Thursday , April 22 2021
Breaking News
Home / ပြန်ကြားရေး (page 12)

ပြန်ကြားရေး

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၂/၂၀၂၀)ကျင်းပရန် ခေါ်ယူ

ရန်ကုန် ၊ မေလ ၂၆ ရက် ၊ ၂၀၂၀ ပြည့်နှစ်

Read More »

ပြည်သူ့ငွေစာရင်းကော်မတီ၏ ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်စိစစ်ညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန်၊ မေလ ၂၅ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၂၅.၅.၂၀၂၀(တနင်္လာနေ့)၊ နေ့လယ် (၁၂:၀၀)နာရီမှ (၁၅:၃၀)နာရီအထိ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး ပုလဲခန်းမတွင် ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေရသုံး ခန့်မှန်းခြေငွေစာရင်း (လျာထားချက်)နှင့်စပ်လျဉ်း၍ ငွေကြေးဆိုင်ရာ စိစစ်လေ့လာတွေ့ရှိချက်၊ သုံးသပ်အကြံပြုချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအား တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းနိုင်ရေးအတွက် ကော်မတီ၏ အကြံပြုချက်ရယူရန် ပြည်သူ့ငွေစာရင်းကော်မတီ အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌဦးတင့်လွင်၊ ဒုတိယဥက္ကဋ္ဌ ဦးတင်ဝင်း၊ အတွင်းရေးမှူး ဒေါ်သက်ထားနွယ်ဝင်းနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

Read More »

Covid – 19 ကပ်ရောဂါကြောင့်တောင်သူများ စပါးအထွက်နှုန်းကျဆင်းမှုမရှိစေရေးနှင့် တိုးတက် ထွက်ရှိစေရေးအတွက် မျိုးစေ့အဆင့်ပြောင်းလဲစိုက်ပျိုးနိုင်ရန် အခမဲ့မျိုးစပါးထောက်ပံ့ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

  ရန်ကုန် ၊ မေလ ၂၅ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၂၅.၅.၂၀၂၀ ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ Covid – 19 ကပ်ရောဂါကြောင့်တောင်သူများ စပါးအထွက်နှုန်းကျဆင်းမှု မရှိ စေရေးနှင့် တိုးတက်ထွက်ရှိစေရေးအတွက် မျိုးစေ့အဆင့်ပြောင်းလဲစိုက်ပျိုးနိုင်ရန် အခမဲ့မျိုးစပါး ထောက်ပံ့ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးဟံထွန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီး …

Read More »

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ သန်လျင်မြို့နယ်၊ သုံးခွမြို့နယ်နှင့် ခရမ်းမြို့နယ်များသို့ Covid-19 ကာကွယ်ကုသထိန်းချုပ်ရေးပစ္စည်းများလှူဒါန်း

ရန်ကုန် ၊ မေလ ၂၀ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၂၀.၅.၂၀၂၀ ရက်နေ့တွင် အလုံမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ သန်လျင်မြို့နယ်၊ သုံးခွမြို့နယ်နှင့် ခရမ်းမြို့နယ်များရှိ Covid-19 စောင့်ကြည့်လူနာများအတွက် ပြည်သူ့ဆေးရုံ၊ တိုက်နယ်ဆေးရုံနှင့် ဒေသန္တရဆေးပေးခန်းများတွင် အသုံးပြုရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ လှူဒါန်းသော Covid-19 ကာကွယ်ကုသထိန်းချုပ်ရေး ပစ္စည်း( Mask ၊ PPE ၊ Hand Gel ၊ လက်အိတ်၊ ခေါင်းစွပ်နှင့် အရက်ပျံ ) များအား ရန်ကုန်တိုင်းဒေသကြီးလွှတ်‌တော်ရုံး တာဝန်ရှိသူများက အလုံမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ သန်လျင်မြို့နယ်၊ သုံးခွမြို့နယ်နှင့် ခရမ်းမြို့နယ်များရှိ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။

Read More »

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်သို့ အခြေခံစားသောက်ကုန်(ဆန်)များလှူဒါန်း

    ရန်ကုန် ၊ မေလ ၂၀ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၂၀.၅.၂၀၂၀ ရက်နေ့ ညနေ (၃:၀၀) နာရီအချိန်တွင် သာကေတမြို့နယ်ရှိ အခြေခံအိမ်ထောင်စုများအား အခြေခံစားသောက်ကုန် (ဆန်)အတွက် လှူဒါန်းငွေကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး တာဝန်ရှိသူက သာကေတမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်ဝင်းထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။

Read More »

ကော့မှူးမြို့နယ်အတွင်း သောက်သုံးရေရှားပါးသော ကျေးရွာများသို့ အလှူငွေများပေးအပ်လှူဒါန်း

    ရန်ကုန် ၊ မေလ ၁၇ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၁၇.၅.၂၀၂၀ ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် ကော့မှူးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း သည် ကော့မှူးမြို့နယ်အတွင်း သောက်သုံးရေရှားပါးသော ကျေးရွာ(၄)ရွာသို့ အလှူငွေများပေးအပ် လှူဒါန်းခဲ့ပါသည်။

Read More »

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ လွှတ်တော်အစည်းအဝေးကျင်းပရန် ပြင်ဆင်ထားမှု အခြေအနေအား လှည့်လည်ကြည်ရှု

    ရန်ကုန် ၊ မေလ ၁၉ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၁၉.၅.၂၀၂၀ ရက်နေ့ မွန်းလွဲ (၁၃:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များသည် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ လွှတ်တော်အစည်းအဝေးကျင်းပရန် ပြင်ဆင်ထားမှု အခြေအနေအား လှည့်လည်ကြည်ရှုခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့် လွှတ်တော်နှင့်နေအိမ်အဆောက်အဦများထိန်းသိမ်းရေးအဖွဲ့(ရန်ကုန်)မှ တာဝန်ရှိသူများက ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပါသည်။

Read More »

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်သို့ Covid-19 ကာကွယ်ကုသထိန်းချုပ်ရေးပစ္စည်းများနှင့် အခြေခံစားသောက်ကုန်များလှူဒါန်း

  ရန်ကုန် ၊ မေလ ၁၉ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၁၉.၅.၂၀၂၀ ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် အင်းစိန်မြို့နယ်၊ GTI စုဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌဦးတင်မောင်ထွန်း၊ အင်းစိန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးသာအောင်နှင့် အင်းစိန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်တို့သည် Covid-19 ကာကွယ်ကုသ ထိန်းချုပ်ရေးပစ္စည်း (Mask, PPEနှင့် အရက်ပျံ)များနှင့် အင်းစိန်မြို့နယ်၊ ကမ်းနားအနောက်ရပ်ကွက်မှ အိမ်ထောင်စု (၈၀)စုအတွက် အခြေခံစားသောက်ကုန်(ဆန်၊ ဆီ၊ ကြက်ဥ၊ ကုလားပဲ၊ ကြက်သွန်နီနှင့် ဆား)များအား လှူဒါန်းခဲ့ပါသည်။

Read More »

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံးတွင် Covid-19 ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် ပိုးသတ်ဆေးပက်ဖျန်းခြင်းလုပ်ငန်းများဆောင်ရွက်

    ရန်ကုန် ၊ မေလ ၁၈ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၁၈.၅.၂၀၂၀ ရက်နေ့ ညနေ(၃:၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၌ Covid-19 ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်ကဦးဆောင်၍ စမ်းချောင်းမြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ကျောက်တံတားမြို့နယ် မီးသတ်တပ်ဖွဲ့မှ အင်အား(၃၀)ဦး တို့သည် ပိုးသတ်ဆေးပက်ဖျန်းခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ပိုးသတ်ဆေးပက်ဖျန်းခြင်းလုပ်ငန်းများကို လွှတ်တော်ဥက္ကဋ္ဌရုံးခန်း၊ ဒုတိယဥက္ကဋ္ဌရုံးခန်း၊ လွှတ်တော်အစည်းအဝေးခန်းမ၊ မုခ်ဦးဆောင်၊ လွှတ်တော်ရေးရာကော်မတီရုံးခန်းများ၊ လွှတ်တော် ရုံးခန်းများ၊ Media Corner၊ အစည်းအဝေးခန်းများနှင့် လျှောက်လမ်းများ၊ ဧည့်ရိပ်သာနှင့် လွှတ်တော်ရုံးဝင်းအတွင်း ပက်ဖျန်းခဲ့ကြပါသည်။

Read More »

ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်သို့ Covid-19 ကာကွယ်ကုသထိန်းချုပ်ရေးပစ္စည်း အရက်ပျံများလှူဒါန်း

ရန်ကုန် ၊ မေလ ၁၈ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၁၈.၅.၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှလှူဒါန်းသော Covid-19 ကာကွယ်ကုသထိန်းချုပ်ရေးပစ္စည်းအရက်ပျံများအား တိုင်းဒေသကြီးလွှတ်တော်ရုံးတာဝန်ရှိသူက ကော့မှူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းအောင်ထံပေးအပ်လှူဒါန်း ပါသည်။

Read More »