Saturday , December 7 2019
Breaking News

ဒုတိယအကြိမ် (၂၀၁၅-၂၀၂၀)

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ၊ စိစစ်ရေးကော်မတီမှ မန္တလေးတိုင်းဒေသကြီးလွှတ်တော်သို့ လေ့လာရေးခရီး

ရန်ကုန် ၊ ဒီဇင်ဘာ လ ၂ ရက် ၊ ၂၀၁၉ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ၊ စိစစ်ရေးကော်မတီသည် ၂၆.၁၁.၂၀၁၉ ရက်နေ့၊ နံနက်(၀၉:၃၀)နာရီတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်သို့ သွားရောက်လေ့လာခဲ့ပြီး မန္တလေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမငယ်၌ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ၊ စိစစ်ရေးကော်မတီသည် မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှ ဥပဒေများလေ့လာသုံးသပ်ပြင်ဆင်ရေးဆွဲရေးကော်မတီ၊ ဥပဒေပြုရေးဆိုင်ရာကော်မတီ၊ ပြည်သူ့ရေးရာနှင့် လူမှုရေးကော်မတီတို့နှင့် တွေ့ဆုံခဲ့ကြပြီး လုပ်ငန်းဆောင်ရွက်မှုများအား အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ၊ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်လွင်၊ အတွင်းရေးမှူး ဦးတင်ဝင်းနှင့်အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှ ဥပဒေများလေ့လာသုံးသပ် ပြင်ဆင်ရေးဆွဲရေးကော်မတီ …

Read More »

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိက၀တ်၊ အာမခံချက် များနှင့် လွှတ်တော်အခွင့်အရေးကော်မတီမှ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် အတည်ပြုခဲ့သော ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ရသုံးမှန်းခြေငွေစာရင်းတွင်ပါဝင်သော လုပ်ငန်းများနှင့်စပ်လျဉ်း၍ မင်္ဂလာဒုံမြို့နယ်သို့ ကွင်းဆင်း

ရန်ကုန် ၊ နိုဝင်ဘာလ ၂၉ ရက် ၊ ၂၀၁၉ ၂၉.၁၁.၂၀၁၉ (သောကြာနေ့) နံနက်(၁၀:၀၀) နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိကဝတ်၊ အာမခံချက်များနှင့် လွှတ်တော်အခွင့်အရေးကော်မတီသည် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ရသုံးမှန်းခြေငွေစာရင်းတွင်ပါဝင်သော လုပ်ငန်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိကဝတ်၊ အာမခံချက်များနှင့် လွှတ်တော် အခွင့်အရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ မင်္ဂလာဒုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း၊ မင်္ဂလာဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာမိုး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးဦးသန်းချစ်အေး၊ လုပ်ငန်းဆောင်ရွက်သည့် သက်ဆိုင်ရာဌာနမှတာဝန်ရှိသူများ၊ ကုမ္ပဏီမှ …

Read More »

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ၊ စိစစ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူများ၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ နှင့်တွေ့ဆုံဆွေးနွေး

ရန်ကုန် ၊ နိုဝင်ဘာလ ၂၉ ရက် ၊ ၂၀၁၉ ၂၉.၁၁.၂၀၁၉ ရက်နေ့၊ နံနက်(၁၀:၀၀) နာရီမှ (၁၂း၃၀)နာရီအထိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး ပတ္တမြားခန်းမ၌ တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံ စာများ၊ စိစစ်ရေးကော်မတီသည် တိုင်ကြားစာအမှုတွဲကိစ္စနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိ သူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံ စာများ၊ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်လွင်၊ အတွင်းရေးမှူး ဦးတင်ဝင်းနှင့် ကော်မတီဝင်များ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။

Read More »

တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိက၀တ်၊ အာမခံချက်များနှင့် လွှတ်တော်အခွင့်အရေးကော်မတီ၏ ပုံမှန်အစည်းအဝေး ၄၉/၂၀၁၉ ကျင်းပ

ရန်ကုန် ၊ နိုဝင်ဘာလ ၂၈ ရက် ၊ ၂၀၁၉ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိကဝတ်၊ အာမခံချက်များနှင့် လွှတ်တော်အခွင့်အရေးကော်မတီ၏ ပုံမှန်အစည်းအဝေး (၄၉/၂၀၁၉) အား ၂၈.၁၁.၂၀၁၉ ရက်နေ့ နေ့လယ်(၀၂:၀၀) နာရီအချိန်မှ (၀၃:၃၀)နာရီအချိန်ထိ ကော်မတီရုံးခန်းတွင် ကျင်းပခဲ့ရာ ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းနှင့် ကော်မတီအဖွဲ့ဝင်များသည် ဝင်စာထွက်စာများအား ဖတ်ကြားဆွေးခြင်း၊ ကွင်းဆင်းမည့် လုပ်ငန်းစဉ်များဆွေးနွေးခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

Read More »

ဥပဒေကြမ်းကော်မတီ ပူးပေါင်းအစည်းအဝေးအမှတ်စဥ်(၈၉/၂၀၁၉)အားကျင်းပပြုလုပ်

ရန်ကုန် ၊ နိုဝင်ဘာလ ၂၈ ရက် ၊ ၂၀၁၉ခုနှစ် ၂၈.၁၁.၂၀၁၉ရကျ၊ (ကွာသပတေးနေ့)၊ နံနကျ(၁၀းဝဝ)နာရီအခြိနျမှ (၁၂းဝဝ)နာရီအခြိနျအထိ ရနျကုနျတိုငျး ဒသေကွီးလှှတျတောျရုံး ပုလဲခနျးမ၌ ဥပဒကွေမျးကောျမတီနှငျ့ ဥပဒရေေးရာ လေ့လာသုံးသပျရေးအဖှဲ့တို့မှ ၂၀၁၉ခုနှစျ၊ ရနျကုနျတိုငျးဒသေကွီးစညျပငျသာယာရေး ဥပဒကွေမျးနှငျ့ စပျလဉြျးသညျ့ ပူးပေါငျးအစညျးအဝေးတစျရပျကိုကငြျးပခဲ့ပါသညျ။ အဆိုပါအစည်းအဝေးသို့ ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးသိန်းမြင့်နှင့် ဥပဒေကြမ်း ကော်မတီအဖွဲ့ဝင်များ၊ ဥပဒေရေးရာလေ့လာသုံးသပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးသော်တာအောင်နှင့် ဥပဒေရေးရာလေ့လာသုံးသပ်ရေး အဖွဲ့ဝင်များမှ ဝိုင်းဝန်း၍ အသေးစိတ်ညှိနှိုင်းဆွေးနွေးပြင်ဆင်ခဲ့ကြပါသည်။

Read More »

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီ၏ ပုံမှန် အစည်းအဝေး(၃၆/၂၀၁၉)ကျင်းပပြုလုပ်

ရန်ကုန် ၊ နိုဝင်ဘာလ ၂၈ ရက် ၊ ၂၀၁၉ ၂၈.၁၁.၂၀၁၉ ရက်၊ (ကြာသပတေးနေ့)၊ နံနက်(၁၃:၀ဝ) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီရုံးခန်း၌ ကော်မတီ၏ပုံမှန်အစည်းအဝေး (၃၆/၂၀၁၉)အား ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင်ကော်မတီအနေဖြင့် တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်အတွင်းဆောင်ရွက် သည့် စီးပွားရေးကိစ္စများနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းရေးဆွဲနိုင်ရေးဆွေးနွေးခဲ့ကြပြီး ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇေယျနှင့် ကော်မတီအဖွဲ့ဝင်များ၊ တက်ရောက်ခဲ့ကြပါသည်။

Read More »

ဥပဒေကြမ်းကော်မတီ ပူးပေါင်းအစည်းအဝေးအမှတ်စဥ် (၈၈/၂၀၁၉) အား ကျင်းပပြုလုပ်

ရန်ကုန် ၊ နိုဝင်ဘာလ ၂၇ ရက် ၊ ၂၀၁၉ခုနှစ် ၂၇.၁၁.၂၀၁၉ ရကျ၊ (ဗုဒ်ဓဟူးနေ့)၊ နံနကျ(၁၀းဝဝ)နာရီအခြိနျမှ (၁၂းဝဝ) နာရီအခြိနျအထိ ရနျကုနျတိုငျး ဒသေကွီးလှှတျတောျရုံး ပုလဲခနျးမ၌ ဥပဒကွေမျးကောျမတီနှငျ့ ရနျကုနျတိုငျးဒသေကွီး စညျပငျသာယာရေး ဝနျကွီးဌာနမှတာဝနျရှိသူပုဂ်ဂိုလျမြားက ၂၀၁၉ခုနှစျ၊ ရနျကုနျတိုငျး ဒသေကွီးစညျပငျသာယာရေး ဥပဒကွေမျးနှငျ့ စပျလဉြျးသညျ့ ပူးပေါငျးအစညျးအဝေးတစျရပျကိုကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းဝေးသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌဦးသိန်းမြင့်၊ အတွင်းရေးမှူး ဦးဝင်းမောင်(ခ) ဦးဦးဝင်းမောင်နှင့်ကော်မတီအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း ဒေသကြီးစည်ပင်သာယာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်၍ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။

Read More »

လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ၏ (၅၃/၂၀၁၉) ပုံမှန်အစည်းအဝေးကျင်းပ

ရန်ကုန် ၊ နိုဝင်ဘာ လ ၂၇ ရက် ၊ ၂၀၁၉ ခုနှစ် ၂၇.၁၁.၂၀၁၉ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်မှ(၁၂:၀၀)နာရီအချိန်ထိ ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ၏ (၅၃/၂၀၁၉)ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး အား ကော်မတီရုံးခန်း၌ပြုလုပ်ခဲ့ရာ ကော်မတီဥက္ကဋ္ဌ ဒေါ်အေးအေးမာ၊ အတွင်းရေးမှူးဒေါ်သစ်သစ်မြင့်နှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး ၂၆.၁၁.၂၀၁၉ရက်နေ့တွင် ပတ္တမြားခန်းမ၌ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး ဆားနှင့်ဆားထွက်ပစ္စည်းဆိုင်ရာ ဥပဒေအားပြင်ဆင်၊ ဖြည့်စွက်ရန်ကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်းအား ကော်မတီမှပြန်လည်ဆွေးနွေးခဲ့ကြပါ သည်။

Read More »

လူမှုရေးနှင့်စီမံခန့်ခွဲရေးကော်မတီ၏ ကော်မတီပုံမှန်အစည်းအဝေး (၃၆/၂၀၁၉)

ရန်ကုန် ၊ နိုဝင်ဘာ လ ၂၇ ရက် ၊ ၂၀၁၉ ခုနှစ် ၂၇.၁၁.၂၀၁၉ ရက်နေ့၊ နံနက်(၀၉:၃၀) နာရီမှ (၁၁:၀၀) နာရီအထိ ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် လူမှုရေးနှင့်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးသာအောင်၊ အတွင်းရေးမှူး ဦးညီညီနှင့် ကော်မတီဝင်များသည် ကော်မတီပုံမှန်အစည်းအဝေး (၃၆/၂၀၁၉)အား လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

Read More »

ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးနှင့် စက်မှုလက်မှုရေးရာ ကော်မတီ (၂၃/၂၀၁၉) ကော်မတီပုံမှန်အစည်းအဝေးကျင်းပ

ရန်ကုန် ၊ နိုဝင်ဘာလ ၂၇ ရက် ၊ ၂၀၁၉ ၂၇.၁၁.၂၀၁၉ ရက်နေ့ နံနက် (၁၀:၀၀) နာရီမှ (၁၁:၃၀)နာရီအချိန်ထိ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးနှင့် စက်မှုလက်မှု ရေးရာကော်မတီကော်မတီ၏ (၂၃/၂၀၁၉) ကော်မတီ ပုံမှန်အစည်းအဝေးအား ကော်မတီရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးနှင့် စက်မှုလက်မှု ရေးရာကော်မတီကော်မတီ ဥက္ကဋ္ဌ ဦးသက်ထွန်းဝင်း၊ အတွင်းရေးမှူး ဦးဝေဖြိုးဟန်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ပါသည်။

Read More »