Thursday , May 28 2020
Breaking News
Home / ပြန်ကြားရေး / ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်စိစစ်မည့် လွှတ်တော်ရေးရာကော်မတီအသီးသီးရှိ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင်များ တွေ့ဆုံဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်စိစစ်မည့် လွှတ်တော်ရေးရာကော်မတီအသီးသီးရှိ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင်များ တွေ့ဆုံဆွေးနွေး

 

 

ရန်ကုန် ၊ မေလ ၈ ရက် ၊ ၂၀၂၀ ပြည့်နှစ်

၈.၅.၂၀၂၀ ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ Media Corner ၌ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အရအသုံး ခန့်မှန်းခြေငွေစာရင်း (လျာထားချက်) နှင့်စပ်လျဉ်း၍ လွှတ်တော်ရေးရာကော်မတီများနှင့် တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်စိစစ်မည့် လွှတ်တော်ရေးရာကော်မတီအသီးသီးရှိ ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင်များ၊ လွှတ်တော်ရုံးအကြီးအမှူးနှင့် လွှတ်တော်ရုံးကတာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

About Ygn Editor

Check Also

ဥပဒေကြမ်းကော်မတီ ပူးပေါင်းအစည်းအဝေး အမှတ်စဉ်(၁၉/၂၀၂၀)ကျင်းပ

  ရန်ကုန်၊ မေလ ၂၈ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၂၈.၅.၂၀၂၀ ရက်၊ (ကြာသပတေးနေ့)၊ နံနက် (၁၀:၀၀) နာရီအချိန်မှ (၁၂:၀၀)နာရီ …