Saturday , December 7 2019
Breaking News
Home / ပြန်ကြားရေး

ပြန်ကြားရေး

နှစ် (၁၀၀)ပြည့်အထိမ်းအမှတ်ပွဲတော်အကြို လေ့ကျင့်ခြင်းအခမ်းအနားကျင်းပ

ရန်ကုန်၊ ဒီဇင်ဘာလ ၁ ရက်၊ ၂၀၁၉ ၁.၁၂.၂၀၁၉ ရက်နေ့၊ ညနေ(၄:၀၀)နာရီအချိန်တွင် ရန်ကုန်တက္ကသိုလ်၌ နှစ် (၁၀၀)ပြည့်အထိမ်းအမှတ်ပွဲတော်အကြို လေ့ကျင့်ခြင်းအခမ်းအနာကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။

Read More »

ရန်ကုန်တက္ကသိုလ်နှစ် (၁၀၀)ပြည့်အထိမ်းအမှတ်အကြို(၅)နိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ ဒီဇင်ဘာလ ၁ ရက်၊ ၂၀၁၉ ၁.၁၂.၂၀၁၉ ရက်နေ့၊ မွန်းလွဲ(၃:၀၀)နာရီအချိန်တွင် ကမာရွတ်မြို့နယ်၊ သထုံလမ်းတက္ကသိုလ်များဘောလုံးကွင်း၌ ရန်ကုန်တက္ကသိုလ်နှစ် (၁၀၀)ပြည့်အထိမ်းအမှတ် အကြို(၅)နိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ အခမ်းအနားကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဦးတင်မောင်ထွန်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။

Read More »

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အားထောက်ခံပွဲကျင်းပ

ရန်ကုန်၊ ဒီဇင်ဘာလ ၁ ရက်၊ ၂၀၁၉ ၁.၁၂.၂၀၁၉ ရက်နေ့၊ မွန်းလွဲ(၂:၃၀)နာရီအချိန်တွင် ရန်ကုန်ဆူးလေ၊ မဟာဗန္ဓုလပန်းခြံရှေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အားထောက်ခံပွဲကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဦးတင်မောင်ထွန်းနှင့် ပြည်သူများ တက်ရောက်ခဲ့ကြ ပါသည်။

Read More »

နိုင်ငံတော်ဓါတ်အားစနစ်မှ လျှပ်စစ်ဓါတ်အားသုံးစွဲမှုတစ်နိုင်ငံလုံး၏ (၅၀) ရာခိုင်နှုန်းပြည့်မြောက်သည့် အထိမ်းအမှတ်နှင့် (33/11V,5MVA) ဓါတ်အားခွဲရုံများ၏ ဖွင့်ပွဲအခမ်းအနားများကျင်းပ

ရန်ကုန်၊ နိုဝင်ဘာလ ၃၀ ရက်၊ ၂၀၁၉ ၃၀.၁၁.၂၀၁၉ ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်မှစ၍ ဥက္ကံမြို့နယ်ရှိ ကျွန်းတောကုန်း-ဥက္ကံဓါတ်အားခွဲရုံ၊ အဖျောက်မြို့နယ်ရှိ အဖျောက်ဓါတ်အားခွဲရုံ၊ မှော်ဘီမြို့နယ်ရှိ တပ်ကြီးကုန်း-မှော်ဘီဓါတ်အားခွဲရုံများတွင် နိုင်ငံတော်ဓါတ်အားစနစ်မှ လျှပ်စစ်ဓါတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ (၅၀) ရာခိုင်နှုန်းပြည့်မြောက်သည့် အထိမ်းအမှတ်နှင့် (33/11V,5MVA) ဓါတ်အားခွဲရုံများ၏ ဖွင့်ပွဲအခမ်းအနားများ ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဦးတင်မောင်ထွန်း၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Read More »

၂၀၁၈-၂၀၁၉ ခုနှစ်ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့်ဆောက်လုပ်သည့် (၄)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ရာ (ရွှေပြည်သာ)အဆောက်အဦဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ နိုဝင်ဘာလ ၃၀ ရက်၊ ၂၀၁၉ ၃၀.၁၁.၂၀၁၉ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် ရွှေပြည်သာမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ တော်ဝင်လမ်း၊ အမှတ်(၂၄၆)တွင် ဆောက်လုပ်ပြီးစီးခဲ့သည့် ၂၀၁၈-၂၀၁၉ ခုနှစ်ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့်ဆောက်လုပ်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန (၄)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ရာ (ရွှေပြည်သာ)အဆောက်အဦ ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတင်မောင်ထွန်း၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။

Read More »

ရွှေပြည်သာမြို့နယ်ခန်းမဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ နိုဝင်ဘာလ ၃၀ ရက်၊ ၂၀၁၉ ၃၀.၁၁.၂၀၁၉ရက်နေ့၊ နံနက်(၀၇:၀၀)နာရီအချိန်တွင် ရွေပြည်သာမြို့နယ်၌ မြို့နယ်ခန်းမဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတင်မောင်ထွန်း၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။

Read More »

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ မင်္ဂလာဒုံမြို့နယ်သို့ကွင်းဆင်း

ရန်ကုန် ၊ နိုဝင်ဘာလ ၂၈ ရက် ၊ ၂၀၁၉ ၂၈.၁၁.၂၀၁၉ (ကြာသပတေးနေ့) ၊ နံနက်(၁၀:၃၀) နာရီအချိန်မှစ၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းသည် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ထောက်ကြန့်လမ်းဆုံ၊ လမ်းပြုပြင်နေမှုအားကြည့်ရှုခဲ့ပြီး အမှတ်(၃၀)အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၊ အမှတ်(၁၀) အခြေခံပညာအလယ်တန်းကျောင်း၊ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းနှင့် (၂၅)ကုတင်ဆံ့ ပုလဲမြို့သစ် ဆေးရုံသို့ ကွင်းဆင်းလေ့လာခဲ့ပါသည်။ အဆိုပါကွင်းဆင်းမှုသို့ မင်္ဂလာဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာမိုးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါခဲ့ကြပါသည်။

Read More »

ဗြိတိသျှသံရုံးတွင်ကျင်းပသည့် ညစာစားပွဲအခမ်းအနားသို့တက်ရောက်

ရန်ကုန် ၊ နိုဝင်ဘာလ ၂၇ ရက် ၊ ၂၀၁၉ ၂၇.၁၁.၂၀၁၉ ရက်နေ့ ၊ ညနေ(၀၆:၃၀) နာရီအချိန်တွင် မရမ်းကုန်းမြို့နယ် ဗြိတိသျှသံရုံးတွင် ကျင်းပပြုလုပ်သည့် ညစာစားပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယလွှတ်တော်ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာသံရုံးမှတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက် ခဲ့ပါသည်။

Read More »

နိုင်ငံတော်သမ္မတဦးဝင်းမြင့် ၂၀၁၈ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်

ရန်ကုန် ၊ နိုဝင်ဘာလ ၂၇ ရက် ၊ ၂၀၁၉ ၂၇.၁၁.၂၀၁၉ (ဗုဒ္ဓဟူးနေ့) ၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ဆူးလေဘုရားလမ်းရှိ Sule Shangri-La Hotel၌ ကျင်းပသော ၂၀၁၈ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများ၏ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ပြီး ၂၀၁၈ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုရရှိသူ များအား ဆုများချီးမြှင့်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ပြန်ကြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးအောင်လှထွန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တာ်ကိုယ်စားလှယ်များ၊ စာပေပညာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။

Read More »

ရုရှားနိုင်ငံသံရုံးနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပူးပေါင်းစီစဉ်တင်ဆက်သည့် ဂီတပညာရှင်များသံရုံး စိန့်ပီတာစဘတ်ဂီတအိမ်၏ တေးဂီတဖျော်ဖြေပွဲအခမ်းအနားသို့တက်ရောက်

ရန်ကုန် ၊ နိုဝင်ဘာလ ၂၆ ရက် ၊ ၂၀၁၉ ၂၆.၁၁.၂၀၁၉ ရက်၊ (အင်္ဂါနေ့)၊ ညနေ(၀၆:၀ဝ) နာရီအချိန်တွင်ကျောက်တံတားမြို့နယ်၊ မြို့တော်ခန်းမ၌ ရုရှားနိုင်ငံ သံရုံး နှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပူးပေါင်းစီစဉ်တင်ဆက်သည့် ဂီတပညာရှင်များသံရုံး စိန့်ပီတာ စဘတ် ဂီတအိမ်၏ တေးဂီတဖျော်ဖြေပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတင်မောင်ထွန်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဝန်ကြီးဦးမောင်မောင်စိုး၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

Read More »