ရန်ကုန် ၊ ဖေဖေါ်ဝါရီလ ၂၇ ရက် ၊ ၂၀၂၀
၂၇.၂.၂၀၂၀ ရက်နေ့ နံနက် (၁၁:၃၀) နာရီအချိန်တွင် လွှတ်တော်ရုံးအရာထမ်းအိမ်ရာ (၄)ခန်းတွဲ (၄)ထပ် ၊ အိပ်ခန်း(၃)ခန်းပါ သံကူကွန်ကရစ်(၁)လုံး ဆောက်လုပ်ခြင်း သဘောတူစာချုပ် ချုပ်ဆိုခြင်း အခမ်းအနား အား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၊ ဥက္ကဋ္ဌ ရုံးခန်း၌ ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း ၊ တင်ဒါ ကြီးကြပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးသာအောင်၊ လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့် တင်ဒါအောင် ကုမ္ပဏီ Mya Thet Tin Construction Co.,ltd တို့တက်ရောက်ခဲ့ပါသည်။