Wednesday , July 15 2020
Breaking News
Home / မေးခွန်းများ / မှော်ဘီမြို့နယ်မှ ရန်ကုန်မြို့တော်သို့ ပြေးဆွဲနေသော YBS ယာဉ်လိုင်းများ ရပ်နားနိုင်ရေးအတွက် မော်တော်ယာဉ် ရပ်နားစခန်းတစ်ခု တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်း

မှော်ဘီမြို့နယ်မှ ရန်ကုန်မြို့တော်သို့ ပြေးဆွဲနေသော YBS ယာဉ်လိုင်းများ ရပ်နားနိုင်ရေးအတွက် မော်တော်ယာဉ် ရပ်နားစခန်းတစ်ခု တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်း

 

ရန်ကုန်၊ ဇွန်လ ၅ ရက်၊ ၂၀၂၀ပြည့်နှစ်                                                                           

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၂၀) စတုတ္ထနေ့တွင် မှော်ဘီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်းက “  မှော်ဘီမြို့နယ်မှ ရန်ကုန်မြို့တော်သို့ ပြေးဆွဲနေသော YBS ယာဉ်လိုင်းများ ရပ်နားနိုင်ရေးအတွက် မော်တော်ယာဉ် ရပ်နားစခန်းတစ်ခု တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ ” မေးမြန်းရာ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က “ YBS ယာဉ်လိုင်းအများစုသည် ယာဉ်ရပ်နားဝင်းမရှိမှုကြောင့် ယခင် မထသယာဉ်လိုင်းများကဲ့သို့ပင် ယာဉ်လိုင်း ဂိတ်ရင်း၊ ဂိတ်ဖျားတည်ရှိရာ နေရာများတစ်ဝိုက်တွင် အခြေပြုရပ်နားရသည့်အတွက် ယာဉ်ကြော သွားလာမှုကိုလည်း အခက်အခဲဖြစ်ပေါ်စေပါကြောင်း၊ YBS ယာဉ်လိုင်းများကို ကုမ္ပဏီပိုင်ယာဉ် များဖြင့်သာ ပြေးဆွဲနိုင်ရန် စီစဉ်ဆောင်ရွက်ထားသဖြင့် ယာဉ်ရပ်နားဝန်းများထားရှိရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် YRTA အနေဖြင့် ယာဉ်ရပ်နားဝင်းများ တည်ဆောက်ရေးကို လုပ်ငန်းတစ်ရပ် အဖြစ် စီမံဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ယာဉ်ရပ်နားဝင်း တည်ဆောက်ရေးကို YRTA ရန်ပုံငွေမှ စိုက်ထုတ်တည်ဆောက်ပြီး ကုမ္ပဏီယာဉ်လိုင်းများ အသုံးပြုနိုင်ရန်လည်း စီမံဆောင်ရွက်ပေးရမည် ဖြစ်သဖြင့် မြေနေရာရရှိမှု လုပ်ငန်းလိုအပ်ချက်နှင့် ဘဏ္ဍာငွေစိုက်ထုတ်သုံးစွဲနိုင်မှုများအပေါ် မူတည်၍ ဆောင်ရွက်ပေးနိုင်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း၊ ရန်ကုန်မြောက်ပိုင်းခရိုင် ထောက်ကြန့်တွင် YBPC ကုမ္ပဏီမှ မော်တော်ယာဉ် (၁၅၀)စီးကျော် ရပ်နားခြင်း၊ အုပ်ချုပ်မှုအဆောက်အဦနှင့် မော်တော်ယာဉ် ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်သော ယာဉ်ရပ်ဝင်းကြီးတစ်ခု တည်ဆောက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဥက္ကံမြို့တွင် ၄.၂၁ ဧကကျယ်ဝန်းသော မြေကွက်တွင် ယာဉ်ရပ်နားဝင်းတစ်ခု တည်ဆောက်နိုင်ရန် အတွက် YRTA မှ စီစဉ်ဆောင်ရွက်လျက်ရှိပြီး ထို့အတူ မှော်ဘီမြို့နယ်တွင် ကိုယ်စားလှယ်ကြီး တင်ပြထားသည့် မြေကွက်များထဲမှ မြေကွက်၏ဈေးနှုန်း၊ မြေကွက်ရရှိနိုင်မှုကို လေ့လာလျက်ရှိပြီး ယာဉ်ရပ်နားဝင်း စီမံဆောင်ရွက်ပေးနိုင်ရေးအတွက် လုပ်ငန်းဦးစားပေးအလိုက် လျာထားဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း” ပြန်လည်ဖြေကြားခဲ့ပါသည်။

About Ygn Editor

Check Also

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကလေး တောင်ပိုင်းရပ်ကွက်ရှိ ရေမြောင်းကြီး၏ မြေထိန်းနံရံနှင့် အုတ်ဘောင်များအား ပြုပြင်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ၊ ၉၁ လမ်းထိပ်နှင့် ဗိုလ်မင်းရောင်လမ်းအား ဆက်သွယ် ထားသော လမ်းကြားအား ပိတ်ပင်ထားခြင်းကို ပြန်လည်ဖွင့်ပေးရန် အစီအစဉ် ရှိ/မရှိမေးမြန်း

  ရန်ကုန်၊ ဇွန်လ ၅ ရက်၊ ၂၀၂၀ပြည့်နှစ်                                                                            ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၂၀) စတုတ္ထနေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက …