Saturday , December 7 2019
Breaking News

ဆောင်ရွက်ချက်များ

တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိကဝတ်၊ အာမခံချက်များနှင့် လွှတ်တော်အခွင့်အရေးကော်မတီ (၃၄/၂၀၁၈)ပုံမှန်အစည်းအဝေးကျင်းပ

ရန်ကုန် ၊ အောက်တိုဘာလ ၁၁ ရက် ၊ ၂၀၁၈ ၁၀.၁၀.၂၀၁၈ ရက်နေ့ ၊ နံနက် (၁၁း၀၀) နာရီမှ (၁၂း၃၀)နာရီအချိန်ထိ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ၊ ကတိက၀တ်၊ အာမခံချက်များနှင့် လွှတ်တော်အခွင့်အရေးကော်မတီ ရုံးခန်းတွင် ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်း နှင့် ကော်မတီအဖွဲ့ဝင်များသည် သတ္တမပုံမှန်အစည်းအဝေး၏ ကြယ်ပွင့်ပြမေးခွန်းများ ကတိကဝတ် ဖြစ်/မဖြစ် စိစစ်ခြင်းနှင့် အစီရင်ခံစာများအား ပြန်လည်စိစစ်ခြင်းနှင့် အစီရင်ခံစာများအား ပြန်လည်စိစစ်ခြင်း လုပ်ငန်းများ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

Read More »

ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီ၏ ပုံမှန်စည်းအဝေး (၄၅/၂၀၁၈) ကျင်းပပြုလုပ်

ရန်ကုန် ၊ အောက်တိုဘာလ ၁၀ ရက် ၊ ၂၀၁၈ ၁၀.၁၀.၂၀၁၈ ရက် (ဗုဒ္ဓဟူး) နေ့လည် (၁၃းဝဝ) နာရီမှ (၁၅းဝဝ) အချိန်အထိ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ၏ ပုံမှန်အစည်းအဝေး (၄၅/၂၀၁၈)အား ပြည်သူ့ငွေစာရင်းကော်မတီရုံးခန်းတွင် ကျင်းပခဲ့ပြီး ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် ကော်မတီ၏ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတွက် ညှိနှိုင်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ (unicode) ရန်ကုန် ၊ အောက်တိုဘာလ ၁၀ ရက် ၊ ၂၀၁၈ ၁၀.၁၀.၂၀၁၈ ရက် (ဗုဒ္ဓဟူး) နေ့လည် (၁၃းဝဝ) နာရီမှ (၁၅းဝဝ) အချိန်အထိ ဒုတိယအကြိမ် …

Read More »

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဆွီဒင်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဆွီဒင်သံအမတ်ကြီး H.E Ms. Annika Mariana Elisabet Rachel Ben David နှင့် အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်အမှတ် (I-11) ၌ လက်ခံတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံစဉ် လူ့အခွင့်အရေးအထောက်အကူပြု

Read More »

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် စင်္ကာပူနိုင်ငံ၊ ပြည်သူ့ရေးရာမူဝါဒဆိုင်ရာ လီကွမ်ယုကျောင်း (LKY School) ၏ ပြင်ပရေးရာနှင့် စျေးကွက်ရှာဖွေရေးဌာနမှ ညွှန်ကြားရေးမှူး Mr. Dane Lim ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် စင်္ကာပူနိုင်ငံ၊ ပြည်သူ့ရေးရာမူဝါဒဆိုင်ရာ လီကွမ်ယုကျောင်း (LKY School) ၏ ပြင်ပရေးရာနှင့် ဈေးကွက်ရှာဖွေရေးဌာနမှ ညွှန်ကြားရေးမှူး Mr. Dane Lim ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၃ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌

Read More »

ပညာရေးဝန်ကြီးဌာန၏ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းနှင့် ပညာသင်ယူမှု အခွင့်အလမ်းတိုးမြှင့်ရေး၊ ပညာရေးအရည်အသွေး မြင့်မားရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ဆွေးနွေးတင်ပြခြင်း

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် ယနေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ သဘင်ဆောင်ခန်းမ၌ ကျင်းပသည့် ပညာရေးဝန်ကြီးဌာန၏ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) နှင့် ပညာသင်ယူမှု အခွင့်အလမ်းတိုးမြှင့်ရေး၊ ပညာရေးအရည်အသွေး မြင့်မားရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ဆွေးနွေးတင်ပြခြင်း အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားသည်။

Read More »

ပြည်သူ့လွှတ်တော်၊ ကော်မတီဥက္ကဋ္ဌများနှင့် ဥရောပပါလီမန်၊ အရှေ့တောင်အာရှနှင့် အာဆီယံ ဆက်ဆံရေးဆိုင်ရာကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစော၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်အေး၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းတို့သည် ဥရောပပါလီမန်၊ စီးပွားရေးနှင့် ငွေကြေးဆိုင်ရာ

Read More »