Thursday , August 6 2020
Breaking News
Home / ပြန်ကြားရေး / ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၄/၂၀၂၀) ပထမနေ့ ကျင်းပ

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၄/၂၀၂၀) ပထမနေ့ ကျင်းပ

 
ရန်ကုန်၊ ဇူလိုင်လ ၂၂ ရက်၊ ၂၀၂၀ပြည့်နှစ်
ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၄/၂၀၂၀) ပထမနေ့ကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၂ ရက် ၊ ဗုဒ္ဓဟူးနေ့၊ နံနက် ၁၀:၀၀ နာရီတွင် ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပရာ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်ဦးရေ ၁၂၂ ဦး အနက် ၁၁၉ ဦး တက်ရောက်ခဲ့ကြပါသည်။ အရေးပေါ်အစည်းအဝေး(၄/၂၀၂၀) ပထမနေ့တွင် ကတိသစ္စာမပြုရသေးသော တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၄)ဦး ကတိသစ္စာပြုခြင်း၊ ကတိသစ္စာပြုလွှာ ပေါ်တွင် လက်မှတ်ရေးထိုးခြင်းနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် အစားထိုးပြောင်းလဲ ခန့်အပ်တာဝန်ပေးနိုင်ရေးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံက ပေးပို့လာသည့် တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၏ အမည်စာရင်းကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က လွှတ်တော်သို့တင်သွင်းခြင်းနှင့် လွှတ်တော်၏ သဘောတူညီချက် ရယူခြင်းများဆောင်ရွက်ခဲ့ပါသည်။ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၄/၂၀၂၀) ဒုတိယနေ့အား ဇူလိုင်လ ၂၄ ရက် ၊သောကြာနေ့ ၊နံနက်(၁၀¬¬¬¬¬:၀၀) နာရီ အချိန်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ပါသည်။

About Ygn Editor

Check Also

လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် အစားထိုးပြောင်းလဲခန့်အပ်တာဝန်ပေးနိုင်ရေးအတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံက ပေးပို့လာသည့် တပ်မတော်သားတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က လွှတ်တော်သို့တင်သွင်းခြင်းနှင့် လွှတ်တော်၏ သဘောတူညီချက် ရယူခြင်း

ရန်ကုန်၊ ဇူလိုင်လ ၂၂ ရက်၊ ၂၀၂၀ပြည့်နှစ် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၄/၂၀၂၀)ပထမနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် အစားထိုးခန့်အပ်နိုင်ရေးအတွက် တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က …