Wednesday , April 8 2020
Breaking News
Home / ပြန်ကြားရေး (page 30)
ပြန်ကြားရေး
ဆရာစိုး GENIUS ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာ/ဆရာမများ ၊ ရုံးအဖွဲ့များနှင့် ကျောင်းသား/ကျောင်းသူများ လာရောက်လေ့လာ
  ရန်ကုန် ၊ ဇူလိုင်လ ၂ ရက် ၊ ၂၀၁၉   ၂.၇.၂၀၁၉ ရက်နေ့ (အင်္ဂါနေ့) နံနက် (၁၀း၀၀) နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ ဆရာစိုး GENIUS ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာ/ဆရာမများ ၊ ရုံးအဖွဲ့များနှင့် ကျောင်းသား/ ကျောင်းသူများမှ ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်၊ နဝမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ ကျင်းပနေမှုများ လေ့လာခဲ့ပြီး အစည်းအဝေး ပြီးဆုံးချိန်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဦးနိုင်ငံလင်းတို့က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များက လွှတ်တော်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး လွှတ်တော်အတွင်း လေ့လာခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ …
Read More »
လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးအပ်နိုင်ရေးနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောတူညီချက်ရယူခြင်း
ရန်ကုန်၊ ဇူလိုင်လ၊ ၂ ရက်၊ ၂၀၁၉ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တွင် “လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန” ဝန်ကြီးအဖြစ် ခန့်အပ်တာဝန် ပေးလိုကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၏ တင်ပြချက်ကို ၁.၇.၂ဝ၁၉ လွှတ်တော်အစည်းအဝေး သတ္တမနေ့တွင် ကြေညာခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းပုဂ္ဂိုလ်နှင့်စပ်လျဉ်းပြီး ကန့်ကွက်လိုသော လွှတ်တော်ကိုယ်စားလှယ်ရှိပါက ကန့်ကွက် နိုင်ကြောင်း ကြေညာခဲ့သော်လည်း အမည်စာရင်းပေးပို့လာခြင်း မရှိသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး “လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန” ဝန်ကြီးအဖြစ် ဒေါ်မိုးမိုးစုကြည် အား ခန့်အပ်တာဝန်ပေးခြင်းကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၂ နှင့်အညီ လွှတ်တော်က သဘော တူကြောင်း လွှတ်တော်ဒုတိယဥက္ကဋ္ဌမှ ကြေညာခဲ့ပါသည်။ …
Read More »
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး အဋ္ဌမနေ့အစီအစဉ် ကျင်းပ
ရန်ကုန်၊ ဇူလိုင်လ၊ ၂ ရက်၊ ၂၀၁၉ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ဇူလိုင်လ ၂ ရက် နံနက် ၁၀း၀၀ နာရီတွင် ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပရာ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ် ဦးရေ ၁၂၂ ဦးအနက် ၁၀၈ ဦး တက်ရောက်ခဲ့ကြပါသည်။ နဝမပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်း ၄ ခု မေးမြန်းခဲ့ပြီး မေးခွန်းများအား သက်ဆိုင်ရာအစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ ပြန်လည်ဖြေကြားခြင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးအပ်နိုင်ရေးနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောတူညီချက်ရယူခြင်းများဆောင်ရွက်ခဲ့ပါသည်။ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် နဝမပုံမှန်အစည်းအဝေး နဝမနေ့အား ဇူလိုင်လ ၃ …
Read More »
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး အဋ္ဌမနေ့အစီအစဉ် (လျာထားချက်)
Read More »
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပညာရပ် (မဟာဘွဲ့) သင်တန်းမှ ဆရာ/ဆရာများ ၊ ကျောင်းသား/ကျောင်းသူများ လာရောက်လေ့လာ
Read More »
ရန်ကုန်တိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း နှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
ရန်ကုန်၊ ဇူလိုင်လ၊ ၁ ရက်၊ ၂၀၁၉ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး သတ္တမနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း နှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့ရာ သဘောမတူသူ မရှိသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်မှ ဆုံးဖြတ်ထားသည့်အတိုင်း အတည်ပြုကြောင်း ကြေညာခဲ့ပါသည်။   (unicode)   ရန်ကုန်၊ ဇူလိုင်လ၊ ၁ ရက်၊ ၂၀၁၉ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး သတ္တမနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း နှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့ရာ သဘောမတူသူ မရှိသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး …
Read More »
လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးအပ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပေးပို့လာသည့် အမည်စာရင်းကို လွှတ်တော်သို့တင်ပြခြင်း
ရန်ကုန်၊ ဇူလိုင်လ၊ ၁ ရက်၊ ၂၀၁၉ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး သတ္တမနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တွင် “လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန” ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးမည့် ပုဂ္ဂိုလ်အား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂ ၊ ပုဒ်မခွဲ(ခ)၊ ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၅၂ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၀ တို့အရ တိုင်းဒေသကြီးလွှတ်တော်၏ သဘောတူညီချက်ရယူရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီလွှတ်တော်ဥက္ကဋ္ဌထံသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ၃၀.၆.၂ဝ၁၉ ရက်စွဲပါ စာအမှတ်၊ ၃/၅-၁(၁)/စီမံ ဖြင့် ပေးပို့လာပါကြောင်း၊ အဆိုပါပုဂ္ဂိုလ်၏ အမည်စာရင်းကို …
Read More »
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး သတ္တမနေ့အစီအစဉ် ကျင်းပ
ရန်ကုန်၊ ဇူလိုင်လ၊ ၁ ရက်၊ ၂၀၁၉ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး သတ္တမနေ့ကို ဇူလိုင်လ ၁ ရက် နံနက် ၁၀း၀၀ နာရီတွင် ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပရာ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ် ဦးရေ ၁၂၂ ဦးအနက် ၁၀၈ ဦး တက်ရောက်ခဲ့ကြပါသည်။ နဝမပုံမှန်အစည်းအဝေး သတ္တမနေ့တွင် လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်း ၇ ခု မေးမြန်းခဲ့ပြီး မေးခွန်းများအား သက်ဆိုင်ရာအစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ ပြန်လည်ဖြေကြားခြင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးအပ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပေးပို့လာသည့် အမည်စာရင်းကို လွှတ်တော်သို့တင်ပြခြင်း၊ ရန်ကုန်တိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဥပဒေကို ပြင်ဆင်သည့် …
Read More »
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး သတ္တမနေ့အစီအစဉ် (လျာထားချက်)
Read More »
ရုံးသုံးပစ္စည်းများ ဝယ်ယူရေးကော်မတီမှ ရုံးသုံးပရိဘောဂများ ဝယ်ယူရန်တင်ဒါဖွင့်ဖောက် စိစစ်ခြင်းအခမ်း အနားကျင်းပ
ရန်ကုန် ၊ ဇွန်လ ၂၈ ရက် ၊ ၂၀၁၉   ၂၈.၆.၂၀၁၉ ရက် နံနက်(၁၁း၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး၊ ကျောက်စိမ်းခန်းမ၌ ရုံးသုံးပစ္စည်းများ ဝယ်ယူရေးကော်မတီမှ ရုံးသုံးပရိဘောဂများ ဝယ်ယူရန်တင်ဒါဖွင့်ဖောက် စိစစ်ခြင်းအခမ်း အနား ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ လမ်းမတော်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးအေးမာ၊ မရမ်းကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည်၊ ပန်းဘဲတန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦး၊ ပန်းဘဲတန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စိုးပပလှိုင်၊ အလုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်မြင့်၊ …
Read More »