Saturday , September 26 2020
Breaking News
Home / ပြန်ကြားရေး (page 22)

ပြန်ကြားရေး

ရန်ကုန်မြို့တော် အိမ်၊ခြံ၊မြေ သတင်းအချက်အလက်စနစ် တည်ထောင်ရေးဆိုင်ရာ အီလက်ထရောနစ် အခြေပြုမှတ်ပုံတင်စနစ် တစ်ရပ်တည်ထောင်နိုင်မည့် လမ်းပြမြေပုံဆိုင်ရာ အစီရင်ခံစာအား လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနား ကျင်းပ

    ရန်ကုန် ၊ ဖေဖေါ်ဝါရီလ ၂၇ ရက် ၊ ၂၀၂၀ ၂၇.၂.၂၀၂၀ ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ရန်ကုန်မြို့တော် အိမ်၊ခြံ၊မြေ သတင်းအချက်အလက်စနစ် တည်ထောင်ရေးဆိုင်ရာ အီလက်ထရောနစ် အခြေပြုမှတ်ပုံတင်စနစ် တစ်ရပ်တည်ထောင်နိုင်မည့် လမ်းပြမြေပုံဆိုင်ရာ အစီရင်ခံစာအား ရန်ကုန်မြို့တော်စည်ပင်သာယာ‌ရေးကော်မတီသို့ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနား ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

Read More »

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပါတီဝင်များ လာရောက်လေ့လာ

      ရန်ကုန် ၊ ဖေဖေါ်ဝါရီလ ၂၆ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၂၆.၂.၂၀၂၀ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (ပဉ္စမနေ့) ကျင်းပမှုအား တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပါတီဝင်များ လာရောက်လေ့လာခဲ့ပါသည်။

Read More »

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ပူးပေါင်း၍ လူထုဗဟိုပြုစီမံကိန်း ရန်ကုန်တိုင်းဒေသကြီး မြို့နယ်ရွေးချယ်ရေး အကြံဉာဏ်ရယူခြင်းအစည်းအဝေး ကျင်းပ

  ရန်ကုန် ၊ ဖေဖေါ်ဝါရီလ ၂၅ ရက် ၊ ၂၀၂၀ ၂၅.၂.၂၀၂၀ ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နှင့် ကမ္ဘာ့ဘဏ်တို့ပူးပေါင်း၍ လူထုဗဟိုပြုစီမံကိန်း ရန်ကုန်တိုင်းဒေသကြီး မြို့နယ်ရွေးချယ်ရေး အကြံဉာဏ်ရယူခြင်း အစည်းအဝေးအား ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးလှအေး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြပါသည်။

Read More »

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၀) တတိယနေ့အစီအစဉ်

    ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၄ ရက်၊ ၂၀၂၀ပြည့်နှစ်

Read More »

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌဦးတင်မောင်ထွန်း ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ် ရန်ကုန်စီးပွားရေးတက္ကသိုလ်ကကြီးမှူးကျင်းပသော တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်ပေါင်းစုံ ဖိတ်ခေါ်လှေလှော်ပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်

      ရန်ကုန် ၊ ဖေဖေါ်ဝါရီလ ၂၃ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၂၃.၂.၂၀၂၀ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌဦးတင်မောင်ထွန်းသည် ရန်ကုန်မြို့ တက္ကသိုလ်များလှေလှော်အသင်း၌ ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ် ရန်ကုန်စီးပွားရေးတက္ကသိုလ်ကကြီးမှူးကျင်းပသော တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်ပေါင်းစုံ ဖိတ်ခေါ်လှေလှော်ပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်သို့တက်ရောက်ခဲ့ပါသည်။

Read More »

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ မြေအောက်လမ်းကူး လူသွားဥမင် (Underpass)တည်ဆောက်ခြင်း ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပ

    ရန်ကုန် ၊ ဖေဖေါ်ဝါရီလ ၂၃ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၂၃.၂.၂၀၂၀ ရက်နေ့ နံနက်(၀၇:၀၀)နာရီအချိန်တွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ မြေအောက်လမ်းကူး လူသွားဥမင် (Underpass)တည်ဆောက်ခြင်း ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးအောင်စိုးမိုး၊ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။

Read More »

မြန်မာနိုင်ငံကင်းထောက်အဖွဲ့နှင့် Myanmar YMCA, Habitat for Humanity Myanmar, Sailors’ Society တို့ပူးပေါင်းကျင်းပသည့် Scout Founder’s Day နှင့် ကင်းထောက်လူငယ်များ၏ အသိပညာမျှဝေခြင်းအခမ်းအနားတက်ရောက်

    ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၂ ရက်၊ ၂၀၂၀ပြည့်နှစ် ၂၂.၂.၂၀၂၀ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌဦးတင်မောင်ထွန်းသည် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ကျင်းပသည့် မြန်မာနိုင်ငံကင်းထောက်အဖွဲ့နှင့် Myanmar YMCA, Habitat for Humanity Myanmar, Sailors’ Society တို့ပူးပေါင်းကျင်းပသည့် Scout Founder’s Day နှင့် ကင်းထောက်လူငယ်များ၏ အသိပညာမျှဝေခြင်းအခမ်းအနားသို့တက်ရောက်ခဲ့ပါသည်။

Read More »

၂၀၁၉-၂၀၂၀ ခုဘဏ္ဍာရေးနှစ် (၄)ခန်းတွဲ၊ (၄)ထပ်တိုက် အရာထမ်းအိမ်ရာ (၁)လုံး တည်ဆောက်ရန် အတွက် တင်ဒါဖွင့်ဖောက်ရွေးချယ်ပွဲကျင်းပ

    ရန်ကုန် ၊ ဖေဖေါ်ဝါရီလ ၂၁ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၂၁.၂.၂၀၂၀ ရက်နေ့ ညနေ(၀၄:၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ကျောက်စိမ်းခန်းမ၌ ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာရေးနှစ် (၄)ခန်းတွဲ၊ (၄)ထပ်တိုက် အရာထမ်းအိမ်ရာ (၁)လုံးတည်ဆောက်ရန်အတွက် တင်ဒါဖွင့်ဖောက်ရွေးချယ်ပွဲကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဒေါ်နီလာကျော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့် တင်ဒါကော်မတီဝင်များ တက်ရောက်ခဲ့ပါသည်။

Read More »

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးအဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောတူညီချက်ရယူခြင်း

  ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၁ ရက်၊ ၂၀၂၀ပြည့်နှစ် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၀)ဒုတိယနေ့တွင် ရန်ကုန် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးအဖြစ် ဒေါ်ချိုမာလာအား ခန့်အပ်တာဝန်ပေးလိုကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်၏ တင်ပြချက်ကို ၂၀.၂.၂၀၂၀ လွှတ်တော်အစည်းအဝေး ပထမနေ့တွင် ကြေညာ ခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းပုဂ္ဂိုလ်နှင့်စပ်လျဉ်းပြီး ကန့်ကွက်လိုသော လွှတ်တော်ကိုယ်စားလှယ်ရှိပါက ကန့်ကွက် နိုင်ကြောင်း ကြေညာခဲ့သော်လည်း အမည်စာရင်းပေးပို့လာခြင်းမရှိသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးအဖြစ် ဒေါ်ချိုမာလာအား ခန့်အပ်တာဝန်ပေးခြင်းကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၂နှင့်အညီ လွှတ်တော်က သဘောတူကြောင်း ကြေညာခဲ့ပါသည်။

Read More »

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၀) ဒုတိယနေ့အစီအစဉ်

  ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၁ ရက်၊ ၂၀၂၀ ပြည့်နှစ်

Read More »