Thursday , April 22 2021
Breaking News
Home / ပြန်ကြားရေး / တိုင်းဒေသကြီးဝန်ကြီးချုပ်က စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး အစားထိုးခန့်အပ်နိုင်ရေးအတွက် အမည်စာရင်းကို လွှတ်တော်သို့တင်ပြခြင်း

တိုင်းဒေသကြီးဝန်ကြီးချုပ်က စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး အစားထိုးခန့်အပ်နိုင်ရေးအတွက် အမည်စာရင်းကို လွှတ်တော်သို့တင်ပြခြင်း

 

ရန်ကုန်၊ ဇွန် လ ၂ ရက်၊ ၂၀၂၀ပြည့်နှစ်                                                                           

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၂၀)ပထမနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တွင် လစ်လပ်လျက်ရှိသော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်မည့် ပုဂ္ဂိုလ်အား ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ  ၂၆၂၊ ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၅၂ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၀ တို့အရ တိုင်းဒေသကြီးလွှတ်တော်၏ သဘောတူညီချက် ရယူရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌထံသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၁.၆.၂၀၂၀ ရက်စွဲပါစာအမှတ်၊ ၃ / ၅ – ၁ (၁) စီမံဖြင့် ပေးပို့လာပါကြောင်း၊ အဆိုပါ ပုဂ္ဂိုလ်၏ အမည်စာရင်းကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၁ နှင့်အညီ ကြေညာမှာ ဖြစ်ပါကြောင်း၊ အမည် ဦးရဲမင်းဦး၊     အဘအမည် ဦးရွှေမြ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်        ၁၂/ဥကတ(နိုင်) ၀၀၁၃၈၅ တို့အား ကြေညာခဲ့ပြီး အဆိုပါ ပုဂ္ဂိုလ်၏ ကိုယ်ရေးမှတ်တမ်းကို လွှတ်တော် ကိုယ်စားလှယ်များထံ ဖြန့်ဝေထားပြီးဖြစ်ပါကြောင်း၊ အဆိုပါ ပုဂ္ဂိုလ်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၁၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ် (၁) မှ (၄) အထိ သတ်မှတ်ထားသည့် အရည်အချင်းများနှင့် မပြည့်စုံကြောင်း သက်သေအထင်အရှားပြ၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ယနေ့လွှတ်တော် အစည်းအဝေးရပ်နားချိန်တွင် လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် တယ်လီဖုန်းအမှတ် – ၀၉-၂၅၄၃၅၇၇၀၀ နှင့် ၀၁-၈၃၀၁၈၈၃ ထံသို့ ဆက်သွယ်၍ အမည်စာရင်းတင်သွင်း ပေးပို့ရန်ဖြစ်ကြောင်းနှင့် အဆိုပါ ပုဂ္ဂိုလ်သည် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် မပြည့်စုံကြောင်း ခိုင်လုံသည့် သက်သေအထောက်အထားများကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၄ အရ ပူးတွဲ တင်ပြရမည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

About Ygn Editor

Check Also

၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်းကော်မတီတို့၏ စိစစ်လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာများအား လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

  ရန်ကုန်၊ စက်တင်ဘာလ ၁ ရက်၊ ၂၀၂၀ပြည့်နှစ် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဥ္စမနေ့တွင် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ …