Wednesday , July 15 2020
Breaking News
Home / မေးခွန်းများ / လှိုင်သာယာမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ဗိုလ်အောင်ကျော်အိမ်ရာဈေးနှင့် အမှတ်(၈)ရပ်ကွက်၊ ထီးလှိုင်ရှင်အိမ်ရာဈေးတို့ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ လွှဲပြောင်းပေးရန် အစီအစဉ် ရှိ/မရှိမေးမြန်း

လှိုင်သာယာမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ဗိုလ်အောင်ကျော်အိမ်ရာဈေးနှင့် အမှတ်(၈)ရပ်ကွက်၊ ထီးလှိုင်ရှင်အိမ်ရာဈေးတို့ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ လွှဲပြောင်းပေးရန် အစီအစဉ် ရှိ/မရှိမေးမြန်း

 

ရန်ကုန်၊ ဇွန်လ ၅ ရက်၊ ၂၀၂၀ပြည့်နှစ်                                                                           

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၂၀) စတုတ္ထနေ့တွင် လှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက “လှိုင်သာယာမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ဗိုလ်အောင်ကျော်အိမ်ရာဈေးနှင့် အမှတ်(၈) ရပ်ကွက်၊ ထီးလှိုင်ရှင်အိမ်ရာဈေးတို့ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ လွှဲပြောင်း ပေးရန် အစီအစဉ် ရှိ/မရှိ၊ လွှဲပြောင်းပေးရန်အစီအစဉ်ရှိပါက မည်သည့်အချိန်ကာလတွင် လွှဲပြောင်း ပေးမည်၊ လွှဲပြောင်းပေးရန် အစီအစဉ်မရှိပါက မည်သို့ဆက်လက်စီမံဆောင်ရွက်သွားမည်” ကို မေးမြန်းရာ လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က “ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသည် လှိုင်သာယာမြို့သစ် တည်ဆောက်ရေးစီမံကိန်းကို Town Plan ရေးဆွဲခြင်းမှ အစပြု၍ လူနေရပ်ကွက်၊ လူနေမြေကွက်များ  ဖော်ထုတ်နေရာချထားခြင်း၊ တိုက်ခန်းအိမ်ရာများ၊ လုံးချင်းအိမ်ရာစီမံကိန်းများ ရေးဆွဲ တည်ဆောက်ခြင်း၊ Commercial Area မြေကွက်များ ဖော်ထုတ်ရောင်းချခြင်း၊ မြို့သစ်နေ ပြည်သူများ အလုပ်အကိုင်ရရှိရေးနှင့် အလုပ်နှင့်နေအိမ်သွားလာမှုလွယ်ကူစေရေး၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာအောင် တစ်စုတစ်စည်းတည်း စက်ရုံများတည်ဆောက်နိုင်ရေးအတွက် စက်မှုဇုန်များ ထူထောင် ပေးခြင်း စသည့်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးတည်ချက်ထားအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ ပါကြောင်း၊ လှိုင်သာယာမြို့နယ်တွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက လူနေရပ်ကွက်၊ လူနေအိမ်ရာနှင့် စက်မှုဇုန်များအတွင်း Cover Market ဈေးရုံအဆောက်အဦများ ဆောက်လုပ်၍ (၆ ပေx ၆ပေ) ဈေးခုံ(၁)ခုံလျှင် ကျပ်(၃)သိန်းနှုန်း၊ (၆ပေx ၈ပေ)ဈေးခုံ (၁)ခုံလျှင် ကျပ် (၅)သိန်းနှုန်းဖြင့် ဈေးသည်များအား နေရာချထားပေးခဲ့ပါကြောင်း၊ အဆိုပါ Cover Market ဈေးရုံများအနက် အချို့သည် ရောင်းဝယ်ဖောက်ကားမှုစည်ကားသော်လည်း ရေဥက္ကံဈေး၊ ညောင်ရွှေဈေး၊ ဒိုင်စုဈေး၊ ရှမ်းချောင်းဈေး၊ ရွှေလင်ပန်းဈေး တို့သည် ဈေးသူဈေးသားများက စုပေါင်း၍ ကိုယ်ထူကိုယ်ထ စီမံခန့်ခွဲကြသောကြောင့် အားနည်းချက်များ ဖြစ်ပေါ်လာသဖြင့် ဥပဒေ၊လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် စီမံခန့်ခွဲ သွားနိုင်ရန်အတွက် (၃၀.၁.၂၀၁၉) ရက်နေ့တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနသို့ လွှဲပြောင်းပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုမေးမြန်းသည့် အမှတ်(၇)ရပ်ကွက်၊ ဗိုလ်အောင်ကျော်အိမ်ရာစီမံကိန်းတွင် ဆောက်လုပ်ထားသော Cover Market သည်  ဗိုလ်အောင်ကျော် အိမ်ရာအနီး အလွန်စည်ကားသော မီးခွက်ဈေးရှိနေခြင်းကြောင့် Cover Market တွင် ရောင်းဝယ်ဖောက်ကားသူ လုံးဝမရှိ၍ ဈေး Function မဖြစ်သည့်အတွက် Commercial Land Used အဖြစ် မြေအသုံးချမှုပြောင်းလဲ၍ Shop House အဆောက်အဦများဆောက်လုပ်ရန် ၂၀၁၆ ခုနှစ်တွင် Plan ပြင်ဆင်ထားပြီးဖြစ်ပါကြောင်း၊ ထို့အတူ ထီးလှိုင်ရှင်အိမ်ရာစီမံကိန်းတွင် ဆောက်လုပ်ထားသော Cover Market သည် လူနေထိုင်မှုကျဲပါးခြင်း၊ ထီးလှိုင်ရှင်အိမ်ရာအနီးရှိ စည်ပင်သာယာ အခွန်လွတ်ဈေး စည်ကားနေခြင်းတို့ကြောင့် ရောင်းဝယ်ဖောက်ကားသူ လုံးဝမရှိ၍ ဈေး Function မဖြစ်သည့်အတွက် Commercial Land Used အဖြစ် မြေအသုံးချမှုပြောင်းလဲ၍ Shop House အဆောက်အဦများ ဆောက်လုပ်ရန် ၂၀၁၇ခုနှစ်တွင် Plan ပြောင်းလဲခဲ့ပြီး ဖြစ်ပါကြောင်း၊ သို့သော် Covid ကာလတွင် လွှတ်တော်ကိုယ်စားလှယ်များနှင့်ညှိနှိုင်းပြီး ကျန်းမာရေးနှင့်ညီညွတ်အောင် မီးခွက်ဈေး၊ စည်ပင်သာယာအခွန်လွတ်ဈေးများတွင်  ပျံကျရောင်းချနေသည့် ဈေးသည်များအား နေရာချထား နိုင်ရေးအတွက် ဈေး(၂)ဈေးကို စည်ပင်သာယာရေး ကော်မတီထံသို့ ယာယီလွှဲပြောင်းပေးအပ်ထားပြီး ဖြစ်ပါကြောင်း၊ ယာယီလွှဲပြောင်းပေးခြင်းမှ အစဉ်အမြဲလွှဲပြောင်းပေးနိုင်ရန် ဆက်လက်စီမံဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း” ပြန်လည်ဖြေကြားခဲ့ပါသည်။

About Ygn Editor

Check Also

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကလေး တောင်ပိုင်းရပ်ကွက်ရှိ ရေမြောင်းကြီး၏ မြေထိန်းနံရံနှင့် အုတ်ဘောင်များအား ပြုပြင်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ၊ ၉၁ လမ်းထိပ်နှင့် ဗိုလ်မင်းရောင်လမ်းအား ဆက်သွယ် ထားသော လမ်းကြားအား ပိတ်ပင်ထားခြင်းကို ပြန်လည်ဖွင့်ပေးရန် အစီအစဉ် ရှိ/မရှိမေးမြန်း

  ရန်ကုန်၊ ဇွန်လ ၅ ရက်၊ ၂၀၂၀ပြည့်နှစ်                                                                            ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၂၀) စတုတ္ထနေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက …