Tuesday , July 14 2020
Breaking News
Home / မေးခွန်းများ / ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၈၈)ရပ်ကွက်၊ ငွေဇင်ယော်လမ်းမကြီးနှင့် သုခိတာလမ်းမကြီးဆုံရာ လမ်းထောင့်တွင် မြို့တော်အင်္ဂါရပ်နှင့်အညီ အဆင့်မီဈေးတည်ဆောက်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ မေးမြန်း

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၈၈)ရပ်ကွက်၊ ငွေဇင်ယော်လမ်းမကြီးနှင့် သုခိတာလမ်းမကြီးဆုံရာ လမ်းထောင့်တွင် မြို့တော်အင်္ဂါရပ်နှင့်အညီ အဆင့်မီဈေးတည်ဆောက်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ မေးမြန်း

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၅ ရက်၊ ၂၀၂၀ပြည့်နှစ်

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၀) စတုတ္ထနေ့တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇင်မင်းထွေးက “ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၈၈)ရပ်ကွက်၊ ငွေဇင်ယော်လမ်းမကြီးနှင့် သုခိတာ လမ်းမကြီးဆုံရာ လမ်းထောင့်တွင် မြို့တော်အင်္ဂါရပ်နှင့်အညီ အဆင့်မီဈေးတည်ဆောက်ပေးနိုင်ပါရန် အစီအစဉ် ရှိ/ မရှိ ” မေးမြန်းရာ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက “ တင်ပြလာသော မြေနေရာသည် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ မြေတိုင်းရပ်ကွက် (၈၈) ၊ ငွေဇင်ယော်လမ်းမကြီးနှင့် သုခိတာလမ်းမကြီးထောင့်ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေနေရာဖြစ်ပါကြောင်း၊ အဆိုပါမြေနေရာသည် ၁၄.၈.၂၀၁၉ ရက်နေ့တွင် ကျင်းပသော ကော်မတီဝင်များ၏ အစည်းအဝေးမှတ်တမ်း (၂၃/၂၀၁၉)၊ ကောက်နုတ်ချက်အပိုဒ် (က/၂၁၉)ဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ (၂၀၁၈)၊ အခန်း(၉)၊ မြေများစီမံခန့်ခွဲခြင်း အပိုဒ် (၃၈) ၊ အပိုဒ်ခွဲ (က)အရ ကော်မတီပိုင်မြေ၊ ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ ၊ တည်ဆဲဥပဒေများနှင့်အညီ သိမ်းယူထားသောမြေ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများက လွှဲပြောင်းရယူထားသောမြေ၊ ပုဂ္ဂလိကပိုင်မြေနှင့် မြေငှားစာချုပ်၊လိုင်စင်၊ ပါမစ်တစ်ခုခုဖြင့် ပုဂ္ဂလိကအား နေထိုင်အသုံးပြုခွင့်ပေးထားသော မြေများကို ဥပဒေနှင့်အညီ စီမံခန့်ခွဲပိုင်ခွင့်ရှိသည်ဆိုသည့် ပြဌာန်း ချက်များနှင့်အညီ လျှောက်ထားခြင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် အထက်ဌာနများမှ မြေနေရာချထား /ရောင်းချပေးရန် ညွှန်ကြားလာပါက ဆောင်ရွက်နိုင်ရန်အတွက် (၄၀ x ၆၀ ) ပေရှိ မြေကွက် (၄၀)ကွက်၊ (၅၅ x ၆၀ )ပေရှိ မြေကွက် (၂)ကွက်၊ (၄၆ x ၆၀ )ပေရှိ မြေကွက် (၃)ကွက်၊ (၆၀ x ၆၀) ပေရှိ မြေကွက် (၂)ကွက်၊ ပုံသဏ္ဍာန်မမှန်သော မြေကွက်(၁)ကွက် စုစုပေါင်းမြေကွက်(၄၈)ကွက် ဖော်ထုတ်ထားသော မြေနေရာဖြစ်ပါကြောင်း၊ ပုံသဏ္ဍာန်မမှန်မြေကွက်အမှတ်(၁၅၃၈)သည် မြို့မြေစာရင်းတွင် အမည်ပေါက် World Vision ခေတ်သစ်လူထု အခြေပြု ဖွံ့ဖြိုးရေးအဖွဲ့အမည်ဖြင့် (၁)နှစ် ယာယီလိုင်စင်မြေ အသုံးပြုခွင့်ချထားပေးပြီးသော မြေနေရာဖြစ်ပါကြောင်း၊ အဆိုပြုလာသည့်မြေနေရာနှင့် ပေ (၂၅၀၀) ခန့် အကွာတွင် ဈေးများဌာန ကွပ်ကဲမှုအောက်တွင်ရှိသော အမှတ်(၈၈)ဈေး ဖွင့်လှစ်ထားပြီး လက်ရှိအခြေ အနေတွင် စည်ကားမှုမရှိပါကြောင်း၊ အမှတ် (၈၈) ဈေးကိုလည်း မြှင့်တင်ပေးရန် စီစဉ်ထားသည့် အတွက် အဆိုပြုသည့် မြေနေရာတွင် အဆင့်မှီဈေး တည်ဆောက်ပေးရန် မသင့်ပါကြောင်း ” ပြန်လည်ဖြေကြားခဲ့ပါသည်။

About Ygn Editor

Check Also

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကလေး တောင်ပိုင်းရပ်ကွက်ရှိ ရေမြောင်းကြီး၏ မြေထိန်းနံရံနှင့် အုတ်ဘောင်များအား ပြုပြင်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ၊ ၉၁ လမ်းထိပ်နှင့် ဗိုလ်မင်းရောင်လမ်းအား ဆက်သွယ် ထားသော လမ်းကြားအား ပိတ်ပင်ထားခြင်းကို ပြန်လည်ဖွင့်ပေးရန် အစီအစဉ် ရှိ/မရှိမေးမြန်း

  ရန်ကုန်၊ ဇွန်လ ၅ ရက်၊ ၂၀၂၀ပြည့်နှစ်                                                                            ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၂၀) စတုတ္ထနေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက …