Friday , April 3 2020
Breaking News
Home / ကော်မတီ/ကော်မရှင်များ၏ သတင်းများး / ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်စိစစ်ညှိနှိုင်း အစည်းအဝေးကျင်းပ

၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်စိစစ်ညှိနှိုင်း အစည်းအဝေးကျင်းပ

 


ရန်ကုန် ၊ မေ လ ၂၃ ရက် ၊ ၂၀၂၀ ပြည့်နှစ်

၂၃.၃.၂၀၂၀(တင်္နလာနေ့)၊ နေ့လယ် (၁၃:၀၀)နာရီမှ (၁၅:၃၀)နာရီအထိ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီရုံးခန်းတွင် ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ်အတွက် ရန်ပုံငွေတောင်းခံထားသည့် ဌာနဆိုင်ရာများနှင့် ဘတ်ဂျက်စိစစ်ညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်၊ ဒုတိယဥက္ကဋ္ဌဦးတင်ဝင်း၊ အတွင်းရေးမှူး ဒေါ်သက်ထားနွယ်ဝင်းနှင့်အဖွဲ့ဝင်များ၊ ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ်အတွက် ရန်ပုံငွေတောင်းခံထားသည့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ သတ္တုတွင်းဦးစီးဌာန(ဆားလုပ်ငန်းဌာနခွဲ)၊ သမဝါယမဦးစီးဌာနနှင့်ဗဟိုစာရင်းအင်းအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

About Ygn Editor

Check Also

၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်စိစစ်ညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန် ၊ မတ် လ ၂၄ ရက် ၊ ၂၀၂၀ ပြည့်နှစ်   ၂၄.၃.၂၀၂၀(အင်္ဂါနေ့) ၊ နေ့လယ် (၁၃:၀၀)နာရီမှ (၁၅:၃၀)နာရီအထိ …