ရန်ကုန်၊ ဩဂုတ် လ ၃၁ ရက်၊ ၂၀၂၀ပြည့်နှစ်
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္တနေ့တွင် မှော်ဘီမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းအောင်က “မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်းမှအစပြု၍ ဝါးနက်ချောင်းအထိ ကြားရှိတံတား(၅)ခုအား ပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိ ” မေးမြန်းရာ လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က “ရန်ကုန်တိုင်းဒေသကြီး ၊ မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်းမှ အစပြု၍ ဝါးနက်ချောင်း-ရေတာရှည် လမ်းသည် (၇ မိုင် ၁ ဖာလုံ) ရှိပြီး Class (A) အဆင့်အတန်းဖြစ်၍ အကျိုးပြုကျေးရွာ(၆)ရွာ၊ အကျိုးပြုအိမ်ခြေ (၁၆၅၂)နှင့် အကျိုးပြုလူဦးရေ (၈၄၄၈) ဦးရေ ရှိပါကြောင်း၊ ထိုလမ်းပေါ်တွင်ရှိသောတံတား (၅)စင်းမှာ ယိုယွင်းနေပါသဖြင့် ပြန်လည်၍ အသစ်ဆောက်လုပ်ရန် (၂၀၂၀-၂၀၂၀၁) ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင် လျာထားပြီး ဘဏ္ဍာရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း’’ ပြန်လည် ဖြေကြားခဲ့ပါသည်။