Monday , September 28 2020
Breaking News
Home / မေးခွန်းများ / ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁၀၆) ရပ်ကွက်အတွင်းရှိ လမ်း(၈)လမ်းတွင် လိုအပ်လျက်ရှိသော လျှပ်စစ်ဓါတ်အားပေး ဓါတ်တိုင်(၃၆)တိုင်နှင့် (0.4) KV လိုင်း (၄၉၃၀) ပေ အား တပ်ဆင်ပေးပါရန် အစီအစဉ် ရှိ/မရှိကို မေးမြန်း

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁၀၆) ရပ်ကွက်အတွင်းရှိ လမ်း(၈)လမ်းတွင် လိုအပ်လျက်ရှိသော လျှပ်စစ်ဓါတ်အားပေး ဓါတ်တိုင်(၃၆)တိုင်နှင့် (0.4) KV လိုင်း (၄၉၃၀) ပေ အား တပ်ဆင်ပေးပါရန် အစီအစဉ် ရှိ/မရှိကို မေးမြန်း

ရန်ကုန်၊ ဩဂုတ် လ ၃၁ ရက်၊ ၂၀၂၀ပြည့်နှစ်
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္တနေ့တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က “ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁၀၆) ရပ်ကွက်အတွင်းရှိ လမ်း(၈)လမ်းတွင် လိုအပ်လျက်ရှိသော လျှပ်စစ်ဓါတ်အားပေး ဓါတ်တိုင်(၃၆)တိုင်နှင့် (0.4) KV လိုင်း (၄၉၃၀) ပေအား တပ်ဆင်ပေးပါရန် အစီအစဉ် ရှိ/မရှိကို” မေးမြန်းရာ လျှပ်စစ်၊စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က “ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ် (၁၀၆) ရပ်ကွက်အတွင်းရှိ လမ်း(၁၂)လမ်း တွင် လျှပ်စစ်ဓါတ်အားများနှင့် လျှပ်စစ်မီးကြိုးများ တိုးချဲ့တည်ဆောက်ပေးရန် ပြည်သူလူထုက တင်ပြလာခဲ့ရာ ကိုယ်စားလှယ်ကြီး ထပ်မံတင်ပြထားသည့်လမ်း(၈)လမ်းနှင့်(0.4) KV လိုင်း (၄၉၃၀) ပေကို ထပ်မံတပ်ဆင် ပေးလျက်ရှိရာ ယခု (၂)လမ်း၊ လျှပ်စစ်ဓါတ်တိုင်(၇)တိုင်နှင့် လမ်းမီးကြိုး ပေ (၁၂၀၀)တိုးချဲ့ ဆောင်ရွက်ပေးပြီး ၂၀၂၀ ခုနှစ်အတွင်း ကျန်လမ်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ Franchise ကုမ္ပဏီ MGLS ကုမ္ပဏီကလည်း တာဝန်ယူဆောင်ရွက်ပေးသွားမည်ကို ဝန်ခံကတိပြုပြီး ဖြစ်ပါကြောင်း’’ ပြန်လည် ဖြေကြားခဲ့ပါသည်။

About Ygn Editor

Check Also

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ပျက်စီးနေသော လုံခြုံရေးကင်မရာ CCTV များပြင်ဆင်ပေးနိုင်ပါရန်နှင့် လိုအပ်နေသော နေရာများတွင် ထပ်မံတပ်ဆင်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ မေးမြန်း

ရန်ကုန်၊ စက်တင်ဘာလ ၁ ရက်၊ ၂၀၂၀ပြည့်နှစ် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက “ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း …