Friday , April 3 2020
Breaking News
Home / ပြန်ကြားရေး / Coronavirus Disease (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ရန်ပုံငွေ၊ ဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

Coronavirus Disease (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ရန်ပုံငွေ၊ ဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

 

ရန်ကုန်၊ မတ်လ ၂၁ ရက်၊ ၂၀၂၀ပြည့်နှစ်

၂၁.၃.၂၀၂၀ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ဗဟန်းမြို့နယ်၊ ကျိုက္ကဆံကွင်းရှိ၊ ပြည်ထောင်စုခန်းမ၌ Coronavirus Disease (COVID-19) ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ရန်ပုံငွေ၊ ဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုး၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

About Ygn Editor

Check Also

ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအား ပြန်လည်သုံးသပ်သည့်အစည်းအဝေးကျင်းပ

  ရန်ကုန် ၊ မတ်လ ၂၃ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၂၃.၃.၂၀၂၀ ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် …