Wednesday , April 8 2020
Breaking News

သတင်း

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၊ ခရမ်းမြို့နယ်နှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်များရှိ (Quarantine Facilitate Center) များအတွက် လိုအပ်သောပစ္စည်းများလှူဒါန်း

  ရန်ကုန် ၊ ဧပြီလ ၃ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၃.၄.၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က ကျောက်တန်းမြို့နယ်နှင့် ခရမ်းမြို့နယ် (Quarantine Facilitate Center)များရှိ Covid-19 စောင့်ကြည့်လူနာများအတွက် ကာကွယ်ရေးသုံးပစ္စည်းများနှင့် အလှူငွေများ၊ ဆိပ်ကြီးခနောင်တိုမြို့နယ် (Quarantine Facilitate Center)ရှိ Covid-19 စောင့်ကြည့်လူနာများအတွက် ကာကွယ်ရေးသုံးပစ္စည်းများအား သက်ဆိုင်ရာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များထံသို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။

Read More »

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် (Quarantine Facilitate Center) တို့အတွက် လိုအပ်သောပစ္စည်းများလှူဒါန်း

    ရန်ကုန် ၊ ဧပြီလ ၂ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၂.၄.၂၀၂၀ ရက်နေ့ နေ့လယ် (၁၅:၃၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ဒလမြို့နယ်၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် (Quarantine Facilitate Center) တို့အတွက် လှူဒါန်းသော စောင်၊ ခြင်ထောင်၊ ခေါင်းအုံး ၊ အခင်းဖျာ ၊ Mask များနှင့် လက်သန့်စင်ဆေးရည် (Hand Gel) များကို မြို့နယ်များရှိ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် များထံသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံးမှ တာဝန်ရှိသူများက ပေးအပ်လှူဒါန်းခဲ့ပါသည်။

Read More »

ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအား ပြန်လည်သုံးသပ်သည့်အစည်းအဝေးကျင်းပ

  ရန်ကုန် ၊ မတ်လ ၂၃ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၂၃.၃.၂၀၂၀ ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၊ ကျောက်စိမ်းခန်းမတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအား ပြန်လည်သုံးသပ်သည့် အစည်းအဝေးကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန် တိုင်းဒေသကြီး တရားလွှတ်တော်၊ တရားသူကြီးချုပ် ဦးလှအေး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုး၊ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဒေါ်ခင်မျိုးကြည်၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး ဦးဇော်မင်းဦးနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Read More »

(၄)ခန်းတွဲ (၄)ထပ် အရာထမ်းအိမ်ရာ တည်ဆောက်ရေးစီမံကိန်းအားကွင်းဆင်းကြည့်ရှု

    ရန်ကုန် ၊ မတ်လ ၂၃ ရက် ၊ ၂၀၂၀ ၂၃.၃.၂၀၂၀ ရက် နံနက်(၀၈:၃၀) နာရီအချိန်တွင် ဒဂုံမြို့နယ် လွှတ်တော်ဝန်းရှိ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ရုံး (၄)ခန်းတွဲ (၄)ထပ် အရာထမ်းအိမ်ရာ တည်ဆောက်နေမှု အခြေအနေ များအား အရာထမ်းအိမ်ရာတည်ဆောက်ရေး ကြီးကြပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးသာအောင်နှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံးမှ တာဝန်ရှိသူများသည် စီမံကိန်းလုပ်ငန်းခွင်သို့ ကွင်းဆင်း ကြည့်ရှု ခဲ့ပါသည်။

Read More »

Coronavirus Disease (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ရန်ပုံငွေ၊ ဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

  ရန်ကုန်၊ မတ်လ ၂၁ ရက်၊ ၂၀၂၀ပြည့်နှစ် ၂၁.၃.၂၀၂၀ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ဗဟန်းမြို့နယ်၊ ကျိုက္ကဆံကွင်းရှိ၊ ပြည်ထောင်စုခန်းမ၌ Coronavirus Disease (COVID-19) ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ရန်ပုံငွေ၊ ဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုး၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ …

Read More »

Corona Virus ရောဂါပိုးမပြန့်ပွားစေရေး ကြိုတင်ကာကွယ်ဆောင်ရွက်

ရန်ကုန် ၊ မတ်လ ၁၉ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၁၉.၃.၂၀၂၀ ရက်နေ့ မှစ၍ ဒဂုံမြို့နယ် လွှတ်တော်ဝန်းရှိ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ရုံး၌ Corona Virus ရောဂါပိုးမပြန့်ပွားစေရေးအတွက် ကြိုတင်ကာကွယ်သည့် အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ထမ်းများနှင့် ဧည့်သည်များအား အပူချိန်တိုင်းတာခြင်း၊ Corona Virus ရောဂါပိုး မကူးစက်စေရေးအတွက် လက်များအားသန့်စင်စေခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

Read More »

(၄)ခန်းတွဲ (၄)ထပ် အရာထမ်းအိမ်ရာ တည်ဆောက်ရေးစီမံကိန်းအားကွင်းဆင်းကြည့်ရှု

  ရန်ကုန် ၊ မတ်လ ၁၉ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၁၉.၃.၂၀၂၀ ရက် နံနက်(၀၈:၃၀) နာရီအချိန်တွင် ဒဂုံမြို့နယ် လွှတ်တော်ဝန်းရှိ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ရုံး (၄)ခန်းတွဲ (၄)ထပ် အရာထမ်းအိမ်ရာ တည်ဆောက်နေမှု အခြေအနေများအား အရာထမ်းအိမ်ရာတည်ဆောက်ရေး ကြီးကြပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးသာအောင်၊ အဖွဲ့ဝင် ဦးသက်ထွန်းဝင်းနှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံးမှ တာဝန်ရှိသူ များသည် စီမံကိန်းလုပ်ငန်းခွင်သို့ ကွင်းဆင်းကြည့်ရှုခဲ့ပါသည်။

Read More »

ဥပဒေကြမ်းကော်မတီ ပူးပေါင်းအစည်းအဝေး အမှတ်စဉ်(၁၇/၂၀၂၀)အားကျင်းပပြုလုပ်

    ရန်ကုန်၊ မတ်လ ၁၈ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၁၈.၃.၂၀၂၀ ရက်၊ (ဗုဒ္ဓဟူးနေ့)၊ နံနက် (၁၀:၀၀) နာရီအချိန်မှ (၁၂:၀၀)နာရီ အချိန်အထိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး ပုလဲခန်းမ၌ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ (၂၀၁၈ ခုနှစ်) ပြဋ္ဌာန်းချက်ပါ ပုဒ်မအချို့အား ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ အစည်းအဝေး ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့် ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်း၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးသိန်းမြင့်၊ အတွင်းရေးမှူး ဦးဝင်းမောင်(ခ) ဦးဦးဝင်းမောင်နှင့်ကော်မတီအဖွဲ့ဝင်များ ၊ သက်ဆိုင်ရာဌာနမှ …

Read More »

(၄)ခန်းတွဲ (၄)ထပ် အရာထမ်းအိမ်ရာ တည်ဆောက်ရေးစီမံကိန်းအားကွင်းဆင်းကြည့်ရှု

    ရန်ကုန် ၊ မတ်လ ၁၆ ရက် ၊ ၂၀၂၀ ၁၆.၃.၂၀၂၀ ရက် နံနက်(၀၈:၃၀) နာရီအချိန်တွင် ဒဂုံမြို့နယ် လွှတ်တော်ဝန်းရှိ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ရုံး (၄)ခန်းတွဲ (၄)ထပ် အရာထမ်းအိမ်ရာ တည်ဆောက်နေမှု အခြေအနေများအား အရာထမ်းအိမ်ရာတည်ဆောက်ရေး ကြီးကြပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးသာအောင်၊ အဖွဲ့ဝင်၊ ဦးသက်ထွန်းဝင်းနှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံးမှ တာဝန်ရှိသူများသည် စီမံကိန်း လုပ်ငန်းခွင်သို့ ကွင်းဆင်းကြည့်ရှုခဲ့ပါသည်။

Read More »

ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီး)၊ တက္ကသိုလ်ဓမ္မာရုံပန္နက်တင်မင်္ဂလာ အခမ်းအနား ကျင်းပ

    ရန်ကုန်၊ မတ်လ ၁၅ ရက်၊ ၂၀၂၀ပြည့်နှစ် ၁၅.၃.၂၀၂၀ ရက်နေ့၊ နံနက်(၀၉:၃၀)နာရီ အချိန်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး)ရှိ တက္ကသိုလ်ဓမ္မာရုံမြေနေရာ၌ ပန္နက်တင်မင်္ဂလာ အခမ်းအနား ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတင်မောင်ထွန်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာတင်ဝင်း၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာနီလာမြင့်ထူးနှင့် ဆရာ၊ ဆရာမများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

Read More »