
ရန်ကုန်၊ ဩဂုတ်လ ၂၁ ရက် ၊ ၂၀၂၀ ပြည့်နှစ်
၂၁.၈.၂၀၂၀ ရက်၊ (သောကြာနေ့)၊ နေ့လယ် (၁၃:၀၀) နာရီအချိန်မှ (၁၅:၀၀)နာရီ အချိန်အထိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၊ ဥပဒေကြမ်းကော်မတီရုံးခန်း၌ ၂၀၁၉ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အစည်းအဝေး ကျင်းပခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးသိန်းမြင့်၊ အတွင်းရေးမှူး ဦးဝင်းမောင်(ခ) ဦးဦးဝင်းမောင်နှင့် ကော်မတီအဖွဲ့ဝင်များက တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။