Friday , April 3 2020
Breaking News
Home / မေးခွန်းများ / ရန်ကုန်တိုင်းဒေသကြီးအတွင်း စားသုံးဆီများ ဖြန့်ဖြူးရောင်းချရာတွင် ကျန်းမာရေးရှုထောင့်အရ အရည်အသွေးများ စစ်ဆေးဆောင်ရွက်မှု ရှိ/မရှိ လမ်းဘေးအကြော်ဆိုင်များတွင် ရောင်းချသော အကြော်များတွင် မွှေးကြိုင်သည့်အနံ့များ ပါဝင်နေခြင်းမှာ မသန့်ရှင်းသော အဆီများအား အမွှေးအနံ့ အသက်ထည့်၍ ပြုပြင်ရောင်းချသည်ဟု သံသယရှိနေကြသဖြင့် စစ်ဆေးဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက် သွားနိုင်ခြင်း အစီအစဉ် ရှိ/မရှိကို မေးမြန်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း စားသုံးဆီများ ဖြန့်ဖြူးရောင်းချရာတွင် ကျန်းမာရေးရှုထောင့်အရ အရည်အသွေးများ စစ်ဆေးဆောင်ရွက်မှု ရှိ/မရှိ လမ်းဘေးအကြော်ဆိုင်များတွင် ရောင်းချသော အကြော်များတွင် မွှေးကြိုင်သည့်အနံ့များ ပါဝင်နေခြင်းမှာ မသန့်ရှင်းသော အဆီများအား အမွှေးအနံ့ အသက်ထည့်၍ ပြုပြင်ရောင်းချသည်ဟု သံသယရှိနေကြသဖြင့် စစ်ဆေးဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက် သွားနိုင်ခြင်း အစီအစဉ် ရှိ/မရှိကို မေးမြန်း

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၅ ရက်၊ ၂၀၂၀ပြည့်နှစ်

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၀) စတုတ္ထနေ့တွင် မရမ်းကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက “ ရန်ကုန်တိုင်းဒေသကြီးအတွင်း စားသုံးဆီများဖြန့်ဖြူးရောင်းချရာတွင် ကျန်းမာရေးရှုထောင့်အရ အရည်အသွေး များ စစ်ဆေးဆောင်ရွက်မှုရှိပါသလား၊ လမ်းဘေးအကြော်ဆိုင်များတွင် ကြော်လှော်ရောင်းချသော အကြော်များတွင် မွှေးကြိုင်သည့်အနံ့များ ပါဝင်နေခြင်းမှာ မသန့်ရှင်းသောအဆီများအား အမွှေးအနံ့အသက် ထည့်၍ ပြုပြင်ရောင်းချသည်ဟု သံသယရှိနေကြသဖြင့် ယင်းကဲ့သို့ ဆီများအား စစ်ဆေးဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်သွားနိုင်ခြင်း အစီအစဉ် ရှိ/မရှိကို ” မေးမြန်းရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက “ရန်ကုန်တိုင်းဒေသကြီးအတွင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့‌ကျန်းမာရေးနှင့် ဈေးများလုပ်ငန်းတာဝန်ခံအဖွဲ့၊ ကျန်းမာရေးဌာနအနေဖြင့် စီမံရေးရာဌာနနှင့် ပူးပေါင်းပြီး လိုင်စင်ထုတ်ပေး ထားသော စားသောက်ဆိုင်များအတွင် သုံးစွဲနေသောဆီများကိုနမူနာယူ၍ စားသုံးရန်သင့်၊ မသင့်ကို ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခန်းတွင် စစ်ဆေးဆောင်ရွက်လျှက်ရှိပြီး စံချိန်စံညွှန်း မကိုက်ညီပါက စားသောက်ဆိုင်ပိုင်ရှင်ကို ခေါ်ယူပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ထောက်ခံချက် အမှတ်ပါရှိသော ဆီများကိုသာသုံးစွဲရန် ပညာပေးဆောင်ရွက်လျှက်ရှိပါကြောင်း၊ သုံးစွဲရန်မသင့်သောဆီများ ကိုလည်း သိမ်းဆည်းပါကြောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန FDA(ရန်ကုန်ရုံးခွဲ)မှ ဦးစီး၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးနှင့် ဈေးများ လုပ်ငန်းတာဝန်ခံအဖွဲ့၊ ကျန်းမာရေးဌာနအပါအဝင် နှီးနွယ်ဌာနများနှင့်အတူ စည်ပင်သာယာပိုင် ဈေးများနှင့်ပွဲရုံများသို့ ရှောင်တခင် ကွင်းဆင်းစစ်ဆေးပြီး ရောင်းချလျှက်ရှိသော ဆီများကိုဈေးကွက်နမူနာယူ၍ FDA မှ ဓာတ်ခွဲစစ်ဆေးရာတွင် စားသုံးရန်မသင့်ကြောင်းတွေ့ရှိ၍ အကြောင်းကြားလာပါက ပွဲရုံသာယာရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၊ ဈေးများဌာန၊ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲမှုကော်မတီတို့ ပူးပေါင်း၍ ဖျက်ဆီး ဆောင်ရွက်ပါကြောင်း၊ စားသုံးဆီသိုလှောင်ရုံများကို စစ်ဆေးရာတွင် စားသုံးဆီများ သိမ်းဆည်း ထားသည်ကို တွေ့ရှိရပါက နေရောင်ခြည်တိုက်ရိုက်ထိတွေ့မှုမရှိစေဘဲ၊ တံဆိပ်ပေါ်တွင် ဖော်ပြထားသော သတ်မှတ်အပူချိန် အတိုင်း စနစ်တကျသိမ်းဆည်းသိုလှောင်ရန် သတ်မှတ်အရည်အသွေး ကိုက်ညီမှုရှိ/မရှိ၊ လုပ်ငန်းလုပ်ပိုင်ခွင့် ရရှိထားသော (Franchised) ဆိုင်များနှင့် ကိုယ်ပိုင်ဈေးများသို့ ကွင်းဆင်းစစ်ဆေးရာတွင် အသုံးပြုရောင်းချ နေသော ဆီများကို သွင်းကုန်လိုင်စင် လျှောက်ထားရန် ထောက်ခံချက် IR (Import Recommendation) နှင့် FDA ထောက်ခံချက်အမှတ် အထူးသဖြင့် IHC (Import Health Certificate) ရရှိထားသော စားသုံးဆီများ ဖြစ်ရန် လိုအပ်ကြောင်းနှင့် လုပ်ငန်းဆောင်ရွက်သည့်နေရာတွင် FDA ထောက်ခံချက် မိတ္တူများထားရှိရန် အသိပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ကျန်းမာရေးဌာနရှိ ဓာတ်ခွဲခန်းသည် အခြေခံ(သာမန်)ဓာတ်ခွဲခန်းသာဖြစ်ခြင်း၊ ကျွမ်းကျင်ပညာရှင်များ၊ ခေတ်မီစမ်းသပ် ကိရိယာများ မရှိခြင်းတို့ကြောင့် လမ်းဘေးအကြော်ဆိုင်များတွင် အသုံးပြုနေသောဆီများကို ဓာတ်ခွဲစစ်ဆေးမှု ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း စားသုံးဆီများ ဖြန့်ဖြူးရောင်းချ ခြင်းများကို ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိ မြို့နယ်စည်ပင်သာယာရေး အဖွဲ့များသည် အစားအသောက်နှင့် ဆေးဝါးများကို စစ်ဆေးနိုင်သော ကျွမ်းကျင်ပညာရှင် များလည်းမရှိပါကြောင်း၊ သံသယရှိသည်များကို နမူနာယူပြီး သက်ဆိုင်ရာဌာနများကို စမ်းသပ်ခိုင်းရပါကြောင်း၊ ထို့အတူစမ်းသပ်ကိရိယာများဝယ်ယူသုံးစွဲနိုင်ခြင်းလည်းမရှိသေးပါကြောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အနေဖြင့် အစားအသောက်များကို ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ ကွင်းဆင်းစစ်ဆေးသည့်အခါ ပူးပေါင်းစစ်ဆေးဆောင်ရွက်ပါကြောင်း၊ စားသုံးဆီနှင့်ပတ်သက်၍ အန္တရာယ် ရှိသည့်ဆီကို စားသုံးခြင်းမပြုရန် ပညာပေးသည့်အခါ ရောင်းချသူများကို အရေးယူပြီး တစ်ဖက်မှာလည်း စားသုံးမှုဓလေ့ကို ပြောင်းလဲရမှာဖြစ်ပါကြောင်း၊ ချက်ခြင်းပြောင်းလဲနိုင်ခြင်းမရှိ၍ ပညာပေးကာလ ဆောင်ရွက်နေပါကြောင်း၊ ရောင်းချသူများကိုလည်း ကြပ်ကြပ်မတ်မတ်ကွပ်ကဲ၍ သံသယရှိပါက သက်ဆိုင်ရာကျန်းမာရေးဌာနသို့ ပေးပို့ရမည်ဖြစ်ပါကြောင်း” ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်စပ်မေးခွန်း အနေဖြင့် စားသုံးဆီ မသန့်ရှင်းမှုကြောင့် ဖြစ်ပွားသော ရောဂါများအား ကာကွယ်တားဆီးနိုင်ရန် လမ်းဘေးဆိုင်များတွင် သုံးစွဲနေသော စားသုံးဆီများအား စစ်ဆေးပေးနိုင်ရေးအတွက် ဝန်ထမ်းအပါအဝင် လိုအပ်ချက်များ ဖြည့်ဆည်း၍ အလေးထားဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ မေးမြန်းရာ ဝန်ကြီးက စီမံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

About Ygn Editor

Check Also

ယနေ့လေလွင့်ကလေးငယ်များအပါအဝင် ကျောင်းသား/ကျောင်းသူအချို့ပါ သုံးစွဲဆောင်ရွက်နေသည့် အရပ် အခေါ် ကော်ရှူခြင်းကိစ္စရပ်နှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေများ မထုတ်ပြန်မီကာလအတွင်း လူ့စွမ်းအား အရင်းအမြစ်များ ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးအရအဖွဲ့က မည်ကဲ့သို့စီမံ လုပ်ဆောင်ပေးနိုင်မည်ကို မေးမြန်း

  ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၆ ရက်၊ ၂၀၂၀ပြည့်နှစ်                                                                            ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၀) ပဉ္စမနေ့တွင် အလုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်းက “ …