Thursday , April 22 2021
Breaking News
Home / ပြန်ကြားရေး (page 11)

ပြန်ကြားရေး

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၂၀) ပထမနေ့အစီအစဉ်

  ရန်ကုန်၊ ဇွန်လ ၂ ရက်၊ ၂၀၂၀ပြည့်နှစ်

Read More »

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၂/၂၀၂၀)ကျင်းပရန် ပြင်ဆင်ထားမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

    ရန်ကုန် ၊ ဇွန်လ ၁ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၁.၆.၂၀၂၀ ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၂/၂၀၂၀)ကျင်းပရန် ပြင်ဆင်ထားမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပါသည်။

Read More »

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံးတွင် Covid-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေး အတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများဆောင်ရွက်

    ရန်ကုန်၊ မေလ ၃၀ ရက်၊ ၂၀၂၀ပြည့်နှစ် ၃၀.၅.၂၀၂၀ ရက်နေ့၊ နံနက်(၉:၀၀)နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး၌ Covid-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် မြန်မာနိုင်ငံမီးသတ်ဌာနချုပ်ကဦးဆောင်၍ စမ်းချောင်းမြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ကျောက်တံတားမြို့နယ် မီးသတ်တပ်ဖွဲ့မှ အင်အား(၅၀)ဦးတို့သည် ပိုးသတ်ဆေးပက်ဖျန်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ပိုးသတ်ဆေးပက်ဖျန်းခြင်းလုပ်ငန်းများကို လွှတ်တော်ဒုတိယဥက္ကဋ္ဌရုံးခန်း၊ လွှတ်တော်အစည်းအဝေးခန်းမ၊ မုခ်ဦးဆောင်၊ လွှတ်တော်ရေးရာကော်မတီရုံးများ၊ လွှတ်တော်ရုံးခန်းများ၊ Media Corner၊ အစည်းအဝေးခန်းများနှင့် လျှောက်လမ်းများ၊ ဝန်ထမ်းအိမ်ရာနှင့် လွှတ်တော်ရုံးဝင်းအတွင်း ပက်ဖျန်းခဲ့ကြပါသည်။

Read More »

အဝေးထိန်းစက်ရုပ်မီးသတ်ယာဉ်ဖြင့် မီးငြိမ်းသတ်ခြင်း သရုပ်ပြနေမှုအား ကြည့်ရှုစစ်ဆေး

  ရန်ကုန် ၊ မေလ ၂၉ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၂၉.၅.၂၀၂၀ ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံးဝင်းအတွင်း၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးဆောင်သော မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၏ အဝေးထိန်းစက်ရုပ်မီးသတ်ယာဉ်ဖြင့် မီးငြိမ်းသတ်ခြင်း၊ သရုပ်ပြနေမှုအားကြည့်ရှု့စစ်ဆေးခဲ့ပါသည်။

Read More »

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ ကျန်းမာရေးဦးစီးဌာနသို့ Covid-19 ကာကွယ်ကုသ ထိန်းချုပ်ရေးပစ္စည်းများလှူဒါန်း

    ရန်ကုန် ၊ မေလ ၂၉ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၂၉.၅.၂၀၂၀ ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကျန်းမာရေးဦးစီးဌာန၌ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် လှည်းကူးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြတ်မာလာထွန်းတို့သည် Covid-19 ကာကွယ်ကုသထိန်းချုပ်ရေးပစ္စည်းများအား တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။

Read More »

ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၂၀) ကျင်းပစဉ် လွှတ်တော်ကိုယ်စားလှယ်များ ခေတ္တတည်းခိုမည့် Hotel Sanchaung သို့ သွားရောက်ကြည့်ရှု

    ရန်ကုန်၊ မေလ ၂၈ ရက်၊ ၂၀၂၀ ပြည့်နှစ် ၂၈.၅.၂၀၂၀ ရက်နေ့၊ ညနေ (၆:၀၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်းသည် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး ( ၂/၂၀၂၀ ) ကျင်းပစဉ်ကာလအတွင်း တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ ခေတ္တသီးခြားတည်းခိုနေထိုင်မည့် စမ်းချောင်းမြို့နယ် ၊ ဗဟိုလမ်းမပေါ်ရှိ Hotel Sanchaung သို့ covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ညွှန်ကြားချက်များနှင့်အညီပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ အဆိုပါ သွားရောက်ကြည့်ရှုမှုသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဒေါ်မိုးမိုးစုကြည် ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးမှတာဝန်ရှိသူများ လိုက်ပါခဲ့ကြပါသည်။

Read More »

ဥပဒေကြမ်းကော်မတီ ပူးပေါင်းအစည်းအဝေး အမှတ်စဉ်(၁၉/၂၀၂၀)ကျင်းပ

  ရန်ကုန်၊ မေလ ၂၈ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၂၈.၅.၂၀၂၀ ရက်၊ (ကြာသပတေးနေ့)၊ နံနက် (၁၀:၀၀) နာရီအချိန်မှ (၁၂:၀၀)နာရီ အချိန်အထိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၊ ပုလဲခန်းမတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ (၂၀၁၈ ခုနှစ်) ပြဋ္ဌာန်းချက်ပါ ပုဒ်မအချို့အား ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ အစည်းအဝေး ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့် ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်း၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးသိန်းမြင့်၊ အတွင်းရေးမှူး ဦးဝင်းမောင်(ခ) ဦးဦးဝင်းမောင်နှင့်ကော်မတီအဖွဲ့ဝင်များ ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ …

Read More »

ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်ရှိရပ်ကွက်နှင့် ကျေးရွာများသို့ အခြေခံစားသောက်ကုန်များ လှူဒါန်း

    ရန်ကုန် ၊ မေလ ၂၇ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၂၇.၅.၂၀၂၀ ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းသည် ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်အတွင်းရှိ အမှတ်(၉)ရပ်ကွက်၊ ကျောင်းစုပတုတ်ကျေးရွာ၊ ဦးသာအောင်ပတုတ်ကျေးရွာ၊ ဦးကြာမှိုင်းပတုတ်ကျေးရွာ၊ ညောင်ပင်ကြီး တဲစုကျေးရွာ၊ ကွန်ကလကျေးရွာနှင့် ဆင်ခိုးကျေးရွာများသို့ အခြေခံစားသောက်ကုန်များ သွားရောက်လှူဒါန်းခဲ့ပါသည်။ အဆိုပါ လှူဒါန်းမှုတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ သုံးခွမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်ခဲ့ကြပြီး ရပ်ကွက်နှင့်ကျေးရွာအုပ်စုများရှိ အိမ်ထောင်စု (၁၅၀)အား အခြေခံစားသောက်ကုန်များလှူဒါန်း၍ ဆင်ခိုးကျေးရွာဘုန်းကြီး‌ကျောင်း၊ ကျောင်းထိုင်ဆရာတော်အား ဝတ္ထုငွေများဆက်ကပ်လှူဒါန်းခဲ့ပါသည်။

Read More »

ပြည်သူ့ငွေစာရင်းကော်မတီ၏ ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်စိစစ်ညှိနှိုင်း အစည်းအဝေးကျင်းပ

  ရန်ကုန်၊ မေလ ၂၆ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၂၆.၅.၂၀၂၀(အင်္ဂါနေ့)၊ နေ့လယ် (၁၃:၀၀)နာရီမှ (၁၆:၀၀)နာရီအထိ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး ပုလဲခန်းမတွင် ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေရသုံး ခန့်မှန်းခြေငွေစာရင်း (လျာထားချက်)နှင့်စပ်လျဉ်း၍ ငွေကြေးဆိုင်ရာ စိစစ်လေ့လာတွေ့ရှိချက်၊ သုံးသပ်အကြံပြုချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအား တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းနိုင်ရေးအတွက် ကော်မတီ၏ အကြံပြုချက်ရယူရန် ပြည်သူ့ငွေစာရင်းကော်မတီ အစည်းအဝေးအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌဦးတင့်လွင်၊ ဒုတိယဥက္ကဋ္ဌ ဦးတင်ဝင်း၊ အတွင်းရေးမှူး ဒေါ်သက်ထားနွယ်ဝင်းနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

Read More »

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၂/၂၀၂၀)ကျင်းပရန် ပြင်ဆင်ထားမှုအခြေအနေများအား သတင်း မှတ်တမ်းလာရောက်ရိုက်ကူး

  ရန်ကုန် ၊ မေလ ၂၆ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၂၆.၅.၂၀၂၀ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး၌ မြန်မာအသံနှင့်ရုပ်မြင်သံကြားမှ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၂/၂၀၂၀)ကျင်းပရန် ပြင်ဆင်ထားမှုအခြေအနေများအား သတင်းမှတ်တမ်းလာရောက် ရိုက်ကူး ခဲ့ပါသည်။

Read More »