ရန်ကုန်၊ ဇွန် လ ၂ ရက်၊ ၂၀၂၀ပြည့်နှစ်
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၂/၂၀၂၀) ပထမနေ့တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ရွေးကောက်ပွဲဥပဒေပုဒ်မ ၃၃ နှင့်အညီ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းထားသော တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဖြစ်သည့် ကြည်း ၂၄၀၃၅ ဗိုလ်မှူး ဝင်းနိုင်အောင် (အစား) ကြည်း ၂၃၀၁၃ ဗိုလ်မှူးကြီး သန့်ဇင်ဦး အား အစားထိုး ပြောင်းလဲကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၇.၅.၂၀၂၀ ရက်နေ့တွင် ကြေညာချက်အမှတ် (၉၂/၂၀၂၀)ဖြင့် ကြေညာခဲ့ပါကြောင်း၊ အဆိုပါ တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ ဥပဒေ အခန်း ၄၊ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ)အရ ယနေ့ကျင်းပသော လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌ၏ ရှေ့မှောက်၌ ကတိသစ္စာပြုပြီး လက်မှတ်ရေးထိုးခဲ့ပါသည်။