Saturday , September 26 2020
Breaking News
Home / ပြန်ကြားရေး (page 18)

ပြန်ကြားရေး

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်သို့ Covid-19 ရောဂါပိုးမွှားကာကွယ်ကုသထိန်းချုပ်ရေးပစ္စည်းများ လှူဒါန်း

ရန်ကုန် ၊ ဧပြီလ ၉ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၉.၄.၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က လှူဒါန်းသော Covid-19 ရောဂါပိုးမွှားကာကွယ်ကုသထိန်းချုပ်ရေးပစ္စည်းများအား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် လွှတ်တော်ရုံးအကြီးအမှူးတို့က လှိုင်သာယာမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။

Read More »

ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်နှင့် ကျောက်တန်းမြို့နယ်များသို့ Covid-19 ရောဂါပိုးမွှား ကာကွယ်ကုသထိန်းချုပ်ရေးပစ္စည်းများ လှူဒါန်း

  ရန်ကုန် ၊ ဧပြီလ ၉ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၉.၄.၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က လှူဒါန်းသော Covid-19 ရောဂါပိုးမွှား ကာကွယ်ကုသထိန်းချုပ်ရေးပစ္စည်းများအား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌဦးတင်မောင်ထွန်းက ကော့မှူးမြို့နယ်နှင့် ကျောက်တန်းမြို့နယ်များသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။

Read More »

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်သို့ Covid-19 ရောဂါပိုးမွှား ကာကွယ်ကုသထိန်းချုပ်ရေး ပစ္စည်းများ လှူဒါန်း

ရန်ကုန် ၊ ဧပြီလ ၉ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၉.၄.၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်း‌ဒေသကြီး၊ အင်းစိန်မြို့နယ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကလှူဒါန်းသော Covid-19 ရောဂါ ပိုးမွှားကာကွယ်ကုသထိန်းချုပ်ရေးပစ္စည်းများအား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တို့ထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။

Read More »

ကောင်းမြတ်စီးပွားရေးလုပ်ငန်းရှင်များအသင်းက Covid-19 ရောဂါပိုးကာကွယ်ရေးပစ္စည်းများ လှူဒါန်း

  ရန်ကုန် ၊ ဧပြီလ ၉ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၉.၄.၂၀၂၀ ရက်နေ့ နံနက် ၁၀:၀၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ကျောက်စိမ်းခန်းမ၌ ကောင်းမြတ်စီးပွားရေးလုပ်ငန်းရှင်များအသင်းက Covid-19 ရောဂါပိုး ကာကွယ်ရေးပစ္စည်းများဖြစ်သော Mask(ရိုးရိုး)၊ Mask(ဆေးရုံသုံး)၊ လက်အိတ်၊ PPE ဝတ်စုံ၊ လက်သန့်ဆေးရည်နှင့် အပူချိန်တိုင်းစက်များ လာရောက်လှူဒါန်းခြင်းအား လက်ခံခဲ့ပါသည်။ အဆိုပါလှူဒါန်းခြင်းအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံးက တာဝန်ရှိသူများနှင့် အလှူရှင် ကောင်းမြတ်စီးပွားရေးလုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

Read More »

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်သို့ Covid-19 ရောဂါပိုးမွှားကာကွယ်ရေး ဆေးဝါးပစ္စည်းများ လှူဒါန်း

    ရန်ကုန် ၊ ဧပြီလ ၈ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၈.၄.၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က လှူဒါန်းသော Covid-19 ရောဂါပိုးမွှားကာကွယ်ရေး ဆေးဝါးပစ္စည်းများအား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ထံပေးအပ်လှူဒါန်းခဲ့ပါသည်။

Read More »

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ကော့မှူးမြို့နယ်နှင့် တိုက်ကြီးမြို့နယ်များသို့ Covid-19 ရောဂါပိုးမွှားကာကွယ်ရေးဆေးဝါးပစ္စည်းများလှူဒါန်း

      ရန်ကုန် ၊ ဧပြီလ ၈ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၈.၄.၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က လှူဒါန်းသော Covid-19 ရောဂါပိုးမွှားကာကွယ်ရေး ဆေးဝါးပစ္စည်းများအား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံးတာဝန်ရှိသူများက အလုံမြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နှင့် ကော့မှူးမြို့နယ်များရှိ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် များထံသို့ လှူဒါန်းခဲ့ပြီး တိုက်ကြီးမြို့နယ် တော်လတီဆေးရုံသို့လည်း ထပ်မံလှူဒါန်းခဲ့ပါသည်။

Read More »

SPIC က Thermometer ၊ Medical Surgical Mask နှင့် Covid-19 အဆုတ်ရောင်ကာကွယ်ရေး လက်စွဲစာအုပ်များလှူဒါန်း

  ရန်ကုန် ၊ ဧပြီလ ၈ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၈.၄.၂၀၂၀ ရက်နေ့ နံနက် ၁၀:၀၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ကျောက်စိမ်းခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းသည် SPIC က Thermometer ၊ Medical Surgical Mask နှင့် Covid-19 အဆုတ်ရောင်ကာကွယ်ရေး လက်စွဲစာအုပ်များ လာရောက်လှူဒါန်းခြင်းအား လက်ခံခဲ့ပါသည်။ အဆိုပါလှူဒါန်းခြင်းအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယ ဥက္ကဋ္ဌဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့် အလှူရှင် SPIC မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

Read More »

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ တိုက်ကြီးမြို့နယ်နှင့်အဖျောက်မြို့နယ်ခွဲများသို့ Covid-19 ရောဂါပိုးမွှားကာကွယ်ရေး ဆေးဝါးပစ္စည်းများ လှူဒါန်း

    ရန်ကုန် ၊ ဧပြီလ ၇ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၇.၄.၂၀၂၀ ရက်နေ့ နံနက် ၁၀:၃၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က ထန်းတပင်မြို့နယ်၊ တိုက်ကြီးမြို့နယ်နှင့် အဖျောက်မြို့နယ်ခွဲများရှိ Facility Quarantine Centerများအတွက် Covid-19 ရောဂါပိုးမွှား ကာကွယ်ရေး ဆေးဝါးပစ္စည်းများအား လှူဒါန်းခဲ့ပါသည်။ အဆိုပါ ဆေးဝါးပစ္စည်းများကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယ ဥက္ကဋ္ဌဦးလင်းနိုင်မြင့်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက လှူဒါန်းခဲ့ပြီး ထန်းတပင်မြို့နယ်နှင့် တိုက်ကြီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက လက်ခံခဲ့ပါသည်။

Read More »

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်းကျေးရွာ၊ ဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္ဒရာမကျောင်းတိုက်ရှိ Facility Quarantine Center သို့ ဒုတိယအကြိမ် ဝတ္ထုငွေလှူဒါန်း

  ရန်ကုန် ၊ ဧပြီလ ၇ ရက် ၊ ၂၀၂၀ ပြည့်နှစ်   ၇.၄.၂၀၂၀ ရက်နေ့နံနက် ၉:၃၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်းကျေးရွာ၊ ဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္ဒရာမကျောင်းတိုက်ရှိ Facility Quarantine Center သို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယ ဥက္ကဋ္ဌဦးလင်းနိုင်မြင့်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ဒုတိယအကြိမ် ဝတ္ထုငွေ ဆပ်ကပ်လှူဒါန်းခဲ့ပြီး ဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္ဒရာမကျောင်းတိုက် ပဓာယကဆရာတော် အရှင်ဆေကိန္ဒက သာဓုအနုမောဒနာတရားပြန်လည်ချီးမြှင့်ပါသည်။ ၂၄.၃.၂၀၂၀ ရက်နေ့တွင် အဆိုပါ Facility Quarantine Center သို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဦးတင်မောင်ထွန်းနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များက ပထမ အကြိမ် …

Read More »

ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်သို့ Covid-19 ရောဂါပိုးမွှားကာကွယ်ရေး ဆေးဝါးပစ္စည်းများ လှူဒါန်း

ရန်ကုန် ၊ ဧပြီလ ၇ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၇.၄.၂၀၂၀ ရက်နေ့ ညနေ ၄း၀၀နာရီတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က လှူဒါန်းသော Covid-19 ရောဂါပိုးမွှားကာကွယ်ရေး ဆေးဝါးပစ္စည်းများအား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး တာဝန်ရှိသူက ဆိပ်ကြီးခနောင်တိုမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။

Read More »