Thursday , April 22 2021
Breaking News
Home / ပြန်ကြားရေး / ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လစ်လပ်လျက်ရှိသော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်၏သဘောတူညီချက်ရယူခြင်း

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လစ်လပ်လျက်ရှိသော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်၏သဘောတူညီချက်ရယူခြင်း

ရန်ကုန်၊ ဇွန်လ ၃ ရက်၊ ၂၀၂၀ပြည့်နှစ်

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၀)ဒုတိယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးရဲမင်းဦးအား ခန့်အပ်တာဝန်ပေးလိုကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်၏ တင်ပြချက်ကို ၂.၆.၂ဝ၂၀ ရက်နေ့ လွှတ်တော်အရေးပေါ် အစည်းအဝေး(၂/၂၀၂၀) ပထမနေ့တွင် ကြေညာခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းပုဂ္ဂိုလ်နှင့် စပ်လျဉ်းပြီး ကန့်ကွက်လိုသော လွှတ်တော် ကိုယ်စားလှယ်ရှိပါက ကန့်ကွက်နိုင်ကြောင်း ကြေညာခဲ့သော်လည်း အမည်စာရင်း ပေးပို့လာခြင်းမရှိသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ်ဦးရဲမင်းဦးအား ခန့်အပ်တာဝန်ပေးခြင်းကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၅၂ နှင့်အညီ လွှတ်တော်ကသဘောတူကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာခဲ့ပါသည်။

About Ygn Editor

Check Also

၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်းကော်မတီတို့၏ စိစစ်လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာများအား လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

  ရန်ကုန်၊ စက်တင်ဘာလ ၁ ရက်၊ ၂၀၂၀ပြည့်နှစ် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဥ္စမနေ့တွင် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ …