Tuesday , March 2 2021
Breaking News
Home / ပြန်ကြားရေး / ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတုတ္ထနေ့အစီအစဉ်

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတုတ္ထနေ့အစီအစဉ်

 

 

ရန်ကုန်၊ ဩဂုတ်လ ၃၁ ရက်၊ ၂၀၂၀ပြည့်နှစ်

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ဩဂုတ်လ ၃၁ ရက် နံနက် ၁၀း၀၀ နာရီတွင် ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး ခန်းမ၌ ကျင်းပရာ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်ဦးရေ ၁၂၂ ဦးအနက် ၁၁၉ ဦး တက်ရောက်ခဲ့ကြ ပါသည်။ (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြ မေးခွန်း ၄ ခု မေးမြန်းခဲ့ပြီး မေးခွန်းများအား သက်ဆိုင်ရာအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြန်လည်ဖြေကြားခြင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်းဥပဒေကြမ်းနှင့် ၂၀၂၀ ပြည့်နှစ်၊ ရန်ကုန်တိုင်းဒေသကြီး၏ အခွန်အခဥပဒေကြမ်းများနှင့် စပ်လျဉ်း၍ အမည်စာရင်း တင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း၊ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီနှင့် ပြည်သူ့ငွေစာရင်း ကော်မတီတို့၏ စိစစ်လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြား တင်ပြခြင်းနှင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို စက်တင်ဘာလ ၁ ရက် (အင်္ဂါနေ့) နံနက် ၁၀း၀၀ နာရီတွင် ဆက်လက် ကျင်းပသွားမည် ဖြစ်ပါသည်။

About Ygn Editor

Check Also

၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်းကော်မတီတို့၏ စိစစ်လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာများအား လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

  ရန်ကုန်၊ စက်တင်ဘာလ ၁ ရက်၊ ၂၀၂၀ပြည့်နှစ် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဥ္စမနေ့တွင် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ …