Thursday , August 6 2020
Breaking News
Home / ပြန်ကြားရေး / (၇၃) နှစ်မြောက် အာဇာနည်နေ့ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ဆွမ်းကပ်ခြင်း၊ အလှူဒါနပြုအမျှပေးဝေခြင်းအခမ်းအနားကျင်းပ

(၇၃) နှစ်မြောက် အာဇာနည်နေ့ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ဆွမ်းကပ်ခြင်း၊ အလှူဒါနပြုအမျှပေးဝေခြင်းအခမ်းအနားကျင်းပ

 
ရန်ကုန်၊ ဇူလိုင်လ ၁၉ ရက်၊ ၂၀၂၀ ပြည့်နှစ်
၁၉.၇.၂၀၂၀ ရက်နေ့ နံနက် (၁၀:၃၀ ) နာရီအချိန်တွင် ရန်ကုန်မြို့တော်ခန်းမ၌ (၇၃) နှစ်မြောက် အာဇာနည်နေ့ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ဆွမ်းကပ်ခြင်း၊ အလှူဒါနပြုအမျှပေးဝေခြင်းအခမ်းအနားကျင်းပ ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

About Ygn Editor

Check Also

လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် အစားထိုးပြောင်းလဲခန့်အပ်တာဝန်ပေးနိုင်ရေးအတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံက ပေးပို့လာသည့် တပ်မတော်သားတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က လွှတ်တော်သို့တင်သွင်းခြင်းနှင့် လွှတ်တော်၏ သဘောတူညီချက် ရယူခြင်း

ရန်ကုန်၊ ဇူလိုင်လ ၂၂ ရက်၊ ၂၀၂၀ပြည့်နှစ် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၄/၂၀၂၀)ပထမနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် အစားထိုးခန့်အပ်နိုင်ရေးအတွက် တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က …