Saturday , September 26 2020
Breaking News
Home / ပြန်ကြားရေး (page 21)

ပြန်ကြားရေး

Info Myanmar University မှ Computer Laptop များ ပေးအပ်လှူဒါန်း

    ရန်ကုန် ၊ မတ်လ ၄ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၄.၃.၂၀၂၀ ရက်နေ့ နံနက် (၁၁:၀၀)နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး ဥက္ကဋ္ဌရုံးခန်းမ၌ Info Myanmar University မှ Computer Laptop များ ပေးအပ်လှူဒါန်း ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌဦးလင်းနိုင်မြင့်၊ တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေးကော်မတီဥက္ကဋ္ဌဦးရန်အောင်၊ လွှတ်တော်ရုံးမှတာဝန်ရှိသူများနှင့် Info Myanmar University မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Read More »

STI Myanmar University မှ Sufficiency Thinking စာအုပ်များ ပေးအပ်လှူဒါန်း

  ရန်ကုန် ၊ မတ်လ ၄ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၄.၃.၂၀၂၀ ရက်နေ့ နံနက် (၁၁:၀၀)နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး ဥက္ကဋ္ဌရုံးခန်းမ၌ STI Myanmar University မှ Sufficiency Thinking စာအုပ်များ ပေးအပ်လှူဒါန်း ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌဦးလင်းနိုင်မြင့်နှင့် တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေးကော်မတီဥက္ကဋ္ဌဦးရန်အောင်နှင့် STI Myanmar University မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါသည်။

Read More »

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၊ (၄)ခန်းတွဲ (၄)ထပ် အရာထမ်းအိမ်ရာတည်ဆောက်ရေးစီမံကိန်း ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနားကျင်းပ

  ရန်ကုန် ၊ မတ်လ ၄ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၄.၃.၂၀၂၀ ရက်နေ့ နံနက် (၀၉:၀၀)နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးဝန်း၌ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၊ (၄)ခန်းတွဲ (၄)ထပ် အရာထမ်းအိမ်ရာတည်ဆောက်ရေးစီမံကိန်း ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနား ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌဦးလင်းနိုင်မြင့်၊ ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌဦးတင့်လွင်၊ လူမှုရေးနှင့်စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌဦးသာအောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လွှတ်တော်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Read More »

ရန်ကုန်-တရုတ်ယဉ်ကျေးမှုCenter မှ Center တာဝန်ခံ Ms. Xu Ling နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

    ရန်ကုန် ၊ မတ်လ ၃ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၃.၃.၂၀၂၀ ရက်နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး ကျောက်စိမ်းခန်းမ၌ တရုတ်-မြန်မာနှစ်နိုင်ငံ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးနှစ် လှုပ်ရှားမှုပွဲ အကြံပြုချက်များ၊ အနာဂတ်တွင် တရုတ်-မြန်မာနှစ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရန်ကုန်-တရုတ်ယဉ်ကျေးမှုCenterမှ Center တာဝန်ခံ Ms. Xu Ling နှင့် အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပါသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌဦးလင်းနိုင်မြင့်နှင့် လွှတ်တော်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Read More »

တက္ကသိုလ်၊ ကောလိပ်များတွင် သက်ရွယ်ဆင့်တူ ကျန်းမာရေးပညာပေးအစီအစဉ် စတင် ဆောင်ရွက်ခြင်း အခမ်းအနားကျင်းပ

  ရန်ကုန်၊ မတ်လ ၂ ရက်၊ ၂၀၂၀ပြည့်နှစ် ၂.၃.၂၀၂၀ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ တက္ကသိုလ်၊ ကောလိပ်များတွင် သက်ရွယ်ဆင့်တူ ကျန်းမာရေး ပညာပေး အစီအစဉ်စတင် ဆောင်ရွက်ခြင်း အခမ်းအနားကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်း၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြ ပါသည်။

Read More »

ရန်ကုန်တက္ကသိုလ်၊ ဥပဒေပညာဌာန ၊ နှစ်တစ်ရာပြည့်ပွဲတော် အထိမ်းအမှတ် အခမ်းအနားကျင်းပ

  ရန်ကုန်၊ မတ်လ ၁ ရက်၊ ၂၀၂၀ ပြည့်နှစ် ၁.၃.၂၀၂၀ ရက်နေ့၊ နံနက် (၀၈:၃၀)နာရီအချိန်တွင် ကမာရွတ်မြို့နယ်၊ ရန်ကုန်တက္ကသိုလ်၊ အပန်းဖြေရိပ်သာ၌ ရန်ကုန်တက္ကသိုလ်၊ ဥပဒေပညာဌာန ၊ နှစ်တစ်ရာပြည့်ပွဲတော် အထိမ်းအမှတ်အခမ်းအနား ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း၊ ပြည်ထောင်စု တရားလွှတ်တော် တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း ၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးလှအေး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်ခင်မျိုးကြည်၊ ဥပဒေပညာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။

Read More »

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း ဒဂုံမြို့နယ်သို့ကွင်းဆင်းကြည့်ရှု

  ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၉ ရက်၊ ၂၀၂၀ပြည့်နှစ် ၂၉.၂.၂၀၂၀ ရက်နေ့၊ နံနက် (၁၀:၃၀) နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဦးတင်မောင်ထွန်းသည် ဒဂုံမြို့နယ်အတွင်းရှိ တည်ဆောက်ပြုပြင်ရေး လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုခဲ့ပါသည်။

Read More »

မြန်မာ့ ဖရဲ၊ သခွားမွှေးပွဲတော် ၂၀၂၀ အခမ်းအနားကျင်းပ

    ရန်ကုန်၊ ဖေဖေါ်ဝါရီလ ၂၉ ရက်၊ ၂၀၂၀ ပြည့်နှစ် ၂၉.၂.၂၀၂၀ ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ဗဟန်းမြို့နယ်၊ ကန်တော်ကြီး အတွင်းရှိဆင်ဖြူကျွန်းနှင့် မြေပဒေသာကျွန်း၌ မြန်မာ့ဖရဲ၊ သခွားမွှေးပွဲတော် ၂၀၂၀ အခမ်းအနားကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုး၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ပါသည်

Read More »

နောက်ဖေးလမ်းကြားဥယျာဉ်ဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပ

  ရန်ကုန်၊ ဖေဖေါ်ဝါရီလ ၂၉ ရက်၊ ၂၀၂၀ ပြည့်နှစ် ၂၉.၂.၂၀၂၀ ရက်နေ့၊ နံနက် (၀၈:၀၀)နာရီအချိန်တွင် ပန်းဘဲတန်းမြို့နယ်၊ ၃၁ လမ်း(အောက်)နှင့် ဗိုလ်ဆွန်ပတ်လမ်းကြား၌ နောက်ဖေးလမ်းကြား ဥယျာဉ်ဖွင့်လှစ်ခြင်း အခမ်းအနားကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုး၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ပါသည်။

Read More »

လွှတ်တော်ရုံးဝန်ထမ်း၏ ဖခင်နာရေးသို့ သွားရောက်၍ ကျန်ရစ်သူမိသားစုအား အားပေးနှစ်သိမ့် စကားပြောကြား

  ရန်ကုန် ၊ ဖေဖေါ်ဝါရီလ  ၂၇ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၂၇.၂.၂၀၁၉ ရက်နေ့ ၊ နေ့လယ် (၁:၃၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် လွှတ်တော်ရုံးဝန်ထမ်းများသည် လှည်ကူးမြို့နယ်ရှိ လွှတ်တော်ရုံးဝန်ထမ်း၏ ဖခင်နာရေးသို့ သွားရောက်၍ ကျန်ရစ်သူမိသားစုအား အားပေးနှစ်သိမ့် စကားပြောကြားခဲ့ပါသည်။

Read More »