Friday , April 3 2020
Breaking News
Home / မေးခွန်းများ / ပြည်သူ့ရင်ပြင်ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက စီမံခန့်ခွဲနေသော နက္ခတ်တာရာပြခန်းကို အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်း

ပြည်သူ့ရင်ပြင်ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက စီမံခန့်ခွဲနေသော နက္ခတ်တာရာပြခန်းကို အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်း

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၅ ရက်၊ ၂၀၂၀ပြည့်နှစ်

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၀)စတုတ္ထနေ့တွင် လသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်က “ ပြည်သူ့ရင်ပြင်ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက စီမံခန့်ခွဲနေသော နက္ခတ်တာရာပြခန်းကို အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ ” မေးမြန်းရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက “ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်း တည်ရှိသော နက္ခတ်တာရာ ပြခန်းမှာ အများပြည်သူ၊ ကျောင်းသား၊ ကျောင်းသူများနှင့် နိုင်ငံခြားသားများလေ့လာကြည့်ရှုနိုင်ရေးအတွက် စီစဉ်ထားရှိသော နေရာတစ်ခုဖြစ်ပြီး စတင်ဖွင့်လှစ်သည့် အချိန်မှစ၍ ယနေ့တိုင် နှစ်ပေါင်း (၃၃) နှစ် ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပါကြောင်း၊ အဆိုပါ နက္ခတ်တာရာ ပြခန်းအား မြန်မာ – ဂျပန် ချစ်ကြည်ရေးအထိမ်းအမှတ် အနေဖြင့် ၁.၂.၁၉၈၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ပထမဦးစွာ တာဝန်ယူထိန်းသိမ်းပြသခဲ့သည့် ဌာနမှာ ကျန်းမာရေးဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနဖြစ်ပါကြောင်း၊ ၁.၃.၁၉၈၈ ရက်နေ့တွင် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့်စာကြည့်တိုက်ဦးစီးဌာနက လွှဲပြောင်းတာဝန်ယူခဲ့ပြီးနောက် ၃.၂.၂၀၀၉ ရက်နေ့မှ စတင်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနက ဆက်လက်တာဝန်ယူပြသဆောင်ရွက်ခဲ့ရာ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန အနေဖြင့် ယနေ့တိုင်(၁၁) နှစ်ကျော် တာဝန်ယူ ထိန်းသိမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ လက်ရှိတာဝန်ယူထိန်းသိမ်း ဆောင်ရွက်လျက်ရှိသည့် ပြစက်များမှာ အသုံးပြုပြသခဲ့သည့် အချိန်ကြာမြင့်လာပြီ ဖြစ်ပါသဖြင့် စက်ချို့ယွင်းမှုများအရ ပြကွက်များစုံလင်စွာ ပြသနိုင်မှုမရှိတော့ခြင်း၊ စက်အပိုပစ္စည်းများ ရှားပါးခြင်းတို့ကြောင့် ကျွမ်းကျင်သော အင်ဂျင်နီယာများဖြင့် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ သက်တမ်းလွန် စက်များအတွက် ပြုပြင်ထိန်းသိမ်းရန် အခက်အခဲများ တွေ့ရှိရပါသောကြောင့် မူလအလှူရှင်ဂျပန်နိုင်ငံ (JICA) နှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ခဲ့ရာ ၂၇.၁၁.၂၀၁၈ ရက်နေ့၌ ဂျပန်နိုင်ငံ ဖူကူအိုကာတာမြို့တော်ဝန်က ပြစက်များ ချို့ယွင်းမှုနှင့်ပတ်သက်၍ ခေတ်နှင့်အညီ ပြသနိုင်သည့် ပြစက်အသစ်များရရှိရေး အတွက် အကူအညီပေးရေးအား ညှိနှိုင်းအတည်ပြုပြီး ပြန်ကြားပေးမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နက္ခတ်တာရာပြခန်းအား ခေတ်နှင့်အညီ ပြသနိုင်ရေး၊ ပြစက်အသစ်များ ရရှိရေး၊ ကော်မတီအနေဖြင့် (JICA) ယဉ်ကျေးမှုအထောက်အကူပြုဘတ်ဂျက်တွင်လျာထားသုံးစွဲနိုင်ရေးတို့အတွက် ဂျပန်သံရုံးနှင့် JICA သို့ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်နေလျက်ရှိပါကြောင်း” ပြန်လည်ဖြေကြားခဲ့ပါသည်။

About Ygn Editor

Check Also

ယနေ့လေလွင့်ကလေးငယ်များအပါအဝင် ကျောင်းသား/ကျောင်းသူအချို့ပါ သုံးစွဲဆောင်ရွက်နေသည့် အရပ် အခေါ် ကော်ရှူခြင်းကိစ္စရပ်နှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေများ မထုတ်ပြန်မီကာလအတွင်း လူ့စွမ်းအား အရင်းအမြစ်များ ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးအရအဖွဲ့က မည်ကဲ့သို့စီမံ လုပ်ဆောင်ပေးနိုင်မည်ကို မေးမြန်း

  ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၆ ရက်၊ ၂၀၂၀ပြည့်နှစ်                                                                            ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၀) ပဉ္စမနေ့တွင် အလုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်းက “ …