ရန်ကုန် ၊ ဩဂုတ်လ ၂၁ ရက် ၊ ၂၀၂၀ ပြည့်နှစ်
၂၁.၈.၂၀၂၀ ရက် (သောကြာနေ့)၊ နံနက်(၁၀:၀၀)မှ(၁၂:၀၀)နာရီအချိန်ထိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ၏ ပုံမှန် အစည်းအဝေး (၂၁/၂၀၂၀) အား ကော်မတီရုံးခန်း၌ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် ဆားနှင့်ဆားထွက်ပစ္စည်းဆိုင်ရာ ဥပဒေကြမ်း ပြင်ဆင်၊ ဖြည့်စွက်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အေးအေးမာ၊ အတွင်းရေးမှူး ဒေါ်သစ်သစ်မြင့်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။