Thursday , September 24 2020
Breaking News
Home / ပြန်ကြားရေး (page 4)

ပြန်ကြားရေး

ဥပဒေကြမ်းကော်မတီ ပုံမှန်အစည်းအဝေး အမှတ်စဉ်(၂၁/၂၀၂၀)ကျင်းပ

ရန်ကုန်၊ ဩဂုတ်လ ၁၀ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၁၀.၈.၂၀၂၀ ရက်၊ (တနင်္လာနေ့)၊ နံနက် (၁၀:၀၀) နာရီအချိန်မှ (၁၂:၀၀)နာရီ အချိန်အထိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး ဥပဒေကြမ်းကော်မတီရုံးခန်းတွင် ၂၀၁၈ ခုနှစ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အစည်းအဝေးကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးသိန်းမြင့်နှင့်ကော်မတီအဖွဲ့ဝင်များ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

Read More »

ကြည့်မြင်တိုင်မြို့နယ်၊ သာဓုပရိယတ္တိစာသင်တိုက်၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

  ရန်ကုန်၊ ဩဂုတ်လ ၈ ရက်၊ ၂၀၂၀ ပြည့်နှစ် ၈.၈.၂၀၂၀ ရက်နေ့၊ နံနက် (၉:၃၀)နာရီအချိန်တွင် ကြည့်မြင်တိုင်မြို့နယ်၊ သာဓုပရိပတ္တိစာသင်တိုက်၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဉီးတင်မောင်ထွန်းနှင့်ဇနီး၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များတက်ရောက်ခဲ့ကြပါသည်။

Read More »

(၄)ခန်းတွဲ (၄)ထပ် အရာထမ်းအိမ်ရာ တည်ဆောက်ရေးစီမံကိန်းအားကွင်းဆင်းကြည့်ရှု

  ရန်ကုန် ၊ဩဂုတ်လ ၇ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၇.၈.၂၀၂၀ ရက် နံနက်(၁၁:၀၀) နာရီအချိန်တွင် ဒဂုံမြို့နယ် လွှတ်တော်ဝန်းရှိ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ရုံး (၄)ခန်းတွဲ (၄)ထပ် အရာထမ်းအိမ်ရာ တည်ဆောက်နေမှု အခြေအနေများအား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် လွှတ်တော်ရုံးက တာဝန်ရှိသူများသည် စီမံကိန်းလုပ်ငန်းခွင်သို့ ကွင်းဆင်းကြည့်ရှုခဲ့ပါသည်။

Read More »

ပြည်သူများအတွက် အငှားအိမ်ရာစီမံကိန်း ပန္နက်တော်တင် မဟာမင်္ဂလာအခမ်းအနားကျင်းပ

  ရန်ကုန်၊ ဩဂုတ်လ ၇ ရက်၊ ၂၀၂၀ ပြည့်နှစ် ၇.၈.၂၀၂၀ ရက်နေ့ နံနက်(၀၈း၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ စံပြစိုက်ပျိုးရေးအထူးဇုန်၌ ပြည်သူများအတွက် အငှားအိမ်ရာ စီမံကိန်း ပန္နက်တော်တင် မဟာမင်္ဂလာအခမ်းအနား ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ဆောက်လုပ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ် များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Read More »

ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးသို့ COVID-19 ကာကွယ်ကုသထိန်းချုပ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်း

ရန်ကုန်၊ ဩဂုတ်လ ၅ ရက်၊ ၂၀၂၀ ပြည့်နှစ် ၅.၈.၂၀၂၀ ရက်နေ့ နေ့လယ်(၁၁)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး ကျောက်စိမ်းခန်းမ၌ လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် လွှတ်တော်ရုံး အကြီးအမှူးတို့သည် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူများထံသို့ COVID-19 ကာကွယ်ကုသ ထိန်းချုပ်ရေးပစ္စည်များ ပေးအပ်လှူဒါန်းခဲ့ပါသည်။

Read More »

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပရန်ခေါ်ယူ

ရန်ကုန်၊ ဩဂုတ်လ ၂ရက်၊ ၂၀၂၀ပြည့်နှစ်

Read More »

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ရုံးသုံးစက်ပစ္စည်းများနှင့် ပရိဘောဂများဝယ်ယူရန် ဈေးနှုန်းအဆိုပြုလွှာများဖွင့်ဖောက်ခြင်း အခမ်းအနားကျင်းပ

  ရန်ကုန် ၊ ဇူလိုင် ၃၀ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၃၀.၇.၂၀၂၀ ရက် နံနက်(၁၁:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၊ ပုလဲခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ရုံးသုံးစက်ပစ္စည်းများနှင့် ပရိဘောဂများဝယ်ယူရန် ဈေးနှုန်းအဆိုပြုလွှာများဖွင့်ဖောက်ခြင်း အခမ်းအနားပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် ရုံးသုံးပစ္စည်းများ ဝယ်ယူရေးကော်မတီက တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။

Read More »

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်သက်တော်စောင့် ဦးစိုးဝင်း၏ နာရေးသို့ သွားရောက်အားပေးနှစ်သိမ့်

  ရန်ကုန်၊ ဇူလိုင်လ ၂၇ ရက်၊ ၂၀၂၀ ပြည့်နှစ် ၂၇.၇.၂၀၂၀ ရက်နေ့ မွန်းလွဲ (၁၄း၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် လွှတ်တော်ရုံးအကြီးအမှူးတို့သည် သာကေတမြို့နယ်၊ (၇)အရှေ့ရပ်ကွက်၊ ဇီဇဝါလမ်းရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်သက်တော်စောင့် ဦးစိုးဝင်း၏ နာရေးသို့ သွားရောက်၍ ကျန်ရစ်သူမိသားစုကို အားပေးနှစ်သိမ့်စကားပြောကြားခဲ့ပြီး ကူညီထောက်ပံ့ခဲ့ပါသည်။

Read More »

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ရုံးသုံးစက်ပစ္စည်းများဝယ်ယူရန် တင်ဒါစိစစ်ခြင်းအစည်းအဝေးကျင်းပ

  ရန်ကုန် ၊ ဇူလိုင် ၂၇ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၂၇.၇.၂၀၂၀ ရက် နံနက်(၁၁:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၊ ပုလဲခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ရုံးသုံးစက်ပစ္စည်းများဝယ်ယူရန် တင်ဒါတင်သွင်းထားသည့် ကုမ္ပဏီများ၏ အဆိုပြုလွှာများစိစစ်ခြင်းအစည်းအဝေးကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် ရုံးသုံးပစ္စည်းများ ဝယ်ယူရေး ကော်မတီက တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

Read More »

လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် အစားထိုးပြောင်းလဲခန့်အပ်တာဝန်ပေးနိုင်ရေးအတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံက ပေးပို့လာသည့် တပ်မတော်သားတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က လွှတ်တော်သို့တင်သွင်းခြင်းနှင့် လွှတ်တော်၏ သဘောတူညီချက် ရယူခြင်း

ရန်ကုန်၊ ဇူလိုင်လ ၂၂ ရက်၊ ၂၀၂၀ပြည့်နှစ် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၄/၂၀၂၀)ပထမနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် အစားထိုးခန့်အပ်နိုင်ရေးအတွက် တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အတည်ပြုရွေးချယ်ထားပြီး ဖြစ်ပါ၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂ အရ ဆက်လက်ဆောင်ရွက်နိုင်ပါရန် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ပေးပို့လာမှုကို ဝန်ကြီးချုပ်က လွှတ်တော်သို့ တင်ပြလာပါကြောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ပုဒ်မ ၅၀ အရ လွှတ်တော်ဥက္ကဋ္ဌသည် လွှတ်တော်၏ သဘောတူညီချက်ရယူနိုင်ရေးအတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဆိုပြုထားသော တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၏ အမည်စာရင်းကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ ပုဒ်မ ၅၁ …

Read More »