Friday , April 3 2020
Breaking News
Home / ပြန်ကြားရေး / ဥပဒေကြမ်းကော်မတီ ပူးပေါင်းအစည်းအဝေး အမှတ်စဉ်(၁၇/၂၀၂၀)အားကျင်းပပြုလုပ်

ဥပဒေကြမ်းကော်မတီ ပူးပေါင်းအစည်းအဝေး အမှတ်စဉ်(၁၇/၂၀၂၀)အားကျင်းပပြုလုပ်

 

 

ရန်ကုန်၊ မတ်လ ၁၈ ရက် ၊ ၂၀၂၀ ပြည့်နှစ်

၁၈.၃.၂၀၂၀ ရက်၊ (ဗုဒ္ဓဟူးနေ့)၊ နံနက် (၁၀:၀၀) နာရီအချိန်မှ (၁၂:၀၀)နာရီ အချိန်အထိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး ပုလဲခန်းမ၌ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ (၂၀၁၈ ခုနှစ်) ပြဋ္ဌာန်းချက်ပါ ပုဒ်မအချို့အား ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ အစည်းအဝေး ကျင်းပခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့် ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်း၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးသိန်းမြင့်၊ အတွင်းရေးမှူး ဦးဝင်းမောင်(ခ) ဦးဦးဝင်းမောင်နှင့်ကော်မတီအဖွဲ့ဝင်များ ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။

About Ygn Editor

Check Also

ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအား ပြန်လည်သုံးသပ်သည့်အစည်းအဝေးကျင်းပ

  ရန်ကုန် ၊ မတ်လ ၂၃ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၂၃.၃.၂၀၂၀ ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် …