ရန်ကုန်၊ ဇွန်လ ၃ ရက်၊ ၂၀၂၀ပြည့်နှစ် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၀)ဒုတိယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးရဲမင်းဦးအား ခန့်အပ်တာဝန်ပေးလိုကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်၏ တင်ပြချက်ကို ၂.၆.၂ဝ၂၀ ရက်နေ့ လွှတ်တော်အရေးပေါ် အစည်းအဝေး(၂/၂၀၂၀) ပထမနေ့တွင် ကြေညာခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းပုဂ္ဂိုလ်နှင့် စပ်လျဉ်းပြီး ကန့်ကွက်လိုသော လွှတ်တော် ကိုယ်စားလှယ်ရှိပါက ကန့်ကွက်နိုင်ကြောင်း ကြေညာခဲ့သော်လည်း အမည်စာရင်း ပေးပို့လာခြင်းမရှိသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ်ဦးရဲမင်းဦးအား ခန့်အပ်တာဝန်ပေးခြင်းကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၅၂ နှင့်အညီ လွှတ်တော်ကသဘောတူကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာခဲ့ပါသည်။
Read More »ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၂၀) ဒုတိယနေ့ ကျင်းပ
ရန်ကုန်၊ ဇွန်လ ၃ ရက်၊ ၂၀၂၀ပြည့်နှစ် ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၂၀) ဒုတိယနေ့ကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၃ ရက် ၊ ဗုဒ္ဓဟူးနေ့၊ နံနက် ၁၀:၀၀ နာရီတွင် ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပရာ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်ဦးရေ ၁၂၂ ဦး အနက် ၁၁၄ ဦး တက်ရောက်ခဲ့ကြပါသည်။ အရေးပေါ်အစည်းအဝေး(၂/၂၀၂၀) ဒုတိယနေ့တွင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်း ၆ ခု မေးမြန်းခဲ့ပြီး မေးခွန်းများအား သက်ဆိုင်ရာ အစိုးရအဖွဲ့ဝင် ဝန်ကြီးများကပြန်လည်ဖြေကြားခြင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လစ်လပ်လျက်ရှိသော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘော တူညီချက်ရယူခြင်း၊ရန်ကုန်တိုင်းဒေသကြီး၏ …
Read More »ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၂၀) ဒုတိယနေ့ အစီအစဉ်
ရန်ကုန်၊ ဇွန်လ ၃ ရက်၊ ၂၀၂၀ပြည့်နှစ်
Read More »ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ရသံးခန့်မှန်းခြေငွေစာရင်း (လျာထားချက်)ကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်ကလွှတ်တော်သို့ ရှင်းလင်းတင်ပြခြင်း
ရန်ကုန်၊ ဇွန်လ ၂ ရက်၊ ၂၀၂၀ပြည့်နှစ် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၂၀)ပထမနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စိုက်ပျိုးရေး၊မွေးမြူရေး၊သစ်တောနှင့်စွမ်းအင် ဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ရသံးခန့်မှန်းခြေငွေစာရင်း (လျာထားချက်) ကို လွှတ်တော်သို့ရှင်းလင်းတင်ပြခဲ့ပြီး အဆိုပါ ရသုံးခန့်မှန်းခြေ ငွေစာရင်း (လျာထားချက်)နှင့် စပ်လျဉ်း၍ ပြည်သူ့ ငွေစာရင်းကော်မတီ၏ ငွေကြေးဆိုင်ရာ စိစစ်လေ့လာတွေ့ရှိချက်၊ သုံးသပ်အကြံပြုချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာ ဖတ်ကြားတင်ပြခြင်းနှင့် ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တောင်းခံခြင်းတို့ကို ဆက်လက်ကျင်းပမည့် အစည်းအဝေးများတွင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း လွှတ်တော် ဥက္ကဋ္ဌကကြေညာခဲ့ပါသည်။
Read More »ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်သို့ တင်သွင်းခြင်း
ရန်ကုန်၊ ဇွန်လ ၂ ရက်၊ ၂၀၂၀ပြည့်နှစ် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၂၀)ပထမနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စည်ပင်သာယာရေးဝန်ကြီးက ရန်ကုန်မြို့တော်စည်ပင် သာယာရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်သို့ တင်သွင်းခဲ့ပြီး အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ စိစစ်လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ ဖတ်ကြားခြင်း၊ ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တောင်းခံခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ကို ဆက်လက်ကျင်းပမည့် လွှတ်တော်အစည်းအဝေးများတွင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း လွှတ်တော် ဥက္ကဋ္ဌမှကြေညာခဲ့ပါသည်။
Read More »ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းနှင့် နောက်ထပ်ဘဏ္ဍာရန်ပုံငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းကို သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်း ဝင်က လွှတ်တော်သို့ ရှင်းလင်းတင်ပြခြင်းနှင့် ဥပဒေကြမ်းတင်သွင်းခြင်း
ရန်ကုန်၊ ဇွန်လ ၂ ရက်၊ ၂၀၂၀ပြည့်နှစ် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၀)ပထမနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စိုက်ပျိုးရေး၊မွေးမြူရေး၊သစ်တောနှင့်စွမ်းအင် ဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေနှင့်ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်း(လျာထားချက်)ကို လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ပြီး အဆိုပါ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်း ကော်မတီတို့၏ လေ့လာစိစစ်တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ ဖတ်ကြားတင်ပြခြင်းနှင့် ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တောင်းခံခြင်းတို့ကို ဆက်လက်ကျင်းပမည့် အစည်းအဝေးများတွင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာခဲ့ပါသည်။
Read More »တိုင်းဒေသကြီးဝန်ကြီးချုပ်က စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး အစားထိုးခန့်အပ်နိုင်ရေးအတွက် အမည်စာရင်းကို လွှတ်တော်သို့တင်ပြခြင်း
ရန်ကုန်၊ ဇွန် လ ၂ ရက်၊ ၂၀၂၀ပြည့်နှစ် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၂၀)ပထမနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တွင် လစ်လပ်လျက်ရှိသော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်မည့် ပုဂ္ဂိုလ်အား ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၆၂၊ ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၅၂ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၀ တို့အရ တိုင်းဒေသကြီးလွှတ်တော်၏ သဘောတူညီချက် ရယူရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌထံသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၁.၆.၂၀၂၀ ရက်စွဲပါစာအမှတ်၊ ၃ / ၅ – ၁ …
Read More »ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၂/၂၀၂၀) ပထမနေ့တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌပြောကြားသည့် ကြိုဆိုနှုတ်ခွန်းဆက်အမှာစကား
ရန်ကုန်၊ ဇွန်လ ၂ ရက်၊ ၂၀၂၀ပြည့်နှစ် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား ဒီနေ့ ကမ္ဘာကြီးဟာ COVID-19 အသက်ရှုလမ်းကြောင်းဆိုင်ရာ ကပ်ရောဂါ ဝေဒနာဆိုးကြီးကို ကြုံကြိုက်တွန်းလှန်နေကြရတဲ့ အချိန်အခါပဲဖြစ်ပါတယ်။ ပြည်ပနိုင်ငံ တစ်ချို့မှာ ကပ်ရောဂါဆိုးကြီးကြောင့် အသေအပျောက်များစွာ ကြုံတွေ့ခဲ့ကြရပြီးမကြာခင် မြန်မာနိုင်ငံမှာ ရောဂါကူးစက်မှု ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရဟာ အခြားနိုင်ငံတွေမှာ COVID-19 ကပ်ရောဂါ ကြုံတွေ့ချိန် ကတည်းက လေ့လာခြင်း၊ ကာကွယ်မှုပြုလုပ်နိုင်မည့် အချက်အလက်များ ဆောင်ရွက်ခြင်းတို့ကို ကြိုတင်ပြင်ဆင်နိုင်ခဲ့ပြီး လူနာစတင် တွေ့ရှိတာနဲ့ ဆေးရုံသို့ချက်ချင်းခေါ်ယူ ကုသမှုများဆောင်ရွက်ခြင်း၊ လူနာနေထိုင်သော နေရာအား Lock Down ပြုလုပ်ခြင်း၊ Quarantine Centre များ ပြင်ဆင်ထားပြီး လူနာနှင့်ထိတွေ့သူများကို သီးခြားခေါ်ယူ …
Read More »ကတိသစ္စာမပြုရသေးသော တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁)ဦး ကတိသစ္စာ ပြုခြင်းနှင့် ကတိသစ္စာ ပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း
ရန်ကုန်၊ ဇွန် လ ၂ ရက်၊ ၂၀၂၀ပြည့်နှစ် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၂/၂၀၂၀) ပထမနေ့တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ရွေးကောက်ပွဲဥပဒေပုဒ်မ ၃၃ နှင့်အညီ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းထားသော တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဖြစ်သည့် ကြည်း ၂၄၀၃၅ ဗိုလ်မှူး ဝင်းနိုင်အောင် (အစား) ကြည်း ၂၃၀၁၃ ဗိုလ်မှူးကြီး သန့်ဇင်ဦး အား အစားထိုး ပြောင်းလဲကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၇.၅.၂၀၂၀ ရက်နေ့တွင် ကြေညာချက်အမှတ် (၉၂/၂၀၂၀)ဖြင့် ကြေညာခဲ့ပါကြောင်း၊ အဆိုပါ တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ ဥပဒေ အခန်း …
Read More »ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၂၀) ပထမနေ့ ကျင်းပ
ရန်ကုန်၊ ဇွန်လ ၂ ရက်၊ ၂၀၂၀ပြည့်နှစ် ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၂၀) ပထမနေ့ကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂ ရက် ၊ အင်္ဂါနေ့၊ နံနက် ၁၀:၀၀ နာရီတွင် ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပရာ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်ဦးရေ ၁၂၂ ဦး အနက် ၁၁၅ ဦး တက်ရောက်ခဲ့ကြပါသည်။ အရေးပေါ်အစည်းအဝေး(၂/၂၀၂၀) ပထမနေ့တွင် ကတိသစ္စာမပြုရသေးသော တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁)ဦး ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာ ပေါ်တွင် လက်မှတ်ရေးထိုးခြင်း၊ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၂/၂၀၂၀) ပထမနေ့တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌပြောကြားသည့် ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားပြောကြားခြင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်း ၃ …
Read More »