Thursday , April 22 2021
Breaking News
Home / ပြန်ကြားရေး / ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းနှင့် နောက်ထပ်ဘဏ္ဍာရန်ပုံငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းကို သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်း ဝင်က လွှတ်တော်သို့ ရှင်းလင်းတင်ပြခြင်းနှင့် ဥပဒေကြမ်းတင်သွင်းခြင်း

ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းနှင့် နောက်ထပ်ဘဏ္ဍာရန်ပုံငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းကို သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်း ဝင်က လွှတ်တော်သို့ ရှင်းလင်းတင်ပြခြင်းနှင့် ဥပဒေကြမ်းတင်သွင်းခြင်း

 

ရန်ကုန်၊ ဇွန်လ ၂ ရက်၊ ၂၀၂၀ပြည့်နှစ်                                                                           

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၀)ပထမနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စိုက်ပျိုးရေး၊မွေးမြူရေး၊သစ်တောနှင့်စွမ်းအင် ဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေနှင့်ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်း(လျာထားချက်)ကို လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ပြီး အဆိုပါ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်း ကော်မတီတို့၏ လေ့လာစိစစ်တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ ဖတ်ကြားတင်ပြခြင်းနှင့် ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တောင်းခံခြင်းတို့ကို ဆက်လက်ကျင်းပမည့် အစည်းအဝေးများတွင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာခဲ့ပါသည်။

About Ygn Editor

Check Also

၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်းကော်မတီတို့၏ စိစစ်လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာများအား လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

  ရန်ကုန်၊ စက်တင်ဘာလ ၁ ရက်၊ ၂၀၂၀ပြည့်နှစ် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဥ္စမနေ့တွင် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ …