Wednesday , July 15 2020
Breaking News
Home / မေးခွန်းများ / ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီကို မည်ကဲ့သို့ ဖွဲ့စည်းထားပြီး မည်သည့်လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိသည်ကို မေးမြန်း

ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီကို မည်ကဲ့သို့ ဖွဲ့စည်းထားပြီး မည်သည့်လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိသည်ကို မေးမြန်း

 

ရန်ကုန်၊ ဇွန်လ ၅ ရက်၊ ၂၀၂၀ပြည့်နှစ်                                                                           

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၂၀) စတုတ္ထနေ့တွင် ကျောက်တံတားမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက “  ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီကို မည်ကဲ့သို့ ဖွဲ့စည်းထားပြီး မည်သည့်လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိသည်ကို”မေးမြန်းရာ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက “  မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီး ကော်မတီအား (၁.၈.၂၀၁၈)ရက်နေ့တွင် ပြောင်းလဲဖွဲ့စည်းခဲ့ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး အဖွဲ့ဝင်(၂၀)ဦးဖြင့် ဖွဲ့စည်းထားပါကြောင်း၊  တိုင်းဒေသကြီးဦးစီးမှူး၊ ရန်ကုန်တိုင်း ဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံးက အတွင်းရေးမှူးအဖြစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီဝင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်(၁)ဦး၊ တိုင်းဒေသကြီးအဆင့် ဦးစီးမှူးများက အဖွဲ့ဝင်များအဖြစ်ပါဝင်ပြီး ၊ အမျိုးသမီးအရေး ဆောင်ရွက်နေသည့် အရပ်ဘက်လူမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များလည်းပါဝင်ပါကြောင်း၊  ခရိုင် (၄)ခု တွင်လည်း ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ခရိုင်အဆင့်ဌာနဆိုင်ရာများဖြစ်သည့် (ခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်ပညာရေးမှူး၊ ခရိုင်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်တရားရေးဦးစီးဌာန၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ ခရိုင်ဥပဒေချုပ်ရုံး၊ ခရိုင်အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်စာရင်းစစ်ရုံး၊ ခရိုင်သစ်တောဦးစီးဌာန) နှင့် အမျိုးသမီးအရေးဆောင်ရွက် နေသည့် INGO/NGO များဖြစ်သည့် (ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ ခရိုင်ကြက်ခြေနီသူနာပြုအသင်း၊ ခရိုင်လူမှုရေးအဖွဲ့အစည်း)တို့မှ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ပြီး၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံး၊ ဒုတိယညွှန်ကြားရေးမှူး (သို့မဟုတ်) လက်ထောက် ညွှန်ကြားရေးမှူးက အတွင်းရေးမှူးအဖြစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြို့နယ် (၄၅)မြို့နယ်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူပြီး ဆက်စပ်ဌာနဆိုင်ရာများ INGO/NGO များမှ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ပြီး လူမှုဝန်ထမ်းဦးစီးဌာန Case Manager များမှ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံရှိ အမျိုးသမီးအားလုံးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ ပံ့ပိုးမှုဖြင့် စွမ်းဆောင်ရည်မြင့်မားလာပြီး၊ ၎င်းတို့၏ အခွင့်အရေးရပိုင်ခွင့်များကို အပြည့်အဝခံစား ရရှိနိုင်စေရန်နှင့် အမျိုးသမီးတို့၏ ဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ကျား၊ မရေးရာတန်းတူညီမျှရေးနှင့် အမျိုးသမီးများ၏ အခွင့်အရေးများကို အသိအမှတ်ပြုနားလည် လက်ခံနိုင်စေမည့်စနစ်များ၊ ဖွဲ့စည်းပုံများနှင့် လုပ်ထုံး လုပ်နည်းများအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ စီမံကိန်း (NSPAW) (၂၀၁၃-၂၀၂၂) ပါအဓိကလုပ်ငန်းနယ်ပယ် (၁၂)ရပ်ဖြစ်သည့် အမျိုးသမီးများနှင့် အသက်မွေးဝမ်းကျောင်းမှု၊ အမျိုးသမီးများနှင့် ပညာရေးလေ့ကျင့် သင်ကြားရေး၊ အမျိုးသမီးများနှင့် ကျန်းမာရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု၊ အမျိုးသမီးများနှင့် အရေးပေါ်အခြေအနေ၊ အမျိုးသမီးများနှင့်စီးပွားရေး၊ အမျိုးသမီးများနှင့် ဆုံးဖြတ်ချက်ချမှတ်ရေး၊ အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လုပ်ငန်းယန္တရား၊ အမျိုးသမီးများနှင့်လူ့အခွင့်အရေး၊ အမျိုးသမီးများနှင့် မီဒီယာ၊ အမျိုးသမီးများနှင့် သဘာဝပတ်ဝန်းကျင်၊ အမျိုးသမီးငယ်ရွယ်ကိ  ကိစ္စရပ်များ စသည့် လုပ်ငန်းစဉ်များအား နှစ်အလိုက် လုပ်ငန်းနယ်ပယ်သတ်မှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီက ဦးဆောင်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးများပြုလုပ်ပြီး မဟာဗျူဟာပါ အဓိကလုပ်ငန်းနယ်ပယ်(၁၂)ရပ် အနက် (၂၀၁၈)ခုနှစ်တွင် အမျိုးသမီးများ အကြမ်းဖက်မှုနှင့်ပတ်သက်သည့် လုပ်ငန်းများလုပ်ဆောင်ရန် ခရိုင်/မြို့နယ်အမျိုးသမီး ကော်မတီ များသို့ လမ်းညွှန်မှုပြုလုပ်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် အဓိကလုပ်ငန်း နယ်ပယ် (၁၂)ရပ် အနက် အမျိုးသမီးများအကြမ်းဖက်မှု၊ အမျိုးသမီးနှင့်လူ့အခွင့်အရေး၊ အမျိုးသမီးများနှင့် ဆုံးဖြတ်ချက် ချမှတ်ရေးနှင့် အမျိုးသမီးငယ်ရွယ်ကိစ္စရပ်များအား အဓိကထား လုပ်ဆောင်ရန် ခရိုင်/မြို့နယ် အမျိုးသမီးကော်မတီများသို့ လမ်းညွှန်မှုပြုလုပ်ခဲ့ပါကြောင်း၊ ပြည်သူလူထု အတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းဆိုင်ရာအကြောင်းအရာများသိရှိစေရန်၊ အကြမ်းဖက် ခံရသော အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များ၏ လိုအပ်ချက်များကို တုံ့ပြန်ဖြည့်ဆည်းနိုင်ရန် ရည်ရွယ်ပြီး အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်သည့် လုပ်ငန်းများအား အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဦးစားပေးနယ်ပယ်အလိုက် ကြိုတင်ကာကွယ်ရေး၊ အမှုများအား ဖြစ်ရပ်စီမံခန့်ခွဲခြင်း၊  ပြန်လည် ထူထောင်ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကြိုတင်ကာကွယ်ခြင်းအနေဖြင့် ပညာရေးကျောင်းများ၊ မြို့နယ်များ၊ ကျေးလက်ဒေသများနှင့် စက်ရုံ၊ အလုပ်ရုံများတွင် ဆယ်ကျော်သက် မျိုးဆက်ပွား ကျန်းမာရေး၊ ဆယ်ကျော်သက်အရွယ်အပြောင်းအလဲ HIV/AIDS နှင့် သက်ငယ်မုဒိန်းမှု ပပျောက်ရေး ၊ကျား/မ သဘာဝစသည်တို့နှင့် ပတ်သက်၍ ဆက်စပ်ဌာနဆိုင်ရာများ ၊ အဖွဲ့အစည်းများ၊ ခရိုင်/မြို့နယ် အမျိုးသမီးကော်မတီဝင်များဖြင့် ပူးပေါင်းပြီး အသိပညာပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ အမှုများဖြစ်ရပ် စီမံခန့်ခွဲခြင်းအနေဖြင့် ဖြစ်ပေါ်သည့် အမှုပေါ်မူတည်၍ မြို့နယ်အမျိုးသမီးကော်မတီဝင် အတွင်းရေးမှူးများဖြစ်သည့် လူမှုဝန်ထမ်းမှ Case Manager များက ဖြစ်စဉ်များမေးမြန်းပြီး ခရိုင်အမျိုး သမီးကော်မတီသို့ တင်ပြခြင်း၊ တို့မှတဆင့် တိုင်းဒေသကြီးအမျိုးသမီးကော်မတီသို့ တင်ပြပြီး လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ပြန်လည်ထူထောင်ရေး ဆောင်ရွက်သည့်အနေဖြင့် အမှုဖြစ်စဉ်ပေါ်မူတည်၍ အခမဲ့ရှေ့နေရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အသက်မွေးဝမ်းကျောင်းပညာသင်ပေးခြင်းနှင့် လိုအပ်ပါက အမျိုးသမီးအသက်မွေး အတတ်ပညာသင်ကြားခြင်း(ရန်ကုန်တွင်)စောင့်ရှောက်ထားပြီး တရားရုံးများသို့ အမျိုးသမီးအစောင့်အဖြစ် လိုက်ပါ ဆောင်ရွက်ပေးခြင်း၊ နှစ်သိမ့်ဆွေးနွေးပေးခြင်း၊ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားပေးခြင်း၊ ကျောင်းပညာသင်ကြားပေးခြင်းတို့အား ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ အကြမ်းဖက်ခံရသည့် အမျိုးသမီးများအား တစ်နေရာတည်းတွင် ဝန်ဆောင်မှု ပေးသည့် (OSWSC) အား အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း (ရန်ကုန်)တွင် ဖွင့်လှစ်ထားပြီး အမျိုးသမီးများ၏ အခက်အခဲနှင့်ပတ်သက်၍ တစ်နေရာတည်းတွင် ဝန်ဆောင်မှု ပေးလျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီမှ ဦးဆောင်၍ အမျိုးသမီးလုပ်ငန်း ဆောင်ရွက်နေသည့် အဖွဲ့များနှင့်ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားများ ကျင်းပပြုလုပ်ခြင်း၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားများကျင်းပခြင်း၊ အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အခမ်းအနားများ ကမ်းပိန်းများပြုလုပ်ခြင်းတို့အား ဆောင်ရွက်လျက်ရှိပါကြောင်း၊ အကြမ်းဖက်ခံရမှု အမျိုးမျိုးခံစားနေရသည့် အမျိုးသမီးများ၏ တိုင်ကြားစာများအား နေပြည်တော် (Help Line)၊  ရန်ကုန်တိုင်းဒေသကြီး (Help Line)သို့ တိုက်ရိုက် တိုင်ကြားခြင်းများအပြင်  ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးများနှင့် အခြားအဖွဲ့အစည်းများမှလည်း နည်းအမျိုးမျိုးဖြင့် လက်ခံရရှိသည်များကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နောင်လုပ်မည့် စီမံကိန်းများတွင်လည်း သက်ငယ်မုဒိန်းကိစ္စများနှင့် အမျိုးသမီးအတွက် ဦးစားပေးဆောင်ရွက် တော့မည် ဖြစ်ပါကြောင်း” ပြန်လည်ဖြေကြားခဲ့ပါသည်။

ဆက်စပ်မေးခွန်းအနေဖြင့် မြို့နယ်အဆင့်ဖွဲ့စည်းထားမှုများကို ယခုမှသိရပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီက ဖွဲ့စည်းထားသည့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် တစ်ဦးအပါ အဝင် အမည်စာရင်းဖြင့် သိရှိလိုပါကြောင်း၊ မြို့နယ်များတွင် အလွယ်တကူ ချိတ်ဆက်လုပ်ဆောင်နိုင်ရန် လုပ်ဆောင်ချက်များနှင့် ရှေ့လုပ်ဆောင်မည့် လုပ်ငန်းစဉ်များအား ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးလွှတ်တော် ကိုယ်စားလှယ် (၁၈) ဦး ထံဖြန့်ဝေပေးစေလိုပါကြောင်း ဆွေးနွေးရာ လူမှုရေးဝန်ကြီးက ရှေ့ဆက်လုပ်ဆောင်မည့် ကိစ္စများအား လွှတ်တော်ကိုယ်စားလှယ် ကြီးထံ ချိတ်ဆက်ဆောင်ရွက် ဖြစ်ပါကြောင်း၊ ဖွဲစည်းပုံကိုလည်း ဖြန့်ဝေပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

About Ygn Editor

Check Also

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကလေး တောင်ပိုင်းရပ်ကွက်ရှိ ရေမြောင်းကြီး၏ မြေထိန်းနံရံနှင့် အုတ်ဘောင်များအား ပြုပြင်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ၊ ၉၁ လမ်းထိပ်နှင့် ဗိုလ်မင်းရောင်လမ်းအား ဆက်သွယ် ထားသော လမ်းကြားအား ပိတ်ပင်ထားခြင်းကို ပြန်လည်ဖွင့်ပေးရန် အစီအစဉ် ရှိ/မရှိမေးမြန်း

  ရန်ကုန်၊ ဇွန်လ ၅ ရက်၊ ၂၀၂၀ပြည့်နှစ်                                                                            ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၂၀) စတုတ္ထနေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက …