသော နေရာတစ်ခုဖြစ်ပြီး စတင်ဖွင့်လှစ်သည့် အချိန်မှစ၍ ယနေ့တိုင် နှစ်ပေါင်း (၃၃) နှစ် ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပါကြောင်း၊ အဆိုပါ နက္ခတ်တာရာ ပြခန်းအား …

Read More »

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၈၈)ရပ်ကွက်၊ ငွေဇင်ယော်လမ်းမကြီးနှင့် သုခိတာလမ်းမကြီးဆုံရာ လမ်းထောင့်တွင် မြို့တော်အင်္ဂါရပ်နှင့်အညီ အဆင့်မီဈေးတည်ဆောက်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ မေးမြန်း

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၅ ရက်၊ ၂၀၂၀ပြည့်နှစ် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၀) စတုတ္ထနေ့တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇင်မင်းထွေးက “ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၈၈)ရပ်ကွက်၊ ငွေဇင်ယော်လမ်းမကြီးနှင့် သုခိတာ လမ်းမကြီးဆုံရာ လမ်းထောင့်တွင် မြို့တော်အင်္ဂါရပ်နှင့်အညီ အဆင့်မီဈေးတည်ဆောက်ပေးနိုင်ပါရန် အစီအစဉ် ရှိ/ မရှိ ” မေးမြန်းရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက “ တင်ပြလာသော မြေနေရာသည် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ မြေတိုင်းရပ်ကွက် (၈၈) ၊ ငွေဇင်ယော်လမ်းမကြီးနှင့် သုခိတာလမ်းမကြီးထောင့်ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေနေရာဖြစ်ပါကြောင်း၊ အဆိုပါမြေနေရာသည် ၁၄.၈.၂၀၁၉ ရက်နေ့တွင် ကျင်းပသော ကော်မတီဝင်များ၏ အစည်းအဝေးမှတ်တမ်း (၂၃/၂၀၁၉)၊ ကောက်နုတ်ချက်အပိုဒ် …

Read More »

ရန်ကုန်တိုင်းဒေသကြီးအတွင်း စားသုံးဆီများ ဖြန့်ဖြူးရောင်းချရာတွင် ကျန်းမာရေးရှုထောင့်အရ အရည်အသွေးများ စစ်ဆေးဆောင်ရွက်မှု ရှိ/မရှိ လမ်းဘေးအကြော်ဆိုင်များတွင် ရောင်းချသော အကြော်များတွင် မွှေးကြိုင်သည့်အနံ့များ ပါဝင်နေခြင်းမှာ မသန့်ရှင်းသော အဆီများအား အမွှေးအနံ့ အသက်ထည့်၍ ပြုပြင်ရောင်းချသည်ဟု သံသယရှိနေကြသဖြင့် စစ်ဆေးဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက် သွားနိုင်ခြင်း အစီအစဉ် ရှိ/မရှိကို မေးမြန်း

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၅ ရက်၊ ၂၀၂၀ပြည့်နှစ် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၀) စတုတ္ထနေ့တွင် မရမ်းကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက “ ရန်ကုန်တိုင်းဒေသကြီးအတွင်း စားသုံးဆီများဖြန့်ဖြူးရောင်းချရာတွင် ကျန်းမာရေးရှုထောင့်အရ အရည်အသွေး များ စစ်ဆေးဆောင်ရွက်မှုရှိပါသလား၊ လမ်းဘေးအကြော်ဆိုင်များတွင် ကြော်လှော်ရောင်းချသော အကြော်များတွင် မွှေးကြိုင်သည့်အနံ့များ ပါဝင်နေခြင်းမှာ မသန့်ရှင်းသောအဆီများအား အမွှေးအနံ့အသက် ထည့်၍ ပြုပြင်ရောင်းချသည်ဟု သံသယရှိနေကြသဖြင့် ယင်းကဲ့သို့ ဆီများအား စစ်ဆေးဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်သွားနိုင်ခြင်း အစီအစဉ် ရှိ/မရှိကို ” မေးမြန်းရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက “ရန်ကုန်တိုင်းဒေသကြီးအတွင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့‌ကျန်းမာရေးနှင့် ဈေးများလုပ်ငန်းတာဝန်ခံအဖွဲ့၊ ကျန်းမာရေးဌာနအနေဖြင့် စီမံရေးရာဌာနနှင့် ပူးပေါင်းပြီး လိုင်စင်ထုတ်ပေး ထားသော စားသောက်ဆိုင်များအတွင် …

Read More »

လှိုင်မြို့နယ်အတွင်းဖွင့်လှစ်ထားသော ယာဉ်ရောင်းဝယ်ရေးစခန်းအား သင့်တော်သောနေရာများသို့ ပြောင်းရွှေ့ရန် အစီအစဉ် ရှိ/မရှိ မေးမြန်း

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၄ ရက်၊ ၂၀၂၀ပြည့်နှစ် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၀)တတိယနေ့တွင် လှိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက “လှိုင်မြို့နယ်အတွင်းဖွင့်လှစ်ထားသော ယာဉ်ရောင်းဝယ်ရေးစခန်းအား သင့်တော်သောနေရာများသို့ ပြောင်းရွှေ့ရန် အစီအစဉ် ရှိ/မရှိ ၊ပြောင်းရွှေ့မည်ဆိုပါက မည်သည့်အချိန်တွင် ပြောင်းရွှေ့မည်၊ ပြောင်းရွှေ့ရန်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို” မေးမြန်းရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက “ ယာဉ်ရောင်းဝယ်ရေးစခန်းများဖြစ်သည့် ဗိုလ်တထောင်၊ ယမုံနာ၊ ဟံသာဝတီယာဉ် ရောင်းဝယ်ရေးစခန်းများကို ၁၉၉၀ ပြည့်နှစ် မေလ ၁၄ ရက်နေ့တွင် ပြဋ္ဌာန်းသည့် နိုင်ငံတော်ငြိမ်ဝပ် ပိပြားမှုတည်ဆောက်ရေး ဥပဒေအမှတ် ၁၁/၉၀ ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေပုဒ်မ (၃၃) ပုဒ်မခွဲ (ခ)အရ ထုတ်ပြန်သည့် အမိန့်အမှတ် …

Read More »

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥပဒေအား ပြင်ဆင်ရေးဆွဲအတည်ပြုပြီးဖြစ်ပါသဖြင့် မြို့နယ် စည်ပင်သာယာရေး၊ အုပ်ချုပ်ရေးမှူးရုံးနာမည်ဆိုင်းဘုတ်အား ပြောင်းလဲပေးရန် အစီအစဉ် ရှိ/မရှိ ၊ အစီအစဉ်ရှိပါကမည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကိုမေးမြန်း

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၄ ရက်၊ ၂၀၂၀ပြည့်နှစ် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၀)တတိယနေ့တွင် တောင်ဥက္ကလာပမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်က “ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥပဒေအား ပြင်ဆင်ရေးဆွဲအတည်ပြုပြီးဖြစ်ပါသဖြင့် မြို့နယ် စည်ပင်သာယာရေး၊ အုပ်ချုပ်ရေးမှူးရုံးနာမည်ဆိုင်းဘုတ်အား ပြောင်းလဲပေးရန် အစီအစဉ် ရှိ/မရှိ ၊အစီအစဉ်ရှိပါကမည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်၊ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို” မေးမြန်းရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက “ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီသည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၃၁.၁၂.၁၉၉၈ ရက်စွဲပါ စာအမှတ်၊ ၀၁/နယက(ဥ)/စပ-၃ဖြင့် အတည်ပြုထားသော ဖွဲ့စည်းပုံအရ ကော်မတီ ကွပ်ကဲမှုအောက်ရှိ စီမံရေးရာဌာနလက်အောက်တွင် အရှေ့၊ အနောက်၊ တောင်၊ မြောက် စသည်ဖြင့် ခရိုင်စည်ပင် သာယာအုပ်ချုပ်ရေးမှူးရုံး (၄)ရုံးနှင့် မြို့နယ်စည်ပင် သာယာအုပ်ချုပ်ရေးမှူးရုံး …

Read More »

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းမကြီးများနှင့် လမ်းသွယ်များပေါ်တွင် ယာဉ်ရပ်နားရန် နေရာများပေါ်၌ အတားအဆီးများချထား၍ ဆောင်ရွက်နေမှုသည် ယာဉ်ရပ်နားရန် အခက်အခဲရှိလာပါသဖြင့် အဆိုပါ ကိစ္စများအား ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေနှင့်အညီ မြို့နယ်အလိုက် ရှင်းလင်း အရေးယူ ဆောင်ရွက်ပေးပါရန် အစီအစဉ်ရှိ/မရှိ မေးမြန်း

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၄ ရက်၊ ၂၀၂၀ပြည့်နှစ် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၀)တတိယနေ့တွင် ဆိပ်ကမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်က “ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းမကြီးများနှင့် လမ်းသွယ်များပေါ်တွင် ယာဉ်ရပ်နားရန် နေရာများအပေါ်၌ အတားအဆီးများချထား၍ ဆောင်ရွက်နေမှုသည် ယာဉ်ရပ်နားရန် အခက်အခဲရှိလာပါသဖြင့် အဆိုပါကိစ္စများအား ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေနှင့်အညီ မြို့နယ်အလိုက် ရှင်းလင်းအရေးယူ ဆောင်ရွက်ပေးပါရန် အစီအစဉ်ရှိ/မရှိ ” မေးမြန်းရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက “ အလားတူမေးခွန်းအား ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၁) ကြိမ် မြောက်ပုံမှန်အစည်းအဝေးသတ္တမနေ့တွင် ဖြေကြားခဲ့ပြီးဖြစ်ပါကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ (၂၀၁၈ခုနှစ်)အား ပြဌာန်းသည့် ရည်ရွယ်ချက်များအတိုင်း …

Read More »

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် လူနေများသောရပ်ကွက် (၃၂) ရပ်ကွက်တွင် လမ်းခင်းရန်လိုအပ်သော မြေသား လမ်းပေါင်း(၆၀၀)ခန့်အား လာမည့်(၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်တွင် ကွန်ကရစ်လမ်းများ ပိုမိုခင်းပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်း

  ရန်ကုန်၊ ဖေဖော်ဝါရီ လ ၂၁ ရက်၊ ၂၀၂၀ပြည့်နှစ် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၀) ဒုတိယနေ့တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင်က “ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် လူနေများသောရပ်ကွက် (၃၂) ရပ်ကွက်တွင် လမ်းခင်းရန်လိုအပ်သော မြေသားလမ်းပေါင်း(၆၀၀)ခန့်အား လာမည့်(၂၀၂၀-၂၀၂၁) ဘတ်ဂျက်တွင် ကွန်ကရိ လမ်းများ ပိုမိုခင်းပေးရန် အစီအစဉ်ရှိ/မရှိ ” မေးမြန်းရာ စည်ပင်သာယာရေးဝန်ကြီးက ဦးမောင်မောင်စိုးက “ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်ရှိ လမ်းများအား ဘဏ္ဍာရေးနှစ်များအလိုက် ဘဏ္ဍာငွေခွဲဝေရရှိမှု ပေါ်မူတည်၍သက်ဆိုင်ရာတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ ကွန်ကရိလမ်းများအဖြစ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ လမ်းများ အား အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် လမ်းမကြီး(၃)လမ်း၊ လမ်းသွယ် (၃၀)လမ်း၊ …

Read More »

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ လှော်ကားလမ်းမကြီးအား ၄၈ပေအကျယ် လမ်းမကြီးအဖြစ် မောင်းမကန် ကမ်းသာလမ်းမှ ရိုးမရိပ်သာလမ်းအထိ ခင်းပေးရန်နှင့် လမ်းဘေးတစ်ချက်စီတွင် ၅ပေအကျယ် ၅ပေအနက် အုတ်ရေမြောင်းတူးဖော်ပေးရန်၊ လူသွားပလက်ဖောင်းလမ်းတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်း

  ရန်ကုန်၊ ဖေဖော်ဝါရီ လ ၂၁ ရက်၊ ၂၀၂၀ပြည့်နှစ် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၀) ဒုတိယနေ့တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က “ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ လှော်ကားလမ်းမကြီးအား ၄၈ပေ အကျယ်လမ်းမကြီးအဖြစ် မောင်းမကန်ကမ်းသာလမ်းမှ ရိုးမရိပ်သာလမ်းအထိ ခင်းပေးရန်နှင့် လမ်းဘေးတစ်ချက်စီတွင် ၅ပေအကျယ် ၅ပေအနက် အုတ်ရေမြောင်းတူးဖော်ပေးရန်၊ လူသွားပလက်ဖောင်းလမ်းတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ ” မေးမြန်းရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက “ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ လှော်ကား လမ်းမကြီး(မောင်းမကန်ကမ်းသာလမ်းနှင့် ရိုးမရိပ်သာလမ်းကြား)သည် လမ်းအရှည်(၁၄၃၀၀)ပေနှင့် လမ်း အကျယ်(၂၄)ပေရှိသော ကွန်ကရိလမ်းမကြီးဖြစ်ပါကြောင်း၊ အဆိုပါလှော်ကားလမ်းမကြီးအား လမ်းအကျယ် (၄၈)ပေ ရှိစေရန်အတွက် ဘဏ္ဍာနှစ်များအလိုက် ဘဏ္ဍာငွေလျာထားဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဘဏ္ဍာငွေခွဲဝေရရှိမှုပေါ်မူတည်၍ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် …

Read More »

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၏ အဓိကလမ်းမကြီးဖြစ်သော ကျန်စစ်သားလမ်းမကြီးသည် ရွှေပေါက်ကံ တံတားမှ မင်းရဲကျော်စွာလမ်းအထိ (၄၈)ပေအကျယ်ရှိပြီး၊ ရာဇဓိရာဇ်လမ်းမှ အမှတ်(၂)လမ်းအထိ (၂၄)ပေ အကျယ်သာရှိပါ၍ ကျဉ်းမြောင်းနေပါသဖြင့် ကျန်စစ်သားလမ်းမကို ရာဇဓိရာဇ်လမ်းမှအမှတ်(၂)လမ်း အထိ (၄၈)ပေ အကျယ်ချဲ့ပေးရန် အစီအစဉ်ရှိ/မရှိမေးမြန်း

  ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၁ ရက်၊ ၂၀၂၀ပြည့်နှစ် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၀)ဒုတိယနေ့တွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော် မောင်က “ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၏ အဓိကလမ်းမကြီးဖြစ်သော ကျန်စစ်သားလမ်းမကြီးသည် ရွှေပေါက်ကံ တံတားမှ မင်းရဲကျော်စွာလမ်းအထိ (၄၈)ပေအကျယ်ရှိပြီး၊ ရာဇဓိရာဇ်လမ်းမှ အမှတ်(၂)လမ်းအထိ (၂၄)ပေ အကျယ်သာရှိပါ၍ ကျဉ်းမြောင်းနေပါသဖြင့် ကျန်စစ်သားလမ်းမကို ရာဇဓိရာဇ်လမ်းမှအမှတ်(၂)လမ်း အထိ (၄၈)ပေ အကျယ်ချဲ့ပေးရန် အစီအစဉ်ရှိ/မရှိ” မေးမြန်းရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက “ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ကျန်စစ်သားလမ်းမကြီး (မင်းရဲကျော်စွာလမ်းမှ အမှတ်-၂ လမ်းအထိ)သည် လမ်းအရှည် ပေ(၁၀၀၀၀)ခန့်ရှိပြီး ၎င်းလမ်းအား (၂၄)ပေ အကျယ်မှ (၄၈)ပေ အကျယ်ရှိသော လမ်းအဖြစ် …

Read More »