Thursday , April 22 2021
Breaking News
Home / ပြန်ကြားရေး (page 9)

ပြန်ကြားရေး

ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးခန့်အပ်ကြောင်း လွှတ်တော်သို့ တင်ပြခြင်း၊ ကတိသစ္စာပြုခြင်းနှင့် မှတ်တမ်းတင်ခြင်း

  ရန်ကုန်၊ ဇွန်လ ၅ ရက်၊ ၂၀၂၀ပြည့်နှစ်                                                                             ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၂၀) စတုတ္ထနေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ(စ)၊ ပုဒ်မ ၂၆၄၊ ပုဒ်မခွဲ(ဂ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မ ၈၂၊ ပုဒ်မခွဲ(ဂ) နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ဆ)၊ ပုဒ်မ ၅၆၊ ပုဒ်မခွဲ (က) တို့ပါ ပြဋ္ဌာန်းချက်များအရ ဦးရဲမင်းဦး ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် နိုင်ငံတော်သမ္မတရုံး၏ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၄ …

Read More »

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၂၀) စတုတ္ထနေ့ ကျင်းပ

  ရန်ကုန်၊ ဇွန်လ ၅  ရက်၊ ၂၀၂၀ ပြည့်နှစ် ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၂၀) စတုတ္ထနေ့ကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၅ ရက် ၊ သောကြာနေ့၊ နံနက် ၁၀:၀၀ နာရီတွင် ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ် ဦးရေ ၁၂၂ ဦး အနက် ၁၁၅ ဦး တက်ရောက်ခဲ့ကြပါသည်။ အရေးပေါ်အစည်းအဝေး(၂/၂၀၂၀) စတုတ္ထနေ့ တွင် ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ခန့်အပ်ကြောင်း လွှတ်တော်သို့ တင်ပြခြင်း၊ ကတိသစ္စာပြုခြင်းနှင့် မှတ်တမ်းတင်ခြင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်း ၇ ခု မေးမြန်းခဲ့ပြီး …

Read More »

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၂၀) စတုတ္ထနေ့ အစီအစဉ်

ရန်ကုန်၊ ဇွန်လ ၅ ရက်၊ ၂၀၂၀ ပြည့်နှစ်

Read More »

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်သွင်းသော ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ရသုံးခန့်မှန်းခြေ ငွေစာရင်း(လျာထားချက်)နှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခြင်း

  ရန်ကုန်၊ ဇွန်လ ၄ ရက်၊ ၂၀၂၀ပြည့်နှစ်                                                                            ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၂၀) တတိယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်သွင်းသော ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေ ငွေစာရင်းနှင့်စပ်လျဉ်း၍ လှိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်း၊ ကျောက်တံတားမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာ၊ ပန်းဘဲတန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦး၊ လှိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေး၊ သာကေတမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်ဝင်း၊ ကျောက်တန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် …

Read More »

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်သွင်းသော ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းနှင့် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်း နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များကဆွေးနွေးခြင်း

  ရန်ကုန်၊ ဇွန်လ ၄ ရက်၊ ၂၀၂၀ပြည့်နှစ်                                                                            ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၂၀) တတိယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်သွင်းသော ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းနှင့် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်၊ မရမ်းကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရန်ရှင်းနှင့်ဒဂုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ တို့က ဆွေးနွေးခဲ့ကြပါသည်။

Read More »

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၂၀) တတိယနေ့ အစီအစဉ်ကျင်းပ

  ရန်ကုန်၊ ဇွန်လ ၄  ရက်၊ ၂၀၂၀ ပြည့်နှစ် ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၂၀) တတိယနေ့ကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၄ ရက် ၊ ကြာသပတေးနေ့၊ နံနက် ၁၀:၀၀ နာရီတွင် ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ် ဦးရေ ၁၂၂ ဦး အနက် ၁၁၅ ဦး တက်ရောက်ခဲ့ကြပါသည်။ အရေးပေါ်အစည်းအဝေး(၂/၂၀၂၀) တတိယနေ့တွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်း ၇ ခု မေးမြန်းခဲ့ပြီး မေးခွန်းများအား သက်ဆိုင်ရာအစိုးရအဖွဲ့ဝင်ဝန်ကြီးများက ပြန်လည်ဖြေကြားခြင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်သွင်းသော ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် …

Read More »

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၂၀) တတိယနေ့ အစီအစဉ်

ရန်ကုန်၊ ဇွန်လ ၄ ရက်၊ ၂၀၂၀ပြည့်နှစ်

Read More »

ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ရသုံးခန့်မှန်းခြေငွေစာရင်း (လျာထားချက်) နှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းကော်မတီမှ ငွေကြေးဆိုင်ရာ စိစစ်တွေ့ရှိချက်၊ သုံးသပ်အကြံပြုချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်ပြခြင်း

ရန်ကုန်၊ ဇွန်လ ၂ ရက်၊ ၂၀၂၀ပြည့်နှစ် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၂၀)ဒုတိယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ရသုံးခန့်မှန်းခြေငွေစာရင်း (လျာထားချက်)နှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းကော်မတီက ငွေကြေးဆိုင်ရာ စိစစ်တွေ့ရှိချက်၊ သုံးသပ်အကြံပြုချက်နှင့်သဘောထားမှတ်ချက် အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်ပြခဲ့ပြီး ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များရှိပါက ယနေ့လွှတ်တော်အစည်းအဝေး ရပ်နားချိန်တွင် လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် တယ်လီဖုန်းအမှတ်- ၀၉-၂၅၄၃၅၇၇၀၀ နှင့် ၀၁-၈၃၀၁၈၈၃ ထံသို့ ဆက်သွယ်၍ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့ပါသည်။

Read More »

ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီက စိစစ်လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအား လွှတ်တော်သို့ဖတ်ကြားတင်ပြခြင်း

ရန်ကုန်၊ ဇွန်လ ၃ ရက်၊ ၂၀၂၀ပြည့်နှစ် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၂၀)ဒုတိယနေ့တွင် ရန်ကုန်မြို့တော်စည်ပင် သာယာရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီက စိစစ်လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်ပြခဲ့ပြီး ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များရှိပါက ယနေ့လွှတ်တော်အစည်းအဝေး ရပ်နားချိန်တွင် လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် တယ်လီဖုန်းအမှတ်- ၀၉-၂၅၄၃၅၇၇၀၀ နှင့် ၀၁-၈၃၀၁၈၈၃ ထံသို့ ဆက်သွယ်၍ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့ပါသည်။

Read More »

ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းနှင့် နောက်ထပ်ဘဏ္ဍာရန်ပုံငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ကော်မတီများမှ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်ပြခြင်း

    ရန်ကုန်၊ ဇွန်လ ၃ ရက်၊ ၂၀၂၀ပြည့်နှစ် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၀)ဒုတိယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းနှင့် နောက်ထပ်ဘဏ္ဍာရန်ပုံငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်း နှင့်စပ်လျဉ်း၍ လေ့လာတွေ့ရှိ ချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို ဥပဒေကြမ်းကော်မတီနှင့် ပြည်သူ့ငွေစာရင်း ကော်မတီတို့က လွှတ်တော်သို့ ဖတ်ကြားတင်ပြခဲ့ပြီး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ် များရှိပါက ယနေ့လွှတ်တော်အစည်းအဝေး ရပ်နားချိန်တွင်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် တယ်လီဖုန်း အမှတ်- ၀၉-၂၅၄၃၅၇၇၀၀ နှင့် ၀၁-၈၃၀၁၈၈၃ ထံသို့ ဆက်သွယ်၍ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့ပါသည်။

Read More »