Wednesday , February 19 2020
Breaking News
Home / ပြန်ကြားရေး (page 19)

ပြန်ကြားရေး

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတင်မောင်ထွန်း Leonardo da Vinci ၏ နာမည်ကျော်လက်ရာမြောက်ပန်းချီကားများကို ပုံစံတူ ပန်းချီကားများ အဖြစ် ပြန်လည်ဖန်တီးပြသမည့် ပန်းချီပြပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

    ရန်ကုန် ၊ နိုဝင်ဘာလ ၈ ရက် ၊ ၂၀၁၉ ၈.၁၁.၂၀၁၉ ရက်နေ့ (သောကြာနေ့) ည(၆:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းသည် Rosewood Hotel ၌ ကျင်းပသော Leonardo da Vinci ၏ နာမည်ကျော်လက်ရာမြောက်ပန်းချီကားများကို ပုံစံတူ ပန်းချီကားများ အဖြစ် ပြန်လည်ဖန်တီးပြသမည့် ပန်းချီပြပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပါသည်။

Read More »

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

  ရန်ကုန် ၊ နိုဝင်ဘာလ ၈ ရက် ၊ ၂၀၁၉ ၈.၁၁.၂၀၁၉ ရက် (သောကြာနေ့) နံနက် ၀၉:၃၀ နာရီအချိန်တွင် ကြည့်မြင်တိုင်မြို့နယ်၊ သာဓုပရိယတ္တိ စာသင်တိုက်၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးလှအေး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်၊ လွှတ်တော်ကိုယ်စားလှယ် များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Read More »

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

    ရန်ကုန် ၊ နိုဝင်ဘာလ ၆ ရက် ၊ ၂၀၁၉ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၏ စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာကို ၆.၁၁.၂၀၁၉ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို နမောတဿ (၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ဒဂုံမြို့နယ်အိမ်တော် ရာဝင်း၊ မတ္တရာကျောင်းတိုက်ဆရာတော် ဒေါက်တာ တေဇောဘာသ ထံမှ ငါးပါးသီလခံယူ၍ ဆရာတော်သံဃာတော်များမှ ရွတ်ပွားသရဇ္စျာယ်တော်မူကြသည့်ပရိတ်တရားတော်များ နာယူကြပါသည်။ ယင်းနောက် ဆရာတော်သံဃာတော်များထံ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌနှင့် တရားနာလာကြသူများ၊ လွှတ်တော်ရုံးမိသားစုများက ကထိန်လျာဉာတ်သင်္ကန်း နှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်ထံမှ ကထိန်အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချအမျှပေးဝေပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ် …

Read More »

မှော်ဘီမြို့နယ်၊ ဂျပန်ဘုရားရှိ ရှေးဟောင်းဘုရားများအား ဖူးမျှော်ကြည်ညို

    ရန်ကုန် ၊ နိုဝင်ဘာလ ၃ ရက် ၊ ၂၀၁၉ ၃.၁၁.၂၀၁၉ ရက်နေ့ (တနင်္ဂနွေနေ့) နံနက်(၁၁:၀၀) နာရီအချိန်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့်ဇနီး၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မှော်ဘီမြို့နယ်၊ ဂျပန်ဘုရားရှိ ရှေးဟောင်းဘုရားများအား ဖူးမျှော်ကြည်ညို၍ ဆရာတော်အားနိုင်ငံတော်သမ္မတနှင့် ဇနီးမှ လှူဖွယ် ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။

Read More »

မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်းကျေးရွာအုပ်စု၊ အောင်မင်္ဂလာကျေးရွာ၊ သဇင်ရေကျော် မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာကျောင်းတိုက်တွင် ကထိန်သင်္ကန်းဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

      ရန်ကုန် ၊ နိုဝင်ဘာလ ၃ ရက် ၊ ၂၀၁၉ ၃.၁၁.၂၀၁၉ ရက်နေ့ (တနင်္ဂနွေနေ့) နံနက် (၉:၀၀) နာရီအချိန်၌ မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်းကျေးရွာအုပ်စု၊ အောင်မင်္ဂလာကျေးရွာ၊ သဇင်ရေကျော် မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာကျောင်းတိုက်တွင် ကထိန်သင်္ကန်းဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့်ဇနီး၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ပါသည်။

Read More »

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မုဒွန်းကျေးရွာသို့ သွားရောက် လေ့လာ

    ရန်ကုန် ၊ အောက်တိုဘာလ ၃၁ ရက် ၊ ၂၀၁၉ ခုနှစ် ၃၀.၁၀.၂၀၁၉ ရက်နေ့ ၊ ညနေ (၄:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းသည် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မုဒွန်းကျေးရွာသို့ သွားရောက်လေ့လာခဲ့ပါသည်။ အဆိုပါခရီးစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့်အတူ လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အေးအေးမာ၊ အတွင်းရေးမှူး ဒေါ်သစ်သစ်မြင့်နှင့်အဖွဲ့ဝင်များ ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိက၀တ်၊ အာမခံချက်များနှင့် လွှတ်တော်အခွင့်အရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းနှင့်အဖွဲ့ဝင်များ လိုက်ပါခဲ့ကြပါသည်။

Read More »

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် ပင ကျေးရွာရှိ ဆားကွင်းများသို့ ကွင်းဆင်းလေ့လာ

    ရန်ကုန် ၊ အောက်တိုဘာလ ၃၁ ရက် ၊ ၂၀၁၉ ခုနှစ် ၃၀.၁၀.၂၀၁၉ ရက်နေ့ ၊ နံနက်(၉:၃၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းသည် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် ပင ကျေးရွာရှိ ဆားကွင်းများသို့ ကွင်းဆင်းလေ့လာခဲ့ပါသည်။ အဆိုပါခရီးစဉ်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့်အတူလွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်အေးအေးမာ၊ အတွင်းရေးမှူး ဒေါ်သစ်သစ်မြင့်နှင့် အဖွဲ့ဝင်များ လိုက်ပါခဲ့ကြပါသည်။

Read More »

လွှတ်တော်ဥက္ကဋ္ဌ    HANBOOM (MYANMAR) GARMENT Co.,ltd ၏အထည်ချုပ်စက်ရုံ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

    ရန်ကုန် ၊ အောက်တိုဘာလ ၂၉ ရက် ၊ ၂၀၁၉  ခုနှစ် ၂၉.၁၀.၂၀၁၉ ရက်နေ့ ၊ နံနက်(၉:၀၀) နာရီအချိန်တွင် လှိုင်သာယာမြို့နယ်၊ ရွေလင်ပန်းစက်မှုဇုန်၌  HANBOOM (MYANMAR) GARMENT Co.,ltd ၏ အထည်ချုပ်စက်ရုံဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ လှိုင်သာယာမြို့နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။

Read More »

လွှတ်တော်ဥက္ကဋ္ဌ ဒဂုံမြို့နယ်နှင့်အလုံမြို့နယ်များသို့ ကွင်းဆင်းကြည့်ရှု

    ရန်ကုန် ၊ အောက်တိုဘာလ ၂၈ ရက် ၊ ၂၀၁၉ ၂၈.၁၀.၂၀၁၉ ရက်နေ့ (တနင်္လာ)နေ့ ညနေ (၄:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်၊ အလုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဒဂုံမြို့နယ်နှင့် အလုံမြို့နယ်များသို့ ကွင်းဆင်းကြည့်ရှုခဲ့ပါသည်။

Read More »

လွှတ်တော်ဥက္ကဋ္ဌ လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ ဖလား ရပ်ကွက်၊ကျေးရွာ ပေါင်းစုံ ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားတက်ရောက်

  ရန်ကုန် ၊ အောက်တိုဘာလ ၂၇ ရက် ၊ ၂၀၁၉ ၂၇.၁၀.၂၀၁၉ ရက်နေ့ နေ့လယ် (၁:၀၀) နာရီအချိန်တွင် လှိုင်သာယာမြို့နယ်၊ အားကစားကွင်း၌ လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ ဖလား ရပ်ကွက်၊ကျေးရွာ ပေါင်းစုံ ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ပါသည်။

Read More »