Friday , April 3 2020
Breaking News
Home / ပြန်ကြားရေး / ဒေါပုံမြို့နယ် ယမုံနာ လူကူးခုံးကျော်တံတား ဖွင့်ပွဲအခမ်းအနားကျင်းပ

ဒေါပုံမြို့နယ် ယမုံနာ လူကူးခုံးကျော်တံတား ဖွင့်ပွဲအခမ်းအနားကျင်းပ

 

 

ရန်ကုန် ၊ မတ် လ ၅ ရက် ၊ ၂၀၂၀ ပြည့်နှစ်

၅.၃.၂၀၂၀ရက်နေ့ မွန်းလွဲ (၁၄:၀၀) နာရီအချိန်တွင် ဒေါပုံမြို့နယ်၊ ယမုံနာလမ်း၌ လူကူးခုံးကျော်တံတား ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စု‌ရှေ့နေချုပ်ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်ဦးလှအေး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုး၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်ခင်မျိုးကြည်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

About Ygn Editor

Check Also

ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအား ပြန်လည်သုံးသပ်သည့်အစည်းအဝေးကျင်းပ

  ရန်ကုန် ၊ မတ်လ ၂၃ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၂၃.၃.၂၀၂၀ ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် …