Thursday , February 20 2020
Breaking News
Home / ပြန်ကြားရေး (page 47)

ပြန်ကြားရေး

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

ရန်ကုန်၊ ဒီဇင်ဘာလ၊ ၁၂ ရက်၊ ၂၀၁၈ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၈) ဒုတိယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ဦးလှအေး အား ခန့်အပ်တာဝန်ပေးလိုကြောင်း နိုင်ငံတော်သမ္မတ၏ အဆိုပြုချက်နှင့်စပ်လျဉ်းပြီး ကန့်ကွက်လိုသော လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းပေးပို့လာခြင်း မရှိသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ဦးလှအေး အား ခန့်အပ်တာဝန်ပေးခြင်းကို လွှတ်တော်က သဘောတူကြောင်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၂ နှင့်အညီ ကြေညာခဲ့ပါသည်။ (unicode) ရန်ကုန်၊ ဒီဇင်ဘာလ၊ ၁၂ ရက်၊ ၂၀၁၈ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၈) …

Read More »

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၈) ဒုတိယနေ့ကျင်းပ

 ရန်ကုန်၊ ဒီဇင်ဘာလ၊ ၁၂ ရက်၊ ၂၀၁၈ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်  အရေးပေါ်အစည်းအဝေး (၁/၂၀၁၈)  ဒုတိယနေ့ ကို ဒီဇင်ဘာလ ၁၂ ရက် နံနက် ၁၀း၀၀ နာရီတွင် ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပရာ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ် ဦးရေ ၁၂၂  ဦးအနက် ၁၁၆ ဦး တက်ရောက်ခဲ့ကြပါသည်။ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူပြီး ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၈) တတိယနေ့ အား ဒီဇင်ဘာလ ၁၇ ရက် (တနင်္လာနေ့) နံနက် (၁၀း၀၀) နာရီအချိန်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ပါသည်။ (unicode) …

Read More »

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၈)ကျင်းပ

ရန်ကုန်၊ ဒီဇင်ဘာလ၊ ၁၁ ရက်၊ ၂၀၁၈ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၈)ကို ဒီဇင်ဘာလ ၁၁ ရက် နံနက် ၁၀း၀၀ နာရီတွင် ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပရာ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ် ဦးရေ ၁၂၂ ဦးအနက် ၁၁၈ ဦး တက်ရောက်ခဲ့ကြပါသည်။ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် နိုင်ငံတော်သမ္မတက အဆိုပြုပေးပို့လာသည့် အမည်စာရင်းကို လွှတ်တော်သို့ ပေးပို့ခဲ့ပြီး ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၂/၂၀၁၈)အား ဒီဇင်ဘာလ ၁၂ ရက် (ဗုဒ္ဓဟူးနေ့) နံနက် (၁၀း၀၀) နာရီအချိန်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ပါသည်။   (unicode) ရန်ကုန်၊ ဒီဇင်ဘာလ၊ …

Read More »

ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း(UDHR) နှစ်(၇၀)ပြည့် အထိမ်းအမှတ်အခမ်းအနား ကျင်းပ

  ရန်ကုန် ၊ ဒီဇင်ဘာလ ၁၀ ရက် ၊ ၂၀၁၈ ၁၀.၁၂.၂၀၁၈ နံနက် (၀၉း၀၀) နာရီအချိန်တွင်  ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာစီးပွားရေး ဗဟိုဌာန(IBC)၌ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (UDHR) နှစ်(၇၀)ပြည့် အထိမ်းအမှတ်အခမ်းအနား ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊  မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ၊  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ဥပဒေချုပ် ဒေါ်ခင်မျိုးကြည်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် …

Read More »

University Of Yangon Science fair – 2018 အခမ်းအနားတက်ရောက်

  ရန်ကုန် ၊ ဒီဇင်ဘာလ ၉ ရက် ၊ ၂၀၁၈ ၉.၁၂.၂၀၁၈ (တနင်္ဂနွေနေ့) နံနက် (၀၈း၀၀) နာရီအချိန်တွင် ရန်ကုန်တက္ကသိုလ်၊ အပန်းဖြေရိပ်သာတွင် University Of Yangon Science fair – 2018 အခမ်းအနားကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း ၊ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ (unicode) ရန်ကုန် ၊ ဒီဇင်ဘာလ ၉ ရက် ၊ ၂၀၁၈ ၉.၁၂.၂၀၁၈ …

Read More »

၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန် စာမူဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

  ရန်ကုန် ၊ ဒီဇင်ဘာလ ၈ ရက် ၊ ၂၀၁၈ ၈.၁၂.၂၀၁၈ (စနေနေ့) နံနက် (၉း၀၀) နာရီအချိန်တွင် ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန် စာမူဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပခဲ့ပါသည်။ အဆိုပါဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေက မိန့်ခွန်းပြောကြားခဲ့ပြီး၊ ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု ရရှိသူများအားလည်းကောင်း၊ အမျိုးသားစာပေဆု ရရှိသူများအားလည်းကောင်း၊ စာပေဗိမာန်စာမူဆု ရရှိသူများအားလည်းကောင်း ဆုချီးမြှင့်ခဲ့ရာ ဆုရရှိသူများ(ကိုယ်စား) တစ်သက်တာစာပေဆုရှင် ဆရာကြီးဦးထွန်းရီ (ထွန်းရီ-ရှေးဟောင်းသုတေသီ)က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် …

Read More »

၂၀၁၈ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှု (ဒုတိယပတ်) လူထုလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ

  ရန်ကုန် ၊ ဒီဇင်ဘာလ ၈ ရက် ၊ ၂၀၁၈ ၈.၁၂.၂၀၁၈ (စနေနေ့) နံနက် (၅း၃၀) နာရီအချိန်တွင် ရန်ကုန်မြို့ကျိုက္ကဆံအားကစားကွင်း၌ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ လူထုလမ်းလျှောက်ပွဲ ကျင်းပခဲ့ပါသည်။အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းမှ သေနတ်ပစ်ဖောက်၍ ဖွင့်လှစ်ပေးခဲ့ပြီး တာမွေမြို့နယ်၊ ဦးချစ်မောင်လမ်းထိပ်မှစတင်၍ ကျိုက္ကဆံအားကစားကွင်းသို့ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ကျိုက္ကဆံအားကစားကွင်း အတွင်း၌ စုပေါင်းသွေးပူလေ့ကျင့်ခန်း ပြုလုပ်ခဲ့ကြပါသည်။ အဆိုပါလူထုလမ်းလျှောက်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ တိုင်းဒေသကြီး ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ သိပ္ပံကျောင်းမှ ကျောင်းသား/သူများ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကင်းမြို့နယ်၊ …

Read More »

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ စီစဉ်မှုဖြင့် ဖက်ဒရယ်စနစ်၏ လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲပြုလုပ်

  ရန်ကုန် ၊ ဒီဇင်ဘာလ ၇ ရက် ၊ ၂၀၁၈ ၇.၁၂.၂၀၁၈ နံနက် (၁၀း၃၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး Media Corner ၌ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ စီစဉ်မှုဖြင့် ဖက်ဒရယ်စနစ်၏ လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲပြုလုပ် ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာသံရုံးမှ သံအမတ်ကြီး Socot Marciel က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးတရားရေးဌာနမှ ပညာရှင် Mr.Rob Strang က ဖက်ဒရယ်စနစ်၏ လုပ်ထုံးလုပ်နည်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး တင်ရောက်လာသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များမှ သိရှိလိုသည်များကို မေးမြန်းခြင်းနှင့် …

Read More »

မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်၏ တိုက်ကွမ်ဒိုအားကစားရုံသစ်ဖွင့်ပွဲအခမ်းအနားကျင်းပ

    ရန်ကုန် ၊ ဒီဇင်ဘာလ ၃ ရက် ၊ ၂၀၁၈ ၃.၁၂.၂၀၁၈ (တနင်္လာနေ့) နံနက် (၈း၃၀) နာရီအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏအားကစားကွင်း၌ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်၏ တိုက်ကွမ်ဒိုအားကစားရုံသစ်ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ (unicode) ရန်ကုန် ၊ ဒီဇင်ဘာလ ၃ ရက် ၊ ၂၀၁၈ ၃.၁၂.၂၀၁၈ (တနင်္လာနေ့) နံနက် (၈း၃၀) နာရီအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ …

Read More »

၂၀၁၈ ခုနှစ် မြို့မကျောင်း နှစ် (၁၀၀)ပြည့်အကြို အခမ်းအနားဖွင့်ပွဲနှင့် ညစာစားပွဲ ကျင်းပ

  ရန်ကုန် ၊ ဒီဇင်ဘာလ ၃ ရက် ၊ ၂၀၁၈ ၂.၁၂.၂၀၁၈ (တနင်္ဂနွေနေ့) မွန်းလွဲ (၁၅း၃၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းသည် အ.ထ.က (၃) ဒဂုံ (မြို့မကျောင်း)၌ ကျင်းပသည့် ၂၀၁၈ ခုနှစ် မြို့မကျောင်း နှစ် (၁၀၀) ပြည့်အကြို အခမ်းအနားဖွင့်ပွဲနှင့် ညစာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။ (unicode) ရန်ကုန် ၊ ဒီဇင်ဘာလ ၃ ရက် ၊ ၂၀၁၈ ၂.၁၂.၂၀၁၈ (တနင်္ဂနွေနေ့) မွန်းလွဲ (၁၅း၃၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းသည် အ.ထ.က (၃) ဒဂုံ (မြို့မကျောင်း)၌ …

Read More »