Wednesday , July 15 2020
Breaking News
Home / ပြန်ကြားရေး / အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ‘‘ မူးယစ်ဆေးဝါးများမီးရှို့ဖျက်ဆီးခြင်းအခမ်းအနား’’ ကျင်းပ

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ‘‘ မူးယစ်ဆေးဝါးများမီးရှို့ဖျက်ဆီးခြင်းအခမ်းအနား’’ ကျင်းပ

 

 

ရန်ကုန် ၊ ဇွန်လ ၂၆ ရက် ၊ ၂၀၂၀ ပြည့်နှစ်

၂၆.၆.၂၀၂၀ ရက်နေ့ နံနက် (၀၈း၀၀) နာရီ အချိန်တွင် ဒဂုံဧရာအဝေးပြေးကားဝင်းနှင့် အမှတ်(၉)လုံခြုံရေးရဲတပ်ဖွဲ့ခွဲအနီးရှိ ရန်ကုန်အနောက်ပိုင်း ကုန်တင်ယာဉ်ရပ်နားကွင်း၌ ရန်ကုန်တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေးအဖွဲ့က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့်တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ‘‘မူးယစ်ဆေးဝါးများမီးရှို့ဖျက်ဆီးခြင်း အခမ်းအနား’’ ကျင်းပခဲ့ ပါသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ ၊ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်

About Ygn Editor

Check Also

လှည်းကူးမြို့နယ်ရှိ ဆေးရုံများသို့ ဆေးရုံသုံးပစ္စည်းများလှူဒါန်း

    ရန်ကုန် ၊ ဇွန် ၂၅ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၂၅.၆.၂၀၂၀ ရက် မွန်းလွဲ (၁၃:၀၀) နာရီအချိန်တွင် …