Wednesday , July 15 2020
Breaking News
Home / မေးခွန်းများ / မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကလေး တောင်ပိုင်းရပ်ကွက်ရှိ ရေမြောင်းကြီး၏ မြေထိန်းနံရံနှင့် အုတ်ဘောင်များအား ပြုပြင်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ၊ ၉၁ လမ်းထိပ်နှင့် ဗိုလ်မင်းရောင်လမ်းအား ဆက်သွယ် ထားသော လမ်းကြားအား ပိတ်ပင်ထားခြင်းကို ပြန်လည်ဖွင့်ပေးရန် အစီအစဉ် ရှိ/မရှိမေးမြန်း

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကလေး တောင်ပိုင်းရပ်ကွက်ရှိ ရေမြောင်းကြီး၏ မြေထိန်းနံရံနှင့် အုတ်ဘောင်များအား ပြုပြင်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ၊ ၉၁ လမ်းထိပ်နှင့် ဗိုလ်မင်းရောင်လမ်းအား ဆက်သွယ် ထားသော လမ်းကြားအား ပိတ်ပင်ထားခြင်းကို ပြန်လည်ဖွင့်ပေးရန် အစီအစဉ် ရှိ/မရှိမေးမြန်း

 

ရန်ကုန်၊ ဇွန်လ ၅ ရက်၊ ၂၀၂၀ပြည့်နှစ်                                                                           

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၂၀) စတုတ္ထနေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက “  မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကလေး တောင်ပိုင်းရပ်ကွက်ရှိ ရေမြောင်းကြီး၏ မြေထိန်းနံရံနှင့် အုတ်ဘောင်များအား ပြုပြင်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကလေး တောင်ပိုင်းရပ်ကွက်ရှိ ၉၁ လမ်းထိပ်နှင့် ဗိုလ်မင်းရောင် လမ်းအား ဆက်သွယ်ထားသော လမ်းကြားအား ပိတ်ပင်ထားခြင်းကို ပြန်လည်ဖွင့်ပေးရန် အစီအစဉ် ရှိ/မရှိ”မေးမြန်းရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက “ပထမမေးခွန်းနှင့် စပ်လျဉ်း၍ ကြိုးစားနေပါကြောင်း၊ ဘတ်ဂျက် တောင်းခံပြီး ပြုပြင်ရန်လည်းရှိပါကြောင်း၊ လာမည့်ဘတ်ဂျက်တွင် ပြုပြင်နိုင်ရန် ထည့်သွင်းထားပါကြောင်း၊ မြန်မာ့ဂုဏ်ရည်လမ်း ၊ မြေထိန်းနံရံပြုပြင်ခြင်းနှင့် မြန်မာ့ဂုဏ်ရည်လမ်း ၊ ရေမြောင်းမြေနံရံပြုပြင်ခြင်းဟူ၍ ခေါင်းစဉ်(၂)ခု ထည့်ထားပါကြောင်း၊ မြေထိန်းနံရံပြုပြင်ခြင်းတွင် ပေ(၁၀၀၀)ရှိပြီး ၊ (၁၂ x ၁ )ပေပြုပြင်ရန် သန်း(၄၀၀) လျာထားထည့်သွင်းထားပါကြောင်း၊ ရေမြောင်းနံရံကာရံခြင်းနှင့် ပြုပြင်ခြင်းတွင် ပေ (၃၂၈x ၁)ပေ နှုန်းထားဖြင့် (၁၄.၄)သန်း စုစုပေါင်း (၄၁၄.၄)သန်း မြေထိန်းနံရံအတွက် လာမည့်ဘတ်ဂျက်တွင် လျာထားပြီးဖြစ်ပါကြောင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကလေးတောင်ပိုင်းရပ်ကွက်ရှိ (၉၁) လမ်းထိပ်နှင့် ဗိုလ်မင်းရောင်လမ်းသို့ ဆက်သွယ်ဖွင့်ပေးနိုင်ရန် အဆိုပါ သိမ်ဖြူယာယီဈေးနှင့် မဂိုလ်သင်္ချိုင်းကြား (၃၁၇ x ၂၅) ပေ မြေကွက်လပ်သည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေဖြစ်၍ (၁၄)ပေအကျယ်တစ်လမ်းမောင်းလမ်းအဖြစ် ပြန်လည် ဖွင့်လှစ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း  ” ပြန်လည်ဖြေကြားခဲ့ပါသည်။

About Ygn Editor

Check Also

လှိုင်သာယာမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ဗိုလ်အောင်ကျော်အိမ်ရာဈေးနှင့် အမှတ်(၈)ရပ်ကွက်၊ ထီးလှိုင်ရှင်အိမ်ရာဈေးတို့ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ လွှဲပြောင်းပေးရန် အစီအစဉ် ရှိ/မရှိမေးမြန်း

  ရန်ကုန်၊ ဇွန်လ ၅ ရက်၊ ၂၀၂၀ပြည့်နှစ်                                                                            ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၂၀) စတုတ္ထနေ့တွင် လှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက …