Thursday , August 6 2020
Breaking News
Home / ပြန်ကြားရေး / ကတိသစ္စာမပြုရသေးသော တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၄)ဦး ကတိသစ္စာ ပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း

ကတိသစ္စာမပြုရသေးသော တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၄)ဦး ကတိသစ္စာ ပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း

 
ရန်ကုန်၊ ဇူလိုင်လ ၂၂ ရက်၊ ၂၀၂၀ပြည့်နှစ်
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၄/၂၀၂၀)ပထမနေ့တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ရွေးကောက်ပွဲဥပဒေပုဒ်မ ၃၃ နှင့်အညီ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင်သွင်းထားသော တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည့် ကြည်း ၂၇၁၈၉ ဗိုလ်မှူးကြီး အောင်စိုးမိုး (အစား) ကြည်း ၂၁၈၉၇ ဗိုလ်မှူးကြီး ဝင်းတင့် အား အစားထိုး ပြောင်းလဲကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၃.၇.၂၀၂၀ ရက်နေ့တွင် ကြေညာချက်အမှတ် (၁၂၀/၂၀၂၀)ဖြင့်လည်းကောင်း၊ ကြည်း ၂၇၇၆၈ ဗိုလ်မှူး အောင်သန်းဝင်း (အစား) ကြည်း ၃၇၇၀၃ ဗိုလ်မှူး မျိုးမင်းထွန်း၊ ကြည်း ၃၉၀၂၈ ဗိုလ်မှူး ငြိမ်းချမ်းအောင် (အစား) ကြည်း ၄၂၅၂၄ ဗိုလ်မှူး ကျော်စွာဝင်း၊ ကြည်း ၃၉၀၆၇ ဗိုလ်မှူး ဟိန်းဇော် (အစား) ကြည်း ၄၅၅၈၄ ဗိုလ်မှူး ကြည်ဖေလင်း အား အစားထိုး ပြောင်းလဲကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၉.၇.၂၀၂၀ ရက်နေ့တွင် ကြေညာချက်အမှတ် (၁၃၀/၂၀၂၀)ဖြင့် လည်းကောင်း ကြေညာခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါ တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၄) ဦးတို့သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ)အရ ယနေ့ ကျင်းပသော လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌ၏ ရှေ့မှောက်၌ ကတိ သစ္စာပြုပြီး လက်မှတ်ရေးထိုးခဲ့ပါသည်။

About Ygn Editor

Check Also

လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် အစားထိုးပြောင်းလဲခန့်အပ်တာဝန်ပေးနိုင်ရေးအတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံက ပေးပို့လာသည့် တပ်မတော်သားတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က လွှတ်တော်သို့တင်သွင်းခြင်းနှင့် လွှတ်တော်၏ သဘောတူညီချက် ရယူခြင်း

ရန်ကုန်၊ ဇူလိုင်လ ၂၂ ရက်၊ ၂၀၂၀ပြည့်နှစ် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၄/၂၀၂၀)ပထမနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် အစားထိုးခန့်အပ်နိုင်ရေးအတွက် တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က …