Wednesday , July 15 2020
Breaking News
Home / မေးခွန်းများ / ရန်ကုန်တိုင်းဒေသကြီးအတွင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက လမ်းခင်းရာတွင် အတွင်းလမ်းများကို (၁၄ ပေ X ၆ လက်မ )‌ ခင်းသည့်အတွက် လမ်းများကျဉ်းပြီး ပျက်စီးသဖြင့် အတွင်းလမ်းများကို (၁၆ ပေ X ၉ လက်မ )‌၊ အတွင်းလမ်းမများကို (၁၈ ပေ X ၉ လက်မ )ခင်းသည့် အတွက် ကားကြီးများ ဝင်/ထွက် သွားလာရာတွင် အခက်အခဲရှိပါသဖြင့် အတွင်းလမ်းမများကို (၂၂ ပေ X ၁၁ လက်မ) ခင်းပေးနိုင်ပါရန် အစီအစဉ် ရှိ/မရှိမေးမြန်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက လမ်းခင်းရာတွင် အတွင်းလမ်းများကို (၁၄ ပေ X ၆ လက်မ )‌ ခင်းသည့်အတွက် လမ်းများကျဉ်းပြီး ပျက်စီးသဖြင့် အတွင်းလမ်းများကို (၁၆ ပေ X ၉ လက်မ )‌၊ အတွင်းလမ်းမများကို (၁၈ ပေ X ၉ လက်မ )ခင်းသည့် အတွက် ကားကြီးများ ဝင်/ထွက် သွားလာရာတွင် အခက်အခဲရှိပါသဖြင့် အတွင်းလမ်းမများကို (၂၂ ပေ X ၁၁ လက်မ) ခင်းပေးနိုင်ပါရန် အစီအစဉ် ရှိ/မရှိမေးမြန်း

 

ရန်ကုန်၊ ဇွန်လ ၅ ရက်၊ ၂၀၂၀ပြည့်နှစ်                                                                           

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၂၀) စတုတ္ထနေ့တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင်က “ရန်ကုန်တိုင်းဒေသကြီးအတွင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက လမ်းခင်းရာတွင် အတွင်းလမ်းများကို (၁၄ ပေ X ၆ လက်မ)‌ ခင်းသည့်အတွက် လမ်းများကျဉ်းပြီး ပျက်စီးလွယ်သဖြင့် အတွင်းလမ်းများကို (၁၆ ပေ X ၉ လက်မ )‌၊ အတွင်းလမ်းမများကို (၁၈ ပေ X ၉ လက်မ )ခင်းသည့်အတွက် ကားကြီးများ ဝင်/ထွက် သွားလာရာတွင် အခက်အခဲရှိပါသဖြင့် အတွင်းလမ်းမများကို (၂၂ ပေ X ၁၁ လက်မ) ခင်းပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ‌”မေးမြန်းရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက “ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အနေဖြင့် ကတ္တရာကွန်ကရစ်လမ်းခင်းခြင်းနှင့် ကွန်ကရစ်လမ်းများခင်းခြင်းဆောင်ရွက်ရာတွင် လမ်း၏ အကျယ်နှင့် လမ်းသား (Pavement) ထုများ သတ်မှတ်ရာ၌ မူလလမ်း၏လမ်းနယ်အဆုံးဧရိယာ (Right of Way)၊ နှစ်အလိုက်နေ့စဉ် ယာဉ်သွားလာမှုအရေအတွက် (Annual Average Daily Traffic) ပေါ် အခြေခံ၍ ယာဉ်သွားလမ်း အကျယ်သတ်မှတ်ဆောင်ရွက်စေပြီး၊ မူလအောက်ခံလမ်း (Subgrade)၏ အခြေအနေနှင့် နေ့စဉ်လမ်းပေါ်ဖြတ်သန်းအသုံးပြုသည့် ကားကြီး၊ ကားလေး၊ ကုန်တင်ယာဉ် အမျိုးအစားတို့ အပေါ်မူတည်၍ လမ်းသား (Pavement)အထူ၊ ထုတို့အား သတ်မှတ်ဆောင်ရွက် ပါကြောင်း၊ (၁၄ ပေ X ၆ လက်မ)‌ မှ (၁၆ ပေ X ၉ လက်မ )အထိ‌ခင်းရာတွင် (AADT) နှင့်ကိုက်ညီမှု ရှိ/မရှိ ပြန်လည်ဆန်းစစ်ရပါကြောင်း၊ လမ်းအထူနှင့်ပတ်သက်၍ (ပေ ၃၀)ကို (၆လက်မ)အထူသာ သတ်မှတ် ပေးထားပါကြောင်း၊ (၄၀၊ ၆၀၊၈၀)ပေများအတွက် (၉)လက်မအထူသတ်မှတ်ပေးထားပါကြောင်း၊  သို့သော် (၉)လက်မတွင် ကွန်တိန်နာကားဖြတ်၍မရပါကြောင်း၊ ပေ(၁၀၀)ဆိုလျှင် (၉)လက်မ ခင်းရမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အနိမ့်ဆုံး (၆)လက်မ အမြင့်ဆုံး (၁၁)လက်မအထူ ရှိရမည်ဖြစ်ပါကြောင်း၊ လမ်းများခင်းရာတွင် ဘတ်ဂျက်ပေါ်မူတည်၍ ခွင့်ပြုချက်ရလျှင် စံချိန်စံနှုန်းအတိုင်း စိစစ်တွက်ချက် ဆောင်ရွက် ပေးသွား မည်ဖြစ်ပါကြောင်း  ” ပြန်လည်ဖြေကြားခဲ့ပါသည်။

About Ygn Editor

Check Also

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကလေး တောင်ပိုင်းရပ်ကွက်ရှိ ရေမြောင်းကြီး၏ မြေထိန်းနံရံနှင့် အုတ်ဘောင်များအား ပြုပြင်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ၊ ၉၁ လမ်းထိပ်နှင့် ဗိုလ်မင်းရောင်လမ်းအား ဆက်သွယ် ထားသော လမ်းကြားအား ပိတ်ပင်ထားခြင်းကို ပြန်လည်ဖွင့်ပေးရန် အစီအစဉ် ရှိ/မရှိမေးမြန်း

  ရန်ကုန်၊ ဇွန်လ ၅ ရက်၊ ၂၀၂၀ပြည့်နှစ်                                                                            ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၂၀) စတုတ္ထနေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက …