Tuesday , July 14 2020
Breaking News
Home / မေးခွန်းများ / လှိုင်မြို့နယ်အတွင်းဖွင့်လှစ်ထားသော ယာဉ်ရောင်းဝယ်ရေးစခန်းအား သင့်တော်သောနေရာများသို့ ပြောင်းရွှေ့ရန် အစီအစဉ် ရှိ/မရှိ မေးမြန်း

လှိုင်မြို့နယ်အတွင်းဖွင့်လှစ်ထားသော ယာဉ်ရောင်းဝယ်ရေးစခန်းအား သင့်တော်သောနေရာများသို့ ပြောင်းရွှေ့ရန် အစီအစဉ် ရှိ/မရှိ မေးမြန်း

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၄ ရက်၊ ၂၀၂၀ပြည့်နှစ်

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၀)တတိယနေ့တွင် လှိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက “လှိုင်မြို့နယ်အတွင်းဖွင့်လှစ်ထားသော ယာဉ်ရောင်းဝယ်ရေးစခန်းအား သင့်တော်သောနေရာများသို့ ပြောင်းရွှေ့ရန် အစီအစဉ် ရှိ/မရှိ ၊ပြောင်းရွှေ့မည်ဆိုပါက မည်သည့်အချိန်တွင် ပြောင်းရွှေ့မည်၊ ပြောင်းရွှေ့ရန်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို” မေးမြန်းရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက “ ယာဉ်ရောင်းဝယ်ရေးစခန်းများဖြစ်သည့် ဗိုလ်တထောင်၊ ယမုံနာ၊ ဟံသာဝတီယာဉ် ရောင်းဝယ်ရေးစခန်းများကို ၁၉၉၀ ပြည့်နှစ် မေလ ၁၄ ရက်နေ့တွင် ပြဋ္ဌာန်းသည့် နိုင်ငံတော်ငြိမ်ဝပ် ပိပြားမှုတည်ဆောက်ရေး ဥပဒေအမှတ် ၁၁/၉၀ ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေပုဒ်မ (၃၃) ပုဒ်မခွဲ (ခ)အရ ထုတ်ပြန်သည့် အမိန့်အမှတ် ၄/၉၆ အရ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ၁၉၉၆ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သည့် ဟံသာဝတီယာဉ် ရောင်းဝယ်ရေး စခန်းအား မြို့ပြဖွံ့ဖြိုးမှုကို အထောက်အကူပြုစေမည့် အဆင့်မြင့် စီမံကိန်းအဖြစ် ဆောင်ရွက်သဖြင့် ယာဉ်ရောင်းဝယ်ရေးလုပ်ငန်းများကို သိရီမင်္ဂလာဈေး မြေညီထပ်တွင် သီရိမင်္ဂလာယာဉ်ရောင်းဝယ်ရေးစခန်းနှင့် လှိုင်မြို့နယ်အတွင်းယခုဖွင့်လှစ်ထားသော လှိုင်ယာဉ် ရောင်းဝယ်ရေး စခန်းကို နေရာအစားထိုး ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး ဥပဒေအမှတ် ၁၁/၉၀၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကို ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့က ဖျက်သိမ်းပြီးဖြစ်သည့်အပြင် ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် ပြဌာန်းသည့် ၂၀၁၅ ခုနှစ် ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၅၅ ၊ မော်တော်ယာဉ်ဥပဒေအခန်း (၈)၊ ပုဒ်မ ၄၄ အရ မော်တော်ယာဉ် ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ တည်ဆောက်တပ်ဆင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ စစ်ဆေးခြင်းနှင့် စည်းကမ်းချက်များ သတ်မှတ်ခြင်းသည် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၏ လုပ်ပိုင်ခွင့်ဖြစ်ပြီး၊အဆိုပါ ဥပဒေအခန်း(၉)တားမြစ်ချက်များ ပုဒ်မ ၅၀ ၊ ပုဒ်မခွဲ (က)တွင် မည်သူမျှ လုပ်ငန်းလိုင်စင် မရှိဘဲ မော်တော်ယာဉ်ထုတ်လုပ်ခြင်းလုပ်ငန်း (သို့မဟုတ်) ရောင်းချခြင်းလုပ်ငန်း (သို့မဟုတ်) တည်ဆောက်တပ်ဆင်ခြင်းလုပ်ငန်းကို မပြုရဟု ဖော်ပြပါရှိပါကြောင်း၊ သီရိမင်္ဂလာဈေး အဆောက်အအုံကို အန္တရာယ်ရှိအဆောက်အအုံအဖြစ် သတ်မှတ်သဖြင့် ၁၇.၈.၂၀၁၇ ရက်နေ့မှ စတင်ပိတ်သိမ်းခဲ့စဉ်ကလည်း နေရာအစားထိုး သတ်မှတ်ပေးခဲ့ခြင်းမရှိဘဲ ယာဉ်ရပ်နားရပ်ရန်အခက်အခဲရှိက လှိုင်ယာဉ်ရောင်းဝယ်ရေး စခန်းတွင် လည်းကောင်း၊ သံသုမာယာဉ်ရောင်းဝယ်ရေးစခန်းတွင်လည်းကောင်း၊ အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နား စခန်းနှင့်အမှတ်(၃) လမ်းကြားရှိ ယာဉ်ရပ်နားကွင်း(၃)တွင်လည်းကောင်း နေရာလစ်လပ်မှု အပေါ်မူတည်၍ ရပ်နား နိုင်ပါကြောင်း သာ ကြေညာခဲ့ပါကြောင်း၊ ယခုဖွင့်လှစ်ထားသည့် လှိုင်မြို့နယ်အတွင်းရှိ ယာဉ်ရောင်းဝယ်ရေး စခန်းသည် ယခင်ကအစားထိုးဖွင့်လှစ်ထားခဲ့သည့် နေရာဖြစ်ပါကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေနေရာများတွင် ယခုကဲ့သို့ နေရာအကျယ်အဝန်းမျိုး မရှိခြင်း၊ မော်တော်ယာဉ် ဥပဒေအရေ ယာဉ်ရောင်းဝယ်ရေးသည် ပြည်ထောင်စုအစိုးရ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတို့၏ လုပ်ပိုင်ခွင့်ဖြစ်ခြင်း၊ အခြားမော်တော်ယာဉ် လုပ်ငန်းရှင် များသည် နိုင်ငံတော်ပေးဆောင်မည့် အခွန်အခများ ပေးဆောင်၍ Show Room များဖွင့်လှစ် ဆောင်ရွက်နေပြီဖြစ်ခြင်းကြောင့် အခြားနေရာသို့ ပြောင်းရွှေ့ရန် အစီအစဉ်မရှိပါကြောင်း ” ပြန်လည်ဖြေကြား ခဲ့ပါသည်။

About Ygn Editor

Check Also

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကလေး တောင်ပိုင်းရပ်ကွက်ရှိ ရေမြောင်းကြီး၏ မြေထိန်းနံရံနှင့် အုတ်ဘောင်များအား ပြုပြင်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ၊ ၉၁ လမ်းထိပ်နှင့် ဗိုလ်မင်းရောင်လမ်းအား ဆက်သွယ် ထားသော လမ်းကြားအား ပိတ်ပင်ထားခြင်းကို ပြန်လည်ဖွင့်ပေးရန် အစီအစဉ် ရှိ/မရှိမေးမြန်း

  ရန်ကုန်၊ ဇွန်လ ၅ ရက်၊ ၂၀၂၀ပြည့်နှစ်                                                                            ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၂၀) စတုတ္ထနေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက …