Wednesday , July 15 2020
Breaking News
Home / ပြန်ကြားရေး / ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၃/၂၀၂၀) ကျင်းပ

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၃/၂၀၂၀) ကျင်းပ

ရန်ကုန်၊ ဇွန်လ ၁၈ ရက်၊ ၂၀၂၀ပြည့်နှစ်

ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၃/၂၀၂၀)ကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၈ ရက် ၊ ကြာသပတေးနေ့၊ နံနက် ၁၀:၀၀ နာရီတွင် ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်ဦးရေ ၁၂၂ ဦး အနက် ၁၁၇ ဦး တက်ရောက် ခဲ့ကြပါသည်။ အရေးပေါ်အစည်းအဝေး(၃/၂၀၂၀)တွင် ကိုကိုးကျွန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းပါ (၃၂)ဦးတို့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပေါ် စွပ်စွဲပြစ်တင်မှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စုံစမ်းစစ်ဆေး တွေ့ရှိချက်များကို လွှတ်တော်သို့တင်ပြခြင်းနှင့် အဆုံးအဖြတ်ရယူခြင်းဆောင်ရွက်ခဲ့ပြီး ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၃/၂၀၂၀) အောင်မြင်စွာ ပြီးမြောက်ကြောင်း ကြေညာခဲ့ပါသည်။

About Ygn Editor

Check Also

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ‘‘ မူးယစ်ဆေးဝါးများမီးရှို့ဖျက်ဆီးခြင်းအခမ်းအနား’’ ကျင်းပ

    ရန်ကုန် ၊ ဇွန်လ ၂၆ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၂၆.၆.၂၀၂၀ ရက်နေ့ နံနက် (၀၈း၀၀) နာရီ …